စီရော်နယ်ဒို လူမိုက်ဖြစ်အောင် အားပေးနေတာလား ပီယာလို

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ခြေစွမ်းထက်တဲ့ ရော်နယ်ဒိုကတော့ ပြဿနာဖြစ်လိုက်ရင်လည်း ဟိုးလေတကျော်ပါပဲ။ ဒူဘိုင်းသွားတုန်းကလည်း အခွင့်ထူးခံလူတန်းစားလို ကိုရိုနာဆိုင်ရာ စစ်ဆေးမှုတွေ၊ စည်းကမ်းတွေကို ကျော်ခွခဲ့လို့ ဝေဖန်ပြောဆိုခံခဲ့ရသလို အခုလည်း အတူနေချစ်သူချောလေးနဲ့ မိုးမမြင် လေမမြင်ပျော်တာရဲ့ နောက်ဆက်တွဲ အဖြစ် ဝေဖန်ခံနေရပြန်ပါတယ်။

ရော်နယ်‌ဒို ဟာ သူ့ချစ်သူရဲ့အသက်(၂၇)နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်တစိတ်တဒေသအဖြစ် အီတလီတောင်တန်းအပန်းဖြေစခန်းတစ်ခုမှာ နှင်းလျှောစီးခဲ့ပါတယ်။ Piedmont ဒေသအတွင်းက Valle d’Aosta ကို သွားရောက်လည်ပတ်ခဲ့ကြတာဖြစ်ပြီး အဆိုပါဒေသဟာ လိမ္မော်ရောင်ဇုန်အဖြစ်သတ်မှတ်ထားပြီး ခရီးသွားလာခြင်းမပြုလုပ်ဖို့အတွက် အစိုးရက စည်းမျဉ်းစည်းကမ်းတွေနဲ့ တားမြစ်ထုတ်ပြန်ထားတာလည်းဖြစ်ပါတယ်။

အဲဒါကြောင့် ကိုရိုနာဗိုင်းရပ်စ်စည်းမျဉ်းတွေကို ချိုးဖောက်ပြီး ခရီးထွက်ခဲ့လို့ စုံစမ်းစစ်ဆေးမှုတွေခံနေရပါတယ်။ ဒါပေမယ့် ဂျူဗီနည်းပြပီယာလိုကတော့ သူ့အသင်းသားဘက်က ကာကွယ်ပြောဆိုထားပါတယ်။ ရော်နယ်ဒို အနေနဲ့ အားလပ်ရက်မှာ သူလုပ်ချင်တာလုပ်လို့ရတယ်ဆိုပြီး နည်းပြ ပီယာလိုက အားပေးအားမြောက် ပြောဆိုထားတာပါ။

နည်းပြပီယာလို က “ရော်နယ်ဒို ဟာ အားလပ်ရက်ရရှိခဲ့ပြီး အဲဒီရက်မှာ သူလုပ်ချင်တဲ့အရာကို လုပ်လို့ရပါတယ်။အသင်းမှာရှိတုန်းကတော့ ကျွန်တော့်ရဲ့ထိန်းချုပ်မှုအောက်မှာ ရှိပေမယ့် အပြင်မှာတော့ သူဟာ လွတ်လပ်တဲ့နိုင်ငံသားဖြစ်ပြီး သူလုပ်ချင်တာ ကို လုပ်ဆောင်နိုင်ခွင့်သူ့မှာရှိပါတယ်”လို့ ပြောဆိုခဲ့ပါတယ်။

တကယ်လို့အခုကိစ္စနဲ့ ပတ်သက်ပြီးအပြစ်ရှိကြောင်း တွေ့ရှိခဲ့ရမယ်ဆိုရင် ရော်နယ်ဒိုတစ်ယောက် ပြစ်ဒဏ်ချမှတ်ခံရနိုင်ပါတယ်။ ဒါပေမယ့်လည်း ခုကိစ္စက ဒိုလေးအတွက် ပါမွှားဖြစ်သွားနိုင်ပါတယ်။

