
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
မန်ချက်စတာယူနိုက်တက်အသင်းနည်းပြဆိုးလ်ရှားက အသင်းရဲ့အဓိကတိုက်စစ်ကစားသမားတစ်ဦးဖြစ်တဲ့ စီရော်နယ်လ်ဒိုကို ခွန်အားအပြည့်ရှိစေဖို့အတွက် တချို့ပွဲတွေမှာ အနားပေးသွားမှာဖြစ်တယ်လို့ဝန်ခံပြောဆိုလိုက်ပါတယ်။
အသက်(၃၆)နှစ်အရွယ်ရှိပြီဖြစ်သူ စီရော်နယ်လ်ဒိုဟာ နယူးကာဆယ်ကို (၄-၁)ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲမှာ ယူနိုက်တက်အသင်းအတွက် ပွဲဦးထွက်ကစားခဲ့ပြီး (၂)ဂိုးသွင်းယူခဲ့ပါတယ်။ စီရော်နယ်လ်ဒိုဟာ အဲဒီပွဲမှာ မိနစ်(၉၀)လုံးပါဝင်ကစားခဲ့ပေမယ့် ဆိုးလ်ရှားကတော့ သူ့ကို ပွဲတိုင်းအသုံးပြုမှာမဟုတ်ဘူးလို့ အသိပေးခဲ့တာပါ။
ဆိုးလ်ရှားက “စီရော်နယ်လ်ဒိုဟာ ကိုယ့်ကိုယ်ကိုယ်အရမ်းဂရုစိုက်တတ်တဲ့သူဖြစ်တာကြောင့် အချိန်တိုအတွင်းမှာပဲ ကြံ့ခိုင်မှုပြည့်ဝလေ့ရှိပါတယ်။
အသင်းမှာ ကစားသမားတိုင်း ကြံ့ခိုင်မှုအပြည့်နဲ့မိနစ်(၉၀)လုံးလုံးကစားနိုင်ဖို့က အရေးပါတဲ့အချက်ပါပဲ။
တချို့ပွဲတွေမှာ စီရော်နယ်လ်ဒိုကို အနားပေးဖို့က မဖြစ်နိုင်တဲ့ကိစ္စတစ်ခုတော့မဟုတ်ပါဘူး။
စီရော်နယ်လ်ဒိုက အသက်(၃၆)နှစ်၊ ဂရင်းဝုဒ်က အသက်(၁၉)နှစ်ရှိနေပေမယ့် လိုအပ်လာရင်တော့ ဘယ်သူ့ကိုပဲဖြစ်ဖြစ် အနားပေးရမှာပါ။
စီရော်နယ်လ်ဒိုရဲ့ပွဲကစားချိန်နဲ့ပတ်သက်လို့ ကျွန်တော် ကန့်သတ်ထိန်းချုပ်သွားမှာဖြစ်ပါတယ်။
လာမယ့်အင်္ဂါနေ့ကျရင်လည်း ချန်ပီယံလိဂ်ကစားဖို့ရှိနေပြီး ဘယ်လိုစီစဉ်မလဲဆိုတာ စောင့်ကြည့်ရမှာပါ”လို့ပြောကြားခဲ့ပါတယ်။
စီရော်နယ်လ်ဒိုကတော့ သူ့ရဲ့ထုံးစံအတိုင်း အသင်းကစားဖို့ရှိနေတဲ့ပွဲတိုင်းမှာ ပါဝင်ကစားခွင့်ရဖို့ဆန္ဒပြင်းပြနေပြီး ပရိသတ်တွေကလည်း စီရော်နယ်လ်ဒို ပွဲထွက်ကစားတာကို မြင်ချင်နေကြတာပါ။
ယူနိုက်တက်အသင်းဟာ အခုလာမယ့်အင်္ဂါနေ့မှာ ၂၀၂၁-၂၂ ရာသီချန်ပီယံလိဂ်အုပ်စုအဖွင့်ပွဲအဖြစ် ဆွစ်ဇာလန်ကလပ် ယန်းဘွိုင်းစ်နဲ့အဝေးကွင်းပွဲ စတင်ယှဉ်ပြိုင်ကစားရမှာဖြစ်ပြီး ဆိုးလ်ရှားအနေနဲ့ စီရော်နယ်လ်ဒိုကို ပွဲထွက်အသုံးပြုမလားဆိုတာတော့ အတိအကျမပြောနိုင်သေးပါဘူး။
