စီရော်နယ်ဒို အနားယူပြီးရင် ကွင်းကိုသူ့နာမည် ပေးဖို့ စပို့တင်းလစ္စဘွန်း စီစဉ်

Photo- Internet
Photo- Internet

စပို့တင်းလစ္စဘွန်းအသင်းဟာ သူတို့ရဲ့ကစားသမားဟောင်းဖြစ်တဲ့ စီရော်နယ်ဒိုအနားယူသွားရင် ကွင်းကိုသူ့နာမည်ပြောင်းလဲပေးအပ်ဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။ သူဟာ စပို့တင်းလစ္စဘွန်း လူငယ်စီမံကိန်းကနေ ထွက်ပေါ်လာပြီးမှ နာမည်ကျော်ကြားလာသူ ဖြစ်ပါတယ်။

သူဟာ ၂၀၀၂-၀၃ ဘောလုံးရာသီမှာ စပို့တင်းအသင်းကြီးမှာ ပါဝင်ခဲ့ပြီးနောက် မန်ယူကို ချက်ခြင်းဆိုသလိုပြောင်းရွှေ့သွားခဲ့သူပါ။  စီရော်နယ်ဒိုဟာ စပို့တင်းအကယ်ဒမီ ထွက်ကစားသမားတွေထဲမှာ အောင်မြင်မှုအရှိဆုံးနဲ့ ဂုဏ်အယူရဆုံးသော ကစားသမားဖြစ်လို့ ကွင်းကိုသူ့နာမည်ပေးဖို့ စီစဉ်နေတာဖြစ်ပါတယ်။

Photo- Internet

လက်ရှိမှာ စပို့တင်းလစ္စဘွန်းရဲ့ ကွင်းအမည်က ဂျို့စ်အယ်ဗာလာဒီ ဖြစ်ပြီး ကလပ်တည်ထောင်တဲ့သူရဲ့အမည်ကို ဂုြဏ်ပု မှည့်ခေါ်ထားတာဖြစ်ပါတယ်။ ဒါပေမယ့် လက်ရှိကလပ်ဥက္ကဋ္ဌ ဖြစ်သူ ဖီဒရီကိုဗာရန်ဒက်စ်က “ကျွန်တော်တို့ရဲ့ဂုဏ်ကို မြှင့်တင်ပေးခဲ့တဲ့ သူ့လိုကစားသမားမျိုးကို ကျွန်တော်တို့ ချောင်ထိုးထားမှာ မဟုတ်ပါဘူး။ သူဟာ ကျွန်တော်တို့ရဲ့သမိုင်းမှာ အမြဲတမ်းရှိနေမှာပါ။

Photo- Internet

ကျွန်တော်တို့အသင်းရဲ့ သမိုင်းကြောင်းကို ထင်ဟပ်စေသူဖြစ်သလို ကလပ်ရဲ့အကယ်ဒမီကိုလည်း ဂုဏ်တင့်တယ်စေခဲ့တဲ့ သူ့တန်ဖိုးတွေကို ဆက်ထိန်းထားဖို့ ရည်ရွယ်ထားပါတယ်။ စီရော်နယ်ဒိုဟာ ပေါ်တူဂီသမိုင်းမှာ အကောင်းဆုံး ကစားသမားဖြစ်သလို အားကစားသမိုင်းမှာလည်း အကောင်းဆုံးသောသူ တစ်ဦးဖြစ်ပါတယ်” လို့ပြောသွားပါတယ်။

Photo- Internet

မန်ယူ၊ ရီးရဲလ်မက်ဒရစ်နဲ့ ဂျူ ဗင်တပ်အသင်းတို့မှာ ကစားခဲ့တဲ့ စီရော်နယ်ဒို ကိုလာမယ့်မျိုးဆက်သစ်တွေ အားကျအတုယူစေဖို့ အရမ်းကိုအရေးကြီးတဲ့အတွက် အခုလိုမျိုး စီစဉ်ရတာဖြစ်တယ်လို့လည်း ဗာရန်ဒက်စ်က ဆက်ပြောပါတယ်။