ရော်နယ်ဒိုဟာ အရင်ကလည်း အလားတူအဖြစ်မျိုးနဲ့ ရင်ဆိုင်ခဲ့ရဖူးပါတယ်။ ပေါ်တူဂီအတွက် နိုင်ငံတကာပွဲစဉ်တွေ သွားရောက်ကစားပေးစဉ်အတွင်း ဗိုင်းရပ်စ်ကူးစက်ခံခဲ့ရပြီးနောက် တူရင်ကို ပြန်လာခဲ့ရာမှာ စည်းမျဉ်းတွေကို ချိုးဖောက်ခဲ့တယ်လို့ အီတလီအားကစားဝန်ကြီးက စွပ်စွဲပြောဆိုခဲ့ပါသေးတယ်။

ရော်နယ်ဒိုဟာ စပယ်လ် အသင်းကို အနိုင်ရခဲ့တဲ့ ကိုပါအီတလီယာဖလား ပွဲစဉ်မှာ အနားရခဲ့တာဖြစ်ပြီး ဆမ်ဒိုရီးယား နဲ့ ကစားမယ့် စီးရီးအေ ပွဲစဉ်မှာတော့ ဂျုဗင်တပ်စ် အသင်းအတွက် ပြန်လည်ပါဝင်ကစားမှာဖြစ်ပါတယ်။ နည်းပြပီယာလိုကတော့ ခြေစွမ်းရှိတဲ့ အသင်းသားကို ထိန်းထိန်းသိမ်းသိမ်းပြောဆိုဆုံးမဖို့ထက်၊ လူမိုက်ဖြစ်အောင် အားပေးနေတာပါလား။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

စီေရာ္နယ္ဒို လူမိုက္ျဖစ္ေအာင္ အားေပးေနတာလား ပီယာလို

ေျခစြမ္းထက္တဲ့ ေရာ္နယ္ဒိုကေတာ့ ျပႆနာျဖစ္လိုက္ရင္လည္း ဟိုးေလတေက်ာ္ပါပဲ။ ဒူဘိုင္းသြားတုန္းကလည္း အခြင့္ထူးခံလူတန္းစားလို ကို႐ိုနာဆိုင္ရာ စစ္ေဆးမႈေတြ၊ စည္းကမ္းေတြကို ေက်ာ္ခြခဲ့လို႔ ေဝဖန္ေျပာဆိုခံခဲ့ရသလို အခုလည္း အတူေနခ်စ္သူေခ်ာေလးနဲ႔ မိုးမျမင္ ေလမျမင္ေပ်ာ္တာရဲ႕ ေနာက္ဆက္တြဲ အျဖစ္ ေဝဖန္ခံေနရျပန္ပါတယ္။

ေရာ္နယ္‌ဒို ဟာ သူ႔ခ်စ္သူရဲ႕အသက္(၂၇)ႏွစ္ျပည့္ ေမြးေန႔အထိမ္းအမွတ္တစိတ္တေဒသအျဖစ္ အီတလီေတာင္တန္းအပန္းေျဖစခန္းတစ္ခုမွာ ႏွင္းေလွ်ာစီးခဲ့ပါတယ္။ Piedmont ေဒသအတြင္းက Valle d’Aosta ကို သြားေရာက္လည္ပတ္ခဲ့ၾကတာျဖစ္ၿပီး အဆိုပါေဒသဟာ လိေမၼာ္ေရာင္ဇုန္အျဖစ္သတ္မွတ္ထားၿပီး ခရီးသြားလာျခင္းမျပဳလုပ္ဖို႔အတြက္ အစိုးရက စည္းမ်ဥ္းစည္းကမ္းေတြနဲ႔ တားျမစ္ထုတ္ျပန္ထားတာလည္းျဖစ္ပါတယ္။

