စီရော်နယ်ဒို အနေနဲ့ စရိုက်ကျတဲ့အမူအကျင့်တွေကို ဆင်ခြင်ဖို့ ပြောလာတဲ့ လူကာတိုနီ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

အပင်မြင့်လေ ၊ လေတိုက်လေဆိုပေမယ့် တစ်ခါတလေ ဝေဖန်သုံးသပ်စကားတွေ၊ အကြံပေးတဲ့ စကားတွေကို နားထောင်သင့်ပါတယ်။ ဒီသတင်းပတ်ထဲမှာတော့ ထိပ်တန်းကစားသမား စီရော်နယ်ဒိုတစ်ယောက် အပြောခံရမယ့် ဇာတာနဲ့ကြုံနေပါတယ်။ ဒိုလေးတစ်ယောက်ကလည်း စိတ်ဆတ်နေတာကြောင့် အပြုအမူတချို့က ခပ်ကြမ်းကြမ်းဖြစ်သွားခဲ့ပါတယ်။

ဂျီနိုအာနဲ့ပွဲအပြီးမှာ အသင်းဂျာစီကိုချွတ်ပစ်ကာ လွှင့်ပစ်ခဲ့တဲ့ ရော်နယ်ဒိုရဲ့ အမူအကျင့်နဲ့ပတ်သက်ပြီးဂျူဗင်တပ်စ်နဲ့ အီတလီနာမည်ကျော်တိုက်စစ်မှူးဟောင်းလူကာတိုနီက ဝေဖန်ပြောဆိုတာတွေ ပြုလုပ်ထား ပါတယ်။

ဂျီနီုအာကို ၃-၁ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ ရော်နယ်ဒိုတစ်ယောက် ဂိုးသွင်းယူနိုင်ခဲ့ခြင်းမရှိပါဘူး။ဒါကြောင့် ပေါ်တူဂီကစားသမားဟာ မပျော်မရွှင်ဖြစ်ခဲ့ရပါတယ်။

ပွဲသိမ်းခရာမှုတ်ခဲ့ချိန်မှာတော့ ရော်နယ်ဒိုဟာ သူ့ရဲ့ ဂျာစီကိုချွတ်ကာ ကွင်းမြက်ခင်းပြင်ပေါ် လွှင့်ပစ်ခဲ့ပြီးနောက် အဝတ်လဲခန်းအတွင်းကို ဒေါသတကြီးနဲ့ ဝင်ရောက်သွားခဲ့ပါတယ်။

ကြားသိရတဲ့ အချို့သတင်းတွေအရ ရော်နယ်ဒိုဟာ အဝတ်လဲခန်းထဲကို ရောက်သွားချိန်မှာလည်း ပေါက်ကွဲသံစဉ်တချို့ထုတ်လွှင့်ခဲ့တယ်လို့ ကြားသိရပါတယ်။

တိုနီကတော့ ပွဲအတွင်းက ဒိုလေးရဲ့ အပြုအမူတွေအတွက် ရော်နယ်ဒိုကို မေးခွန်းထုတ်မှုတွေ ပြုလုပ်ခဲ့ပြီး အသင်းဖော်တွေနဲ့အတူ ကွင်းအတွင်းမှာဆက်ရှိမနေဘဲ အောင်ပွဲမခံခဲ့တာကိုလည်း ထောက်ပြပြောဆိုထားပါတယ်။

တိုနီက ” ရော်နယ်ဒိုက ဂျူဗင်တပ်စ်အသင်း အတွက် အရမ်းအရေးကြီးတဲ့ကစားသမားတစ်ဦးပါ။ သူက ထိပ်တန်းဂိုးသွင်းရှင်လည်းဖြစ်ပြီး ဂိုးအများကြီးသွင်းယူနေပါတယ်။ ဒါပေမယ့်လည်း သူ့ရဲ့တချို့အမူအကျင့်နဲ့ အပြုအမူတွေကြောင့် ကျွန်တော်ကတော့ သူ့ကို အထင်မကြီးပါဘူး”

” ကျွန်တော် ကစားခဲ့တဲ့ အချိန်တုန်းကလည်း ကျွန်တော်က အရမ်းတစ်ကိုယ်ကောင်းဆန်ပေမယ့် ဂိုးမသွင်းနိုင်ခဲ့ရင်တောင် အသင်းဖော်တွေနဲ့ ကွင်းထဲမှာအတူအောင်ပွဲခံခဲ့ပါသေးတယ်။ ကိုယ့်ကိုယ်ကို စိတ်ပျက်နေပေမယ့် သည်းခံနိုင်အောင်ကြိုးစား ခဲ့ပါတယ်”

“ရော်နယ်ဒိုလုပ်ခဲ့တဲ့ လုပ်ရပ်တွေက တိုက်ဆိုင်မှုပဲဖြစ်နေမလားတော့မသိဘူး။ ကြီးကျယ်ခမ်းနားတဲ့ချန်ပီယံကစားသမား တစ်ဦးက စံပြအနေနဲ့ အသင်းကိုဦးဆောင်ပေးရသလို၊ အားလုံးနဲ့အတူ အောင်ပွဲလည်းခံသင့်ပါတယ်” လို့ ပြောဆိုခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