ယူနိုက်တက်အသင်းကို စီရော်နယ်လ်ဒို ပြန်ရောက်လာတဲ့အတွက် ၂၀၁၃ ခုနှစ်နောက်ပိုင်းကတည်းက ဝေးကွာနေတဲ့ ပရီးမီးယားလိဂ်ချန်ပီယံဆုရယူနိုင်ဖို့နဲ့ ချန်ပီယံလိဂ်မှာဗိုလ်စွဲဖို့ရာခိုင်နှုန်းက အရင်ထက် ပိုမြင့်တက်လာပြီဖြစ်ပါတယ်။
ဆိုးလ်ရှားက “ဗာရန်းနဲ့စီရော်နယ်လ်ဒိုတို့ကို ခေါ်ယူနိုင်လိုက်ချိန်မှာ အားလုံး အံ့အားသင့်တကြီးဖြစ်ခဲ့ရတယ်လို့ ကျွန်တော်ထင်ပါတယ်။
ဘာဖြစ်လို့လဲဆိုတော့ သူတို့နှစ်ယောက်က ကြီးမားတဲ့အောင်မြင်မှုတွေရယူနိုင်ခဲ့ကြတဲ့ကစားသမားတွေဖြစ်လို့ပါပဲ။
သူတို့ဟာ ပြိုင်ပွဲတိုင်းလိုလိုချန်ပီယံဆုတွေရယူခဲ့ပြီး အခုအချိန်အထိလည်း အောင်မြင်မှုထပ်ယူနိုင်ဖို့ဆန္ဒပြင်းပြနေဆဲပါ။
ကျွန်တော့်အသင်းက လူငယ်ကစားသမားတွေအနေနဲ့လည်း ဒီကစားသမားနှစ်ယောက်ကို ကြည့်ပြီး ထိပ်တန်းအဆင့်မှာနှစ်တွေအများကြီးရပ်တည်နိုင်အောင် ဘာတွေလုပ်ရမလဲဆိုတာ သင်ယူခွင့်ရရှိမှာလည်းဖြစ်ပါတယ်”လို့ ဆက်လက်ပြောကြားခဲ့ပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
zawgyi
စီေရာ္နယ္လ္ဒိုကို ပြဲတိုင္းအသုံးျပဳဖို႔မျဖစ္ႏိုင္ဘူးလို႔ ဆိုးလ္ရွားဝန္ခံ
မန္ခ်က္စတာယူႏိုက္တက္အသင္းနည္းျပဆိုးလ္ရွားက အသင္းရဲ႕အဓိကတိုက္စစ္ကစားသမားတစ္ဦးျဖစ္တဲ့ စီေရာ္နယ္လ္ဒိုကို ခြန္အားအျပည့္ရွိေစဖို႔အတြက္ တခ်ိဳ႕ပြဲေတြမွာ အနားေပးသြားမွာျဖစ္တယ္လို႔ဝန္ခံေျပာဆိုလိုက္ပါတယ္။ အသက္(၃၆)ႏွစ္အ႐ြယ္ရွိၿပီျဖစ္သူ စီေရာ္နယ္လ္ဒိုဟာ နယူးကာဆယ္ကို (၄-၁)ဂိုးနဲ႔အႏိုင္ရခဲ့တဲ့ပြဲမွာ ယူႏိုက္တက္အသင္းအတြက္ ပြဲဦးထြက္ကစားခဲ့ၿပီး (၂)ဂိုးသြင္းယူခဲ့ပါတယ္။ စီေရာ္နယ္လ္ဒိုဟာ အဲဒီပြဲမွာ မိနစ္(၉၀)လုံးပါဝင္ကစားခဲ့ေပမယ့္ ဆိုးလ္ရွားကေတာ့ သူ႔ကို ပြဲတိုင္းအသုံးျပဳမွာမဟုတ္ဘူးလို႔ အသိေပးခဲ့တာပါ။
