စီရော်နယ်လ်ဒိုနာမည်နဲ့နံပါတ်(၇)ဂျာစီတွေ နာရီပိုင်းအတွင်းမှာပဲ စံချိန်တင်ရောင်းချခဲ့ရ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မန်ချက်စတာယူနိုက်တက်အသင်းဟာ သူတို့ရဲ့နာမည်ကျော်ကစားသမားစီရော်နယ်လ်ဒို ကျောနံပါတ်(၇)ဝတ်ဆင်မယ်လို့အတည်ပြုခဲ့ပြီးတဲ့နောက် စီရော်နယ်လ်ဒိုနာမည်နဲ့နံပါတ်(၇)ဂျာစီတွေကို စတင်ရောင်းချခဲ့ပြီး နာရီပိုင်းအတွင်းမှာပဲ စံချိန်တင်သွားတဲ့အထိရောင်းချခဲ့ရပါတယ်။

ယူနိုက်တက်ပရိသတ်တွေဟာ စီရော်နယ်လ်ဒိုဂျာစီကို ဝယ်ယူဖို့အတွက် အိုးလ်ထရက်ဖို့ဒ်ကွင်းပြင်ပမှာစောင့်ဆိုင်းခဲ့ရပြီး မြောက်အမေရိကမှာရှိတဲ့ ယူနိုက်တက်အသင်းရဲ့အွန်လိုင်းစတိုးမှာ တစ်နေ့တည်းဂျာစီရောင်းချရမှုအရေအတွက်က စံချိန်တင်နိုင်ခဲ့ပါတယ်။

မြောက်အမေရိကမှာရှိတဲ့ ယူနိုက်တက်အသင်းအွန်လိုင်းစတိုးက Fanatics အွန်လိုင်းကုမ္ပဏီနဲ့ လက်တွဲထားတာဖြစ်ပြီး Fanatics ကုမ္ပဏီဟာ ကမ္ဘာတစ်ဝန်းက,ကလပ်အသင်းပေါင်း(၃၀၀)အပြင် ထိပ်တန်းလိဂ်ပြိုင်ပွဲကလပ်အသင်းတွေနဲ့ အတူလက်တွဲထားတဲ့ ကုမ္ပဏီလည်းဖြစ်ပါတယ်။

အဲဒီအွန်လိုင်းစတိုးမှာ စီရော်နယ်လ်ဒိုရဲ့နံပါတ်(၇)ဂျာစီကို တစ်နာရီအတွင်းဝယ်လိုအားက အရင်(၂၄)နာရီအတွင်း ယူနိုက်တက်ဂျာစီတွေဝယ်ယူမှုအများဆုံးစံချိန်ကို ချိုးဖျက်နိုင်ခဲ့တာဖြစ်ပြီး

ကလပ်အသင်းတစ်သင်းကို ပြောင်းရွှေ့ခဲ့တဲ့ကစားသမားသစ်တွေထဲမှာ (၂၄)နာရီအတွင်း ဂျာစီရောင်းချရမှုအများဆုံးကစားသမားအဖြစ် စီရော်နယ်လ်ဒိုက စံချိန်တင်ခဲ့တယ်လို့ Fanatics ကုမ္ပဏီကထုတ်ပြန်ခဲ့ပါတယ်။

စီရော်နယ်လ်ဒိုရဲ့ဂျာစီရောင်းအားက PSG ကို မက်ဆီရောက်ရှိခဲ့ချိန်မှာ ဂျာစီရောင်းချရမှုအရေအတွက်ကို ကေျာ်ဖြတ်နိုင်ခဲ့သလို ဖီလ်ဒယ်လ်ဖီးယားကို ပြောင်းရွှေ့ခဲ့တဲ့ နာမည်ကျော်ဘေ့စ်ဘောကစားသမား ဘရိုက်စ်ဟာပါ၊