Photo- Internet

Zawgyi

စီေရာ္နယ္ဒို အနားယူၿပီးရင္ ကြင္းကိုသူ႔နာမည္ ေပးဖို႔ စပို႔တင္းလစၥဘြန္း စီစဥ္

စပို႔တင္းလစၥဘြန္းအသင္းဟာ သူတို႔ရဲ႕ကစားသမားေဟာင္းျဖစ္တဲ႔ စီေရာ္နယ္ဒိုအနားယူသြားရင္ ကြင္းကိုသူ႔နာမည္ေျပာင္းလဲေပးအပ္ဖို႔ စီစဥ္ထားတယ္လို႔ သိရပါတယ္။ သူဟာ စပို႔တင္းလစၥဘြန္း လူငယ္စီမံကိန္းကေန ထြက္ေပၚလာၿပီးမွ နာမည္ေက်ာ္ၾကားလာသူ ျဖစ္ပါတယ္။

သူဟာ ၂၀၀၂-၀၃ ေဘာလုံးရာသီမွာ စပို႔တင္းအသင္းႀကီးမွာ ပါ၀င္ခဲ့ၿပီးေနာက္ မန္ယူကို ခ်က္ျခင္းဆိုသလိုေျပာင္းေရႊ႕သြားခဲ့သူပါ။  စီေရာ္နယ္ဒိုဟာ စပို႔တင္းအကယ္ဒမီ ထြက္ကစားသမားေတြထဲမွာ ေအာင္ျမင္မႈအရွိဆုံးနဲ႔ ဂုဏ္အယူရဆုံးေသာ ကစားသမားျဖစ္လို႔ ကြင္းကိုသူ႔နာမည္ေပးဖို႔ စီစဥ္ေနတာျဖစ္ပါတယ္။

လက္ရွိမွာ စပို႔တင္းလစၥဘြန္းရဲ႕ ကြင္းအမည္က ဂ်ဳိ႔စ္အယ္ဗာလာဒီ ျဖစ္ၿပီး ကလပ္တည္ေထာင္တဲ႔သူရဲ႕အမည္ကို ဂုဏျပဳ မွည့္ေခၚထားတာျဖစ္ပါတယ္။ ဒါေပမယ္႔ လက္ရွိကလပ္ဥကၠ႒ ျဖစ္သူ ဖီဒရီကိုဗာရန္ဒက္စ္က “က်ြန္ေတာ္တို႔ရဲ႕ဂုဏ္ကို ျမွင့္တင္ေပးခဲ့တဲ႔ သူ႔လိုကစားသမားမ်ဳိးကို က်ြန္ေတာ္တို႔ ေခ်ာင္ထိုးထားမွာ မဟုတ္ပါဘူး။ သူဟာ က်ြန္ေတာ္တို႔ရဲ႕သမိုင္းမွာ အၿမဲတမ္းရွိေနမွာပါ။

က်ြန္ေတာ္တို႔အသင္းရဲ႕ သမိုင္းေၾကာင္းကို ထင္ဟပ္ေစသူျဖစ္သလို ကလပ္ရဲ႕အကယ္ဒမီကိုလည္း ဂုဏ္တင့္တယ္ေစခဲ့တဲ႔ သူ႔တန္ဖိုးေတြကို ဆက္ထိန္းထားဖို႔ ရည္ရြယ္ထားပါတယ္။ စီေရာ္နယ္ဒိုဟာ ေပၚတူဂီသမိုင္းမွာ အေကာင္းဆုံး ကစားသမားျဖစ္သလို အားကစားသမိုင္းမွာလည္း အေကာင္းဆုံးေသာသူ တစ္ဦးျဖစ္ပါတယ္” လို႔ေျပာသြားပါတယ္။

မန္ယူ၊ ရီးရဲလ္မက္ဒရစ္နဲ႔ ဂ်ဴ ဗင္တပ္အသင္းတို႔မွာ ကစားခဲ့တဲ႔ စီေရာ္နယ္ဒို ကိုလာမယ္႔မ်ဳိးဆက္သစ္ေတြ အားက်အတုယူေစဖို႔ အရမ္းကိုအေရးႀကီးတဲ႔အတြက္ အခုလိုမ်ဳိး စီစဥ္ရတာျဖစ္တယ္လို႔လည္း ဗာရန္ဒက္စ္က ဆက္ေျပာပါတယ္။