အဲဒါေၾကာင့္ ကို႐ိုနာဗိုင္းရပ္စ္စည္းမ်ဥ္းေတြကို ခ်ိဳးေဖာက္ၿပီး ခရီးထြက္ခဲ့လို႔ စုံစမ္းစစ္ေဆးမႈေတြခံေနရပါတယ္။ ဒါေပမယ့္ ဂ်ဴဗီနည္းျပပီယာလိုကေတာ့ သူ႔အသင္းသားဘက္က ကာကြယ္ေျပာဆိုထားပါတယ္။ ေရာ္နယ္ဒို အေနနဲ႔ အားလပ္ရက္မွာ သူလုပ္ခ်င္တာလုပ္လို႔ရတယ္ဆိုၿပီး နည္းျပ ပီယာလိုက အားေပးအားေျမာက္ ေျပာဆိုထားတာပါ။

နည္းျပပီယာလို က “ေရာ္နယ္ဒို ဟာ အားလပ္ရက္ရရွိခဲ့ၿပီး အဲဒီရက္မွာ သူလုပ္ခ်င္တဲ့အရာကို လုပ္လို႔ရပါတယ္။အသင္းမွာရွိတုန္းကေတာ့ ကြၽန္ေတာ့္ရဲ႕ထိန္းခ်ဳပ္မႈေအာက္မွာ ရွိေပမယ့္ အျပင္မွာေတာ့ သူဟာ လြတ္လပ္တဲ့ႏိုင္ငံသားျဖစ္ၿပီး သူလုပ္ခ်င္တာ ကို လုပ္ေဆာင္ႏိုင္ခြင့္သူ႔မွာရွိပါတယ္”လို႔ ေျပာဆိုခဲ့ပါတယ္။ တကယ္လို႔အခုကိစၥနဲ႔ ပတ္သက္ၿပီးအျပစ္ရွိေၾကာင္း ေတြ႕ရွိခဲ့ရမယ္ဆိုရင္ ေရာ္နယ္ဒိုတစ္​ေယာက္ ျပစ္ဒဏ္ခ်မွတ္ခံရႏိုင္ပါတယ္။ ဒါ​ေပမယ့္လည္း ခုကိစၥက ဒို​ေလးအတြက္ ပါမႊားျဖစ္သြားႏိုင္ပါတယ္

ေရာ္နယ္ဒိုဟာ အရင္ကလည္း အလားတူအျဖစ္မ်ိဳးနဲ႔ ရင္ဆိုင္ခဲ့ရဖူးပါတယ္။ ေပၚတူဂီအတြက္ ႏိုင္ငံတကာပြဲစဥ္ေတြ သြားေရာက္ကစားေပးစဥ္အတြင္း ဗိုင္းရပ္စ္ကူးစက္ခံခဲ့ရၿပီးေနာက္ တူရင္ကို ျပန္လာခဲ့ရာမွာ စည္းမ်ဥ္းေတြကို ခ်ိဳးေဖာက္ခဲ့တယ္လို႔ အီတလီအားကစားဝန္ႀကီး က စြပ္စြဲေျပာဆိုခဲ့ပါ​ေသးတယ္။ေရာ္နယ္ဒို ဟာ စပယ္လ္ အသင္းကို အႏိုင္ရခဲ့တဲ့ ကိုပါအီတလီယာဖလား ပြဲစဥ္မွာ အနားရခဲ့တာျဖစ္ၿပီး ဆမ္ဒိုရီးယား နဲ႔ ကစားမယ့္ စီးရီးေအ ပြဲစဥ္မွာေတာ့ ဂ်ဳဗင္တပ္စ္ အသင္းအတြက္ ျပန္လည္ပါဝင္ကစားမွာျဖစ္ပါတယ္။ နည္းျပပီယာလိုက​ေတာ့ ​ေျခစြမ္းရွိတဲ့ အသင္းသားကို ​ထိန္းထိန္းသိမ္းသိမ္း​ေျပာ​ဆိုဆုံးမဖို႔ထက္၊ လူမိုက္ျဖစ္​ေအာင္ အား​ေပး​ေနတာပါလား။