NFL က Tampa Bay Buccaneers အသင်းဆီရောက်ရှိခဲ့တဲ့ ရပ်ဘီကစားသမားတွမ်ဘရာဒီ၊ LA Lakers အသင်းကို နာမည်ကျော်ဘက်စကတ်ဘောကစားသမားလီဘရွန်ဂျိမ်းစ်ပြောင်းရွှေ့ခဲ့တုန်းက ရောင်းချခဲ့ရတဲ့ဂျာစီတွေအားလုံးထက် သာလွန်ခဲ့တာပါ။

ဗြိတိန်မှာရှိတဲ့ ယူနိုက်တက်ပရိသတ်တွေကတော့ အသင်းရဲ့တရားဝင်ဆိုင်ကနေ ဝယ်ယူအားပေးဖို့အတွက် အိုးလ်ထရက်ဖို့ဒ်ကွင်းရှေ့မှာ တန်းစီစောင့်ဆိုင်းခဲ့တာဖြစ်ပြီး အဲဒီထဲမှာ မသန်စွမ်းအမျိုးသမီးတစ်ဦးဆိုရင် ဝီးချဲလ်နဲ့တောင် တကူးတကလာရောက်ဝယ်ယူခဲ့ပါတယ်။

စီရော်နယ်လ်ဒိုဟာ ပြီးခဲ့တဲ့ကြာသပတေးနေ့ ဗြိတိန်စံတော်ချိန် ညနေ(၅)နာရီမိနစ်(၄၀)မှာ မန်ချက်စတာလေဆိပ်ကို သီးသန့်ဂျက်လေယာဉ်နဲ့ရောက်ရှိခဲ့ပြီး အခုလောလောဆယ် (၅)ရက်ကြာ Quarantine ဝင်ရမှာဖြစ်လို့ လာမယ့်ဗုဒ္ဓဟူးနေ့မှ အသင်းဖော်တွေနဲ့အတူဆုံတွေ့ခွင့်ရမှာဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

စီေရာ္နယ္လ္ဒိုနာမည္နဲ႔နံပါတ္(၇)ဂ်ာစီေတြ နာရီပိုင္းအတြင္းမွာပဲ စံခ်ိန္တင္ေရာင္းခ်ခဲ့ရ

မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ သူတို႔ရဲ႕နာမည္ေက်ာ္ကစားသမားစီေရာ္နယ္လ္ဒို ေက်ာနံပါတ္(၇)ဝတ္ဆင္မယ္လို႔အတည္ျပဳခဲ့ၿပီးတဲ့ေနာက္ စီေရာ္နယ္လ္ဒိုနာမည္နဲ႔နံပါတ္(၇)ဂ်ာစီေတြကို စတင္ေရာင္းခ်ခဲ့ၿပီး နာရီပိုင္းအတြင္းမွာပဲ စံခ်ိန္တင္သြားတဲ့အထိေရာင္းခ်ခဲ့ရပါတယ္။ ယူႏိုက္တက္ပရိသတ္ေတြဟာ စီေရာ္နယ္လ္ဒိုဂ်ာစီကို ဝယ္ယူဖို႔အတြက္ အိုးလ္ထရက္ဖို႔ဒ္ကြင္းျပင္ပမွာေစာင့္ဆိုင္းခဲ့ရၿပီး ေျမာက္အေမရိကမွာရွိတဲ့ ယူႏိုက္တက္အသင္းရဲ႕အြန္လိုင္းစတိုးမွာ တစ္ေန႔တည္းဂ်ာစီေရာင္းခ်ရမႈအေရအတြက္က စံခ်ိန္တင္ႏိုင္ခဲ့ပါတယ္။

