စီရော်နယ်လ်ဒိုကြောင့် ယူနိုက်တက်မှာဆက်နေဖို့ရှိတဲ့ ပေ့ါဘာ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မန်ချက်စတာယူနိုက်တက်အသင်းမှာ အနာဂတ်မသေမချာဖြစ်နေတဲ့ပေ့ါဘာဟာ စီရော်နယ်လ်ဒိုနဲ့အတူ လက်တွဲကစားခွင့်ရခဲ့ပြီးတဲ့နောက် သူ့ရဲ့အနာဂတ်နဲ့ပတ်သက်ပြီး ပြန်လည်စဉ်းစားဖို့ရှိနေတယ်လို့ သတင်းထွက်နေပါတယ်။

အသက်(၂၈)နှစ်အရွယ်ရှိပြီဖြစ်သူ ပြင်သစ်လက်ရွေးစင်ကွင်းလယ်လူပေ့ါဘာဟာ ယူနိုက်တက်အသင်းနဲ့ စာချုပ်သက်တမ်းက (၁၂)လလောက်သာကျန်ရှိတော့ပြီး

အသင်းနဲ့စာချုပ်သက်တမ်းတိုးဖို့ငြင်းဆန်ထားတာကြောင့် လာမယ့်နှစ်၊နွေရာသီကျရင် အလွတ်ပြောင်းရွှေ့ကြေးနဲ့ထွက်သွားမှာကို ပရိသတ်တွေက စိုးရိမ်နေကြတာပါ။

ပြီးခဲ့တဲ့နွေရာသီမှာလည်း ပေ့ါဘာရဲ့အပြောင်းအရွှေ့သတင်းတွေထွက်ပေါ်ခဲ့သလို သူ့ကို ခေါ်ယူဖို့အတွက် ဥရောပထိပ်သီးနှစ်သင်းဖြစ်တဲ့ PSG နဲ့ ရီးယဲလ်အသင်းတို့က စိတ်ဝင်စားနေဆဲဖြစ်ပြီး လာမယ့်နှစ်ကျရင် အလွတ်နဲ့ခေါ်ယူနိုင်ဖို့အပြိုင်ကြိုးစားမယ့်အနေအထားပါပဲ။

ဒါပမေဲ့ ပြီးခဲ့တဲ့စနေနေ့တုန်းက နယူးကာဆယ်ကို (၄-၁)ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲမှာ ပေ့ါဘာဟာ ကမ္ဘာ့အကောင်းဆုံးကစားသမားတစ်ဦးဖြစ်တဲ့ စီရော်နယ်လ်ဒိုနဲ့တွဲဖက်ကစားခဲ့ပြီး

အသင်းရဲ့လက်ရှိစုဖွဲ့နဲ့ရလဒ်တွေအရ တခြားအသင်းကို ပြောင်းရွှေ့ဖို့ထက် ယူနိုက်တက်အသင်းမှာပဲ ဆက်ကစားဖို့ရှိနေတယ်လို့ The Athletic ဝက်ဘ်ဆိုက်က သုံးသပ်ဖော်ပြခဲ့ပါတယ်။

ပေ့ါဘာကလည်း ဒီရာသီအစမှာ ယူနိုက်တက်အသင်းအတွက်အကောင်းဆုံးပုံစပြသနေပြီး နယူးကာဆယ်နဲ့ပွဲမှာ ဘရူနိုဖာနန်ဒက်စ်၊ လင်ဂတ်တို့ရဲ့ဂိုးတွေကို ဖန်တီးပေးခဲ့တာကြောင့်

အခုဆိုရင် ပရီးမီးယားလိဂ်(၄)ပွဲကစား၊ ဂိုးဖန်တီးမှု(၇)ကြိမ်အထိပြုလုပ်ခဲ့သလို ဒီစွမ်းဆောင်ရည်က ပရီးမီးယားလိဂ်သမိုင်းမှာ ပထမဆုံးအဖြစ် စံချိန်တင်ခဲ့ပါတယ်။

ပေ့ါဘာအနေနဲ့ ဒီရာသီမှာ ယူနိုက်တက်အသင်းရဲ့အောင်မြင်မှုအပေါ်မူတည်ပြီးတော့ အသင်းနဲ့စာချုပ်သက်တမ်းတိုး၊ မတိုးကို စဉ်းစားဆုံးဖြတ်သွားဖို့ရှိပေမယ့် အခု စီရော်နယ်လ်ဒိုကြောင့် ယူနိုက်တက်အသင်းမှာပဲ ဆက်ကစားသွားမယ့်အခြေအနေရှိတယ်လို့ The Athletic က ဖော်ပြခဲ့ပါတယ်။

ယူနိုက်တက်အသင်းကတော့ ပေ့ါဘာကို စာချုပ်သက်တမ်းတိုးဖို့ အကြိမ်ကြိမ်ကြိုးစားနေပြီး လာမယ့်လတွေမှာလည်း စာချုပ်သစ်အတွက်ကမ်းလှမ်းမှုတွေ လုပ်သွားဖို့ရှိနေပါပြီ။

တကယ်လို့ ပေ့ါဘာ အသင်းနဲ့စာချုပ်သစ်ထပ်မချုပ်ဖြစ်ခဲ့ရင် သူ့နေရာမှာအစားထိုးဖို့ကစားသမားသစ်တွေ ကြိုတင်လျာထားပြီး လက်စတာကွင်းလယ်လူ တိုင်လေစမန်း၊ ဘိုင်ယန်မြူးနစ်ကွင်းလယ်လူဂိုဟက်ဇ်ကာစတဲ့ကစားသမားတွေကို ပစ်မှတ်ထားနေလို့ သတင်းထွက်နေပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

