

ပေါ်တူဂီက လစ်သူယေးနီးယားကို ၆-၀ နဲ့အနိုင်ရခဲ့တဲ့ ယူရို ၂၀၂၀ ခြေစစ်ပွဲစဉ်အပြီးမှာ စီရော်နယ်ဒိုရဲ့ အစ်မဖြစ်သူ ကာတီယာအဗီရိုက အင်စတာဂရမ်ပေါ်မှာ တင်လိုက်တဲ့ မှတ်ချက်ကို ဂျူ ဗင်တပ်နည်းပြ ဆာရီအတွက် သတိပေးမှုတစ်ရပ် အဖြစ် ယူဆနေကြတယ်လို့ သိရပါတယ်။
အသက် ၃၄ နှစ်ရှိပြီဖြစ်တဲ့ စီရော်နယ်ဒိုဟာ ဒီပွဲမှာ ဟက်ထရစ်သွင်းယူခဲ့လို့ ပေါ်တူဂီအတွက် ၉ ကြိမ်မြောက် ဟက်ထရစ်ရရှိခဲ့တဲ့အပြင် နိုင်ငံတကာအဆင့် ၉၈ ဂိုးသွင်းနိုင်ခဲ့မှုလည်းဖြစ်ခဲ့ပါတယ်။ သူဟာ အခုဆိုရင် နိုင်ငံတကာအဆင့်မှာ သွင်းဂိုးစံချိန်တင်ထားတဲ့ အီရန်တိုက်စစ်မှူ းဟောင်း အလီဒါယီရဲ့မှတ်တမ်းကိုလိုက်မီဖို့လည်း ၁၁ ဂိုးသာလိုအပ်တော့တာပါ။

သူဟာ ကစားသမားဘဝမှာ ဟက်ထရစ် ၅၅ ကြိမ်မြောက်ရရှိခဲ့တာလည်းဖြစ်ပါတယ်။ ဒီလိုခြေစွမ်းပြခဲ့ပေမယ့် စီရော်နယ်ဒိုဟာ ဂျူ ဗင်တပ်နဲ့နောက်ဆုံး ၂ ပွဲမှာ ဆက်တိုက်လူစားလဲခံခဲ့ရသူဖြစ်ပါတယ်။ ဂျူ ဗင်တပ်က အေစီမီလန်ကို ၁-၀ နဲ့နိုင်ခဲ့တဲ့ ပွဲမှာ ၅၅ မိနစ်မှာတင် ဒိုင်ဘာလာနဲ့ လူစားလဲခံရပြီးနောက် သူဟာ ဆာရီကိုဆဲဆိုပြီး အဝတ်လဲခန်းထဲကို တိုက်ရိုက်ဝင်သွားခဲ့လို့ ဝေဖန်မှုတွေခံခဲ့ရပါသေးတယ်။

စီရော်နယ်ဒိုမှာ ဒူးဒဏ်ရာရနေလို့ လူစားလဲခဲ့တာလို့ ဆာရီကပြောခဲ့ပေမယ့် စီရော်နယ်ဒိုက သူကြံခိုင်မှုအပြည့်ရှိနေကြောင်း တုံ့ပြန်ပြီး လစ်သူယေးနီးယားနဲ့ပွဲမှာ ဟက်ထရစ်ရယူခဲ့ကာ ၈၃ မိနစ်အထိကစားပြီး ဆာရီကို ပြောစကားမဟုတ်ဘူးဆိုတာကို ချေပသွားခဲ့ပါတယ်။

အဲဒီပွဲအပြီးမှာသူ့အစ်မ အဗီရိုက အင်စတာဂရမ်ပေါ်မှာ စီရော်နယ်ဒိုပုံကိုတင်ပြီး သူ့မောင်ရဲ့အလုပ်ကို အနှောင့်အယှက်မပေးဖို့၊ စီရော်နယ်ဒိုဟာ စွမ်းဆောင်ရည်ကျဆင်းခြင်းမရှိသေးဘူးဆိုတာကို မြင်လိုက်ရလို့ အစ်မတစ်ယောက်အနေနဲ့ ဂုဏ်ယူမိကြောင်း ဖော်ပြသွားခဲ့ပါတယ်။ စီရော်နယ်ဒိုကလည်း ဝေဖန်မှုတွေခံရချိန်မှာ သူ့ဘက်ကရပ်တည်ပေးခဲ့တဲ့ ပေါ်တူဂီနည်းပြ ဆန်းတို့စ်ကို ပွေ့ဖက်နှုတ်ဆက်ခဲ့မှုဟာလည်း ဆာရီကို သတိပေးတာဖြစ်နိုင်တယ်လို့ ယူဆနေကြပါတယ်။