ဆိုးလ္ရွားက “စီေရာ္နယ္လ္ဒိုဟာ ကိုယ့္ကိုယ္ကိုယ္အရမ္းဂ႐ုစိုက္တတ္တဲ့သူျဖစ္တာေၾကာင့္ အခ်ိန္တိုအတြင္းမွာပဲ ႀကံ့ခိုင္မႈျပည့္ဝေလ့ရွိပါတယ္။ အသင္းမွာ ကစားသမားတိုင္း ႀကံ့ခိုင္မႈအျပည့္နဲ႔မိနစ္(၉၀)လုံးလုံးကစားႏိုင္ဖို႔က အေရးပါတဲ့အခ်က္ပါပဲ။ တခ်ိဳ႕ပြဲေတြမွာ စီေရာ္နယ္လ္ဒိုကို အနားေပးဖို႔က မျဖစ္ႏိုင္တဲ့ကိစၥတစ္ခုေတာ့မဟုတ္ပါဘူး။ စီေရာ္နယ္လ္ဒိုက အသက္(၃၆)ႏွစ္၊ ဂရင္းဝုဒ္က အသက္(၁၉)ႏွစ္ရွိေနေပမယ့္ လိုအပ္လာရင္ေတာ့ ဘယ္သူ႔ကိုပဲျဖစ္ျဖစ္ အနားေပးရမွာပါ။ စီေရာ္နယ္လ္ဒိုရဲ႕ပြဲကစားခ်ိန္နဲ႔ပတ္သက္လို႔ ကြၽန္ေတာ္ ကန႔္သတ္ထိန္းခ်ဳပ္သြားမွာျဖစ္ပါတယ္။ လာမယ့္အဂၤါေန႔က်ရင္လည္း ခ်န္ပီယံလိဂ္ကစားဖို႔ရွိေနၿပီး ဘယ္လိုစီစဥ္မလဲဆိုတာ ေစာင့္ၾကည့္ရမွာပါ”လို႔ေျပာၾကားခဲ့ပါတယ္။
စီေရာ္နယ္လ္ဒိုကေတာ့ သူ႔ရဲ႕ထုံးစံအတိုင္း အသင္းကစားဖို႔ရွိေနတဲ့ပြဲတိုင္းမွာ ပါဝင္ကစားခြင့္ရဖို႔ဆႏၵျပင္းျပေနၿပီး ပရိသတ္ေတြကလည္း စီေရာ္နယ္လ္ဒို ပြဲထြက္ကစားတာကို ျမင္ခ်င္ေနၾကတာပါ။ ယူႏိုက္တက္အသင္းဟာ အခုလာမယ့္အဂၤါေန႔မွာ ၂၀၂၁-၂၂ ရာသီခ်န္ပီယံလိဂ္အုပ္စုအဖြင့္ပြဲအျဖစ္ ဆြစ္ဇာလန္ကလပ္ ယန္းဘြိဳင္းစ္နဲ႔အေဝးကြင္းပြဲ စတင္ယွဥ္ၿပိဳင္ကစားရမွာျဖစ္ၿပီး ဆိုးလ္ရွားအေနနဲ႔ စီေရာ္နယ္လ္ဒိုကို ပြဲထြက္အသုံးျပဳမလားဆိုတာေတာ့ အတိအက်မေျပာႏိုင္ေသးပါဘူး။ ယူႏိုက္တက္အသင္းကို စီေရာ္နယ္လ္ဒို ျပန္ေရာက္လာတဲ့အတြက္ ၂၀၁၃ ခုႏွစ္ေနာက္ပိုင္းကတည္းက ေဝးကြာေနတဲ့ ပရီးမီးယားလိဂ္ခ်န္ပီယံဆုရယူႏိုင္ဖို႔နဲ႔ ခ်န္ပီယံလိဂ္မွာဗိုလ္စြဲဖို႔ရာခိုင္ႏႈန္းက အရင္ထက္ ပိုျမင့္တက္လာၿပီျဖစ္ပါတယ္။
ဆိုးလ္ရွားက “ဗာရန္းနဲ႔စီေရာ္နယ္လ္ဒိုတို႔ကို ေခၚယူႏိုင္လိုက္ခ်ိန္မွာ အားလုံး အံ့အားသင့္တႀကီးျဖစ္ခဲ့ရတယ္လို႔ ကြၽန္ေတာ္ထင္ပါတယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ သူတို႔ႏွစ္ေယာက္က ႀကီးမားတဲ့ေအာင္ျမင္မႈေတြရယူႏိုင္ခဲ့ၾကတဲ့ကစားသမားေတြျဖစ္လို႔ပါပဲ။ သူတို႔ဟာ ၿပိဳင္ပြဲတိုင္းလိုလိုခ်န္ပီယံဆုေတြရယူခဲ့ၿပီး အခုအခ်ိန္အထိလည္း ေအာင္ျမင္မႈထပ္ယူႏိုင္ဖို႔ဆႏၵျပင္းျပေနဆဲပါ။ ကြၽန္ေတာ့္အသင္းက လူငယ္ကစားသမားေတြအေနနဲ႔လည္း ဒီကစားသမားႏွစ္ေယာက္ကို ၾကည့္ၿပီး ထိပ္တန္းအဆင့္မွာႏွစ္ေတြအမ်ားႀကီးရပ္တည္ႏိုင္ေအာင္ ဘာေတြလုပ္ရမလဲဆိုတာ သင္ယူခြင့္ရရွိမွာလည္းျဖစ္ပါတယ္”လို႔ ဆက္လက္ေျပာၾကားခဲ့ပါတယ္။