စီရော်နယ်လ်ဒိုကြောင့် ယူနိုက်တက်မှာဆက်နေဖို့ရှိတဲ့ ပေါ့ဘာ

မန်ချက်စတာယူနိုက်တက်အသင်းမှာ အနာဂတ်မသေမချာဖြစ်နေတဲ့ပေါ့ဘာဟာ စီရော်နယ်လ်ဒိုနဲ့အတူ လက်တွဲကစားခွင့်ရခဲ့ပြီးတဲ့နောက် သူ့ရဲ့အနာဂတ်နဲ့ပတ်သက်ပြီး ပြန်လည်စဉ်းစားဖို့ရှိနေတယ်လို့ သတင်းထွက်နေပါတယ်။ အသက်(၂၈)နှစ်အရွယ်ရှိပြီဖြစ်သူ ပြင်သစ်လက်ရွေးစင်ကွင်းလယ်လူပေါ့ဘာဟာ ယူနိုက်တက်အသင်းနဲ့ စာချုပ်သက်တမ်းက (၁၂)လလောက်သာကျန်ရှိတော့ပြီး အသင်းနဲ့စာချုပ်သက်တမ်းတိုးဖို့ငြင်းဆန်ထားတာကြောင့် လာမယ့်နှစ်၊နွေရာသီကျရင် အလွတ်ပြောင်းရွှေ့ကြေးနဲ့ထွက်သွားမှာကို ပရိသတ်တွေက စိုးရိမ်နေကြတာပါ။ ပြီးခဲ့တဲ့နွေရာသီမှာလည်း ပေါ့ဘာရဲ့အပြောင်းအရွှေ့သတင်းတွေထွက်ပေါ်ခဲ့သလို သူ့ကို ခေါ်ယူဖို့အတွက် ဥရောပထိပ်သီးနှစ်သင်းဖြစ်တဲ့ PSG နဲ့ ရီးယဲလ်အသင်းတို့က စိတ်ဝင်စားနေဆဲဖြစ်ပြီး လာမယ့်နှစ်ကျရင် အလွတ်နဲ့ခေါ်ယူနိုင်ဖို့အပြိုင်ကြိုးစားမယ့်အနေအထားပါပဲ။ ဒါပမေဲ့ ပြီးခဲ့တဲ့စနေနေ့တုန်းက နယူးကာဆယ်ကို (၄-၁)ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲမှာ ပေါ့ဘာဟာ ကမ္ဘာ့အကောင်းဆုံးကစားသမားတစ်ဦးဖြစ်တဲ့ စီရော်နယ်လ်ဒိုနဲ့တွဲဖက်ကစားခဲ့ပြီး အသင်းရဲ့လက်ရှိစုဖွဲ့နဲ့ရလဒ်တွေအရ တခြားအသင်းကို ပြောင်းရွှေ့ဖို့ထက် ယူနိုက်တက်အသင်းမှာပဲ ဆက်ကစားဖို့ရှိနေတယ်လို့ The Athletic ဝက်ဘ်ဆိုက်က သုံးသပ်ဖော်ပြခဲ့ပါတယ်။

ပေါ့ဘာကလည်း ဒီရာသီအစမှာ ယူနိုက်တက်အသင်းအတွက်အကောင်းဆုံးပုံစပြသနေပြီး နယူးကာဆယ်နဲ့ပွဲမှာ ဘရူနိုဖာနန်ဒက်စ်၊ လင်ဂတ်တို့ရဲ့ဂိုးတွေကို ဖန်တီးပေးခဲ့တာကြောင့် အခုဆိုရင် ပရီးမီးယားလိဂ်(၄)ပွဲကစား၊ ဂိုးဖန်တီးမှု(၇)ကြိမ်အထိပြုလုပ်ခဲ့သလို ဒီစွမ်းဆောင်ရည်က ပရီးမီးယားလိဂ်သမိုင်းမှာ ပထမဆုံးအဖြစ် စံချိန်တင်ခဲ့ပါတယ်။ ပေါ့ဘာအနေနဲ့ ဒီရာသီမှာ ယူနိုက်တက်အသင်းရဲ့အောင်မြင်မှုအပေါ်မူတည်ပြီးတော့ အသင်းနဲ့စာချုပ်သက်တမ်းတိုး၊ မတိုးကို စဉ်းစားဆုံးဖြတ်သွားဖို့ရှိပေမယ့် အခု စီရော်နယ်လ်ဒိုကြောင့် ယူနိုက်တက်အသင်းမှာပဲ ဆက်ကစားသွားမယ့်အခြေအနေရှိတယ်လို့ The Athletic က ဖော်ပြခဲ့ပါတယ်။ ယူနိုက်တက်အသင်းကတော့ ပေါ့ဘာကို စာချုပ်သက်တမ်းတိုးဖို့ အကြိမ်ကြိမ်ကြိုးစားနေပြီး လာမယ့်လတွေမှာလည်း စာချုပ်သစ်အတွက်ကမ်းလှမ်းမှုတွေ လုပ်သွားဖို့ရှိနေပါပြီ။ တကယ်လို့ ပေါ့ဘာ အသင်းနဲ့စာချုပ်သစ်ထပ်မချုပ်ဖြစ်ခဲ့ရင် သူ့နေရာမှာအစားထိုးဖို့ကစားသမားသစ်တွေ ကြိုတင်လျာထားပြီး လက်စတာကွင်းလယ်လူ တိုင်လေစမန်း၊ ဘိုင်ယန်မြူးနစ်ကွင်းလယ်လူဂိုဟက်ဇ်ကာစတဲ့ကစားသမားတွေကို ပစ်မှတ်ထားနေလို့ သတင်းထွက်နေပါတယ်။