ေျမာက္အေမရိကမွာရွိတဲ့ ယူႏိုက္တက္အသင္းအြန္လိုင္းစတိုးက Fanatics အြန္လိုင္းကုမၸဏီနဲ႔ လက္တြဲထားတာျဖစ္ၿပီး Fanatics ကုမၸဏီဟာ ကမာၻတစ္ဝန္းက,ကလပ္အသင္းေပါင္း(၃၀၀)အျပင္ ထိပ္တန္းလိဂ္ၿပိဳင္ပြဲကလပ္အသင္းေတြနဲ႔ အတူလက္တြဲထားတဲ့ ကုမၸဏီလည္းျဖစ္ပါတယ္။ အဲဒီအြန္လိုင္းစတိုးမွာ စီေရာ္နယ္လ္ဒိုရဲ႕နံပါတ္(၇)ဂ်ာစီကို တစ္နာရီအတြင္းဝယ္လိုအားက အရင္(၂၄)နာရီအတြင္း ယူႏိုက္တက္ဂ်ာစီေတြဝယ္ယူမႈအမ်ားဆုံးစံခ်ိန္ကို ခ်ိဳးဖ်က္ႏိုင္ခဲ့တာျဖစ္ၿပီး ကလပ္အသင္းတစ္သင္းကို ေျပာင္းေ႐ႊ႕ခဲ့တဲ့ကစားသမားသစ္ေတြထဲမွာ (၂၄)နာရီအတြင္း ဂ်ာစီေရာင္းခ်ရမႈအမ်ားဆုံးကစားသမားအျဖစ္ စီေရာ္နယ္လ္ဒိုက စံခ်ိန္တင္ခဲ့တယ္လို႔ Fanatics ကုမၸဏီကထုတ္ျပန္ခဲ့ပါတယ္။

စီေရာ္နယ္လ္ဒိုရဲ႕ဂ်ာစီေရာင္းအားက PSG ကို မက္ဆီေရာက္ရွိခဲ့ခ်ိန္မွာ ဂ်ာစီေရာင္းခ်ရမႈအေရအတြက္ကို ေက်ာ္ျဖတ္ႏိုင္ခဲ့သလို ဖီလ္ဒယ္လ္ဖီးယားကို ေျပာင္းေ႐ႊ႕ခဲ့တဲ့ နာမည္ေက်ာ္ေဘ့စ္ေဘာကစားသမား ဘ႐ိုက္စ္ဟာပါ၊ NFL က Tampa Bay Buccaneers အသင္းဆီေရာက္ရွိခဲ့တဲ့ ရပ္ဘီကစားသမားတြမ္ဘရာဒီ၊ LA Lakers အသင္းကို နာမည္ေက်ာ္ဘက္စကတ္ေဘာကစားသမားလီဘ႐ြန္ဂ်ိမ္းစ္ေျပာင္းေ႐ႊ႕ခဲ့တုန္းက ေရာင္းခ်ခဲ့ရတဲ့ဂ်ာစီေတြအားလုံးထက္ သာလြန္ခဲ့တာပါ။

ၿဗိတိန္မွာရွိတဲ့ ယူႏိုက္တက္ပရိသတ္ေတြကေတာ့ အသင္းရဲ႕တရားဝင္ဆိုင္ကေန ဝယ္ယူအားေပးဖို႔အတြက္ အိုးလ္ထရက္ဖို႔ဒ္ကြင္းေရွ႕မွာ တန္းစီေစာင့္ဆိုင္းခဲ့တာျဖစ္ၿပီး အဲဒီထဲမွာ မသန္စြမ္းအမ်ိဳးသမီးတစ္ဦးဆိုရင္ ဝီးခ်ဲလ္နဲ႔ေတာင္ တကူးတကလာေရာက္ဝယ္ယူခဲ့ပါတယ္။ စီေရာ္နယ္လ္ဒိုဟာ ၿပီးခဲ့တဲ့ၾကာသပေတးေန႔ ၿဗိတိန္စံေတာ္ခ်ိန္ ညေန(၅)နာရီမိနစ္(၄၀)မွာ မန္ခ်က္စတာေလဆိပ္ကို သီးသန႔္ဂ်က္ေလယာဥ္နဲ႔ေရာက္ရွိခဲ့ၿပီး အခုေလာေလာဆယ္ (၅)ရက္ၾကာ Quarantine ဝင္ရမွာျဖစ္လို႔ လာမယ့္ဗုဒၶဟူးေန႔မွ အသင္းေဖာ္ေတြနဲ႔အတူဆုံေတြ႕ခြင့္ရမွာျဖစ္ပါတယ္။