စီေရာ္နယ္ဒို အေနနဲ႔ စရိုက္က်တဲ့အမူအက်င့္ေတြကို ဆင္ျခင္ဖို႔ ေျပာလာတဲ့ လူကာတိုနီ

အပင္ျမင့္ေလ ၊ ေလတိုက္ေလဆုိေပမယ့္ တစ္ခါတေလ ေ၀ဖန္သုံးသပ္စကားေတြ၊ အၾကံေပးတဲ့ စကားေတြကို နားေထာင္သင့္ပါတယ္။ ဒီသတင္းပတ္ထဲမွာေတာ့ ထိပ္တန္းကစားသမား စီေရာ္နယ္ဒိုတစ္ေယာက္ အေျပာခံရမယ့္ ဇာတာနဲ႔ႀကံဳေနပါတယ္။ ဒိုေလးတစ္ေယာက္ကလည္း စိတ္ဆတ္ေနတာေၾကာင့္ အျပဳအမူတခ်ဳိ႕က ခပ္ၾကမ္းၾကမ္းျဖစ္သြားခဲ့ပါတယ္။

ဂ်ီႏိုအာနဲ႔ပြဲအၿပီးမွာ အသင္းဂ်ာစီကိုခြၽတ္ပစ္ကာ လႊင့္ပစ္ခဲ့တဲ့ ေရာ္နယ္ဒိုရဲ႕ အမူအက်င့္နဲ႔ပတ္သက္ၿပီးဂ်ဴဗင္တပ္စ္နဲ႔ အီတလီနာမည္ေက်ာ္တိုက္စစ္မႉးေဟာင္းလူကာတိုနီက ေဝဖန္ေျပာဆိုတာေတြ ျပဳလုပ္ထား ပါတယ္။

ဂ်ီႏီုအာကို ၃-၁ နဲ႔ အႏိုင္ရရွိခဲ့တဲ့ပြဲစဥ္မွာ ေရာ္နယ္ဒိုတစ္ေယာက္ ဂိုးသြင္းယူႏိုင္ခဲ့ျခင္းမရွိပါဘူး။ဒါေၾကာင့္ ေပၚတူဂီကစားသမားဟာ မေပ်ာ္မ႐ႊင္ျဖစ္ခဲ့ရပါတယ္။ပြဲသိမ္းခရာမႈတ္ခဲ့ခ်ိန္မွာေတာ့ ေရာ္နယ္ဒိုဟာ သူ႔ရဲ႕ ဂ်ာစီကိုခြၽတ္ကာ ကြင္းျမက္ခင္းျပင္ေပၚ လႊင့္ပစ္ခဲ့ၿပီးေနာက္ အဝတ္လဲခန္းအတြင္းကို ေဒါသတႀကီးနဲ႔ ဝင္ေရာက္သြားခဲ့ပါတယ္။

ၾကားသိရတဲ့ အခ်ဳိ႕သတင္းေတြအရ ေရာ္နယ္ဒိုဟာ အ၀တ္လဲခန္းထဲကို ေရာက္သြားခ်ိန္မွာလည္း ေပါက္ကြဲသံစဥ္တခ်ဳိ႕ထုတ္လႊင့္ခဲ့တယ္လုိ႔ ၾကားသိရပါတယ္။ တိုနီကေတာ့ ပြဲအတြင္းက ဒိုေလးရဲ႕ အျပဳအမူေတြအတြက္ ေရာ္နယ္ဒိုကို ေမးခြန္းထုတ္မႈေတြ ျပဳလုပ္ခဲ့ၿပီး အသင္းေဖာ္ေတြနဲ႔အတူ ကြင္းအတြင္းမွာဆက္ရွိမေနဘဲ ေအာင္ပြဲမခံခဲ့တာကိုလည္း ေထာက္ျပေျပာဆိုထားပါတယ္။

တိုနီက ” ေရာ္နယ္ဒိုက ဂ်ဴဗင္တပ္စ္အသင္း အတြက္ အရမ္းအေရးႀကီးတဲ့ကစားသမားတစ္ဦးပါ။ သူက ထိပ္တန္းဂိုးသြင္းရွင္လည္းျဖစ္ၿပီး ဂိုးအမ်ားႀကီးသြင္းယူေနပါတယ္။ ဒါေပမယ့္လည္း သူ႔ရဲ႕တခ်ိဳ႕အမူအက်င့္နဲ႔ အျပဳအမူေတြေၾကာင့္ ကြၽန္ေတာ္ကေတာ့ သူ႔ကို အထင္မႀကီးပါဘူး”

” ကၽြန္ေတာ္ ကစားခဲ့တဲ့ အခ်ိန္တုန္းကလည္း ကြၽန္ေတာ္က အရမ္းတစ္ကိုယ္ေကာင္းဆန္ေပမယ့္ ဂိုးမသြင္းႏိုင္ခဲ့ရင္ေတာင္ အသင္းေဖာ္ေတြနဲ႔ ကြင္းထဲမွာအတူေအာင္ပြဲခံခဲ့ပါေသးတယ္။ ကိုယ့္ကိုယ္ကို စိတ္ပ်က္ေနေပမယ့္ သည္းခံႏိုင္ေအာင္ႀကိဳးစား ခဲ့ပါတယ္”

“ေရာ္နယ္ဒိုလုပ္ခဲ့တဲ့ လုပ္ရပ္ေတြက တိုက္ဆိုင္မႈပဲျဖစ္ေနမလားေတာ့မသိဘူး။ ႀကီးက်ယ္ခမ္းနားတဲ့ခ်န္ပီယံကစားသမား တစ္ဦးက စံျပအေနနဲ႔ အသင္းကိုဦးေဆာင္ေပးရသလို၊ အားလုံးနဲ႔အတူ ေအာင္ပြဲလည္းခံသင့္ပါတယ္” လို႔ ေျပာဆိုခဲ့ပါတယ္။