Zawgyi
စီေရာ္နယ္ဒို အစ္မက ဆာရီကို သတိေပးလိုက္တာလား
ေပၚတူဂီက လစ္သူေယးနီးယားကို ၆-၀ နဲ႔အႏိုင္ရခဲ့တဲ႔ ယူရို ၂၀၂၀ ေျခစစ္ပြဲစဥ္အၿပီးမွာ စီေရာ္နယ္ဒိုရဲ႕ အစ္မျဖစ္သူ ကာတီယာအဗီရိုက အင္စတာဂရမ္ေပၚမွာ တင္လိုက္တဲ႔ မွတ္ခ်က္ကို ဂ်ဴ ဗင္တပ္နည္းျပ ဆာရီအတြက္ သတိေပးမႈတစ္ရပ္ အျဖစ္ ယူဆေနၾကတယ္လို႔ သိရပါတယ္။
အသက္ ၃၄ ႏွစ္ရွိၿပီျဖစ္တဲ႔ စီေရာ္နယ္ဒိုဟာ ဒီပြဲမွာ ဟက္ထရစ္သြင္းယူခဲ့လို႔ ေပၚတူဂီအတြက္ ၉ ႀကိမ္ေျမာက္ ဟက္ထရစ္ရရွိခဲ့တဲ႔အျပင္ ႏိုင္ငံတကာအဆင့္ ၉၈ ဂိုးသြင္းႏိုင္ခဲ့မႈလည္းျဖစ္ခဲ့ပါတယ္။ သူဟာ အခုဆိုရင္ ႏိုင္ငံတကာအဆင့္မွာ သြင္းဂိုးစံခ်ိန္တင္ထားတဲ႔ အီရန္တိုက္စစ္မွဴ းေဟာင္း အလီဒါယီရဲ႕မွတ္တမ္းကိုလိုက္မီဖို႔လည္း ၁၁ ဂိုးသာလိုအပ္ေတာ႔တာပါ။
သူဟာ ကစားသမားဘ၀မွာ ဟက္ထရစ္ ၅၅ ႀကိမ္ေျမာက္ရရွိခဲ့တာလည္းျဖစ္ပါတယ္။ ဒီလိုေျခစြမ္းျပခဲ့ေပမယ္႔ စီေရာ္နယ္ဒိုဟာ ဂ်ဴ ဗင္တပ္နဲ႔ေနာက္ဆုံး ၂ ပြဲမွာ ဆက္တိုက္လူစားလဲခံခဲ့ရသူျဖစ္ပါတယ္။ ဂ်ဴ ဗင္တပ္က ေအစီမီလန္ကို ၁-၀ နဲ႔ႏုိင္ခဲ့တဲ႔ ပြဲမွာ ၅၅ မိနစ္မွာတင္ ဒိုင္ဘာလာနဲ႔ လူစားလဲခံရၿပီးေနာက္ သူဟာ ဆာရီကိုဆဲဆိုၿပီး အ၀တ္လဲခန္းထဲကို တိုက္ရိုက္၀င္သြားခဲ့လို႔ ေ၀ဖန္မႈေတြခံခဲ့ရပါေသးတယ္။
စီေရာ္နယ္ဒိုမွာ ဒူးဒဏ္ရာရေနလို႔ လူစားလဲခဲ႔တာလို႔ ဆာရီကေျပာခဲ့ေပမယ္႔ စီေရာ္နယ္ဒိုက သူႀကံခိုင္မႈအျပည့္ရွိေနေၾကာင္း တု႔ံျပန္ၿပီး လစ္သူေယးနီးယားနဲ႔ပြဲမွာ ဟက္ထရစ္ရယူခဲ့ကာ ၈၃ မိနစ္အထိကစားၿပီး ဆာရီကို ေျပာစကားမဟုတ္ဘူးဆိုတာကို ေခ်ပသြားခဲ့ပါတယ္။
အဲဒီပြဲအၿပီးမွာသူ႔အစ္မ အဗီရိုက အင္စတာဂရမ္ေပၚမွာ စီေရာ္နယ္ဒိုပုံကိုတင္ၿပီး သူ႔ေမာင္ရဲ႕အလုပ္ကို အေႏွာင့္အယွက္မေပးဖို႔၊ စီေရာ္နယ္ဒိုဟာ စြမ္းေဆာင္ရည္က်ဆင္းျခင္းမရွိေသးဘူးဆိုတာကို ျမင္လိုက္ရလို႔ အစ္မတစ္ေယာက္အေနနဲ႔ ဂုဏ္ယူမိေၾကာင္း ေဖာ္ျပသြားခဲ့ပါတယ္။ စီေရာ္နယ္ဒိုကလည္း ေ၀ဖန္မႈေတြခံရခ်ိန္မွာ သူ႔ဘက္ကရပ္တည္ေပးခဲ့တဲ႔ ေပၚတူဂီနည္းျပ ဆန္းတို႔စ္ကို ေပြ႔ဖက္ႏႈတ္ဆက္ခဲ့မႈဟာလည္း ဆာရီကို သတိေပးတာျဖစ္ႏိုင္တယ္လို႔ ယူဆေနၾကပါတယ္။