စီရော်နယ်ဒို တစ်ယောက်အနားယူခဲ့ရင် ငယ်ဘဝကနေထိုင်ခဲ့တဲ့ ဒေသမှာပဲ အနားယူမှာလား?

photo internet

စီရော်နယ်ဒိုတစ်ယောက်ပြီးခဲ့တဲ့ ရက်ပိုင်းက သူ့ရဲ့ငယ်ဘဝကြီးပြင်းခဲ့ရာဒေသမှာ အိမ်တစ်လုံး ထပ်မံ ဝယ်ယူလိုက်ပါတယ်။ ပေါ်တူဂီနိုင်ငံရဲ့မြို့တော်လစ္စဘွန်းမှာ အိမ်ဝယ်ယူလိုက်တာဖြစ်ပြီး၊အဲဒီအိမ်ဟာ ပေါင် 6 သန်းတန်ပါတယ်။ လစ္စဘွန်းမှာရှိတဲ့အိမ်တွေထဲမှာဈေးကြီးတဲ့အိမ်တစ်လုံးဖြစ်ပြီး၊ အားကစား ခန်းမနဲ့အိမ်တွင်း ရေကူးကန်တွေပါရှိပါတယ်။

photo internet

တစ်ချိန်တုန်းကတော့ စီရော်နယ်ဒိုဟာ သူအနေနဲ့ မိခင်ပေါ်တူဂီနိုင်ငံမှာပြန်လည် အခြေချ နေထိုင်ဖွယ်ရှိတယ်ဆိုပြီးပြောဆိုခဲ့ဖူးတာကြောင့် အခုအဲဒီအိမ်ကို ဝယ်လိုက်တာဟာ အနားယူခဲ့ရင် နေထိုင်ဖို့လားဆိုတာစဉ်းစားစရာပါ။ အသက်အရွယ်အားဖြင့် ကစားသမားဘဝကနေအနားယူဖို့ တဖြည်းဖြည်း နီးစပ်လာတဲ့သူတွေထဲမှာ စီရော်နယ်ဒိုလည်းပါဝင်လာပါပြီ။

photo internet

စီရော်နယ်ဒိုတစ်ယောက်ဘယ်အချိန်အနားယူမယ်ဆိုတာအတိအကျထုတ်ဖော်မပြောသေးပေမယ့် မကြာခဏဆိုသလို အနားယူမယ့်ကိစ္စနဲ့ပတ်သက်ပြီးပြောဆိုတာတွေတော့ရှိပါတယ်။ အများစုကတော့ အခုတစ်နှစ်၊နှစ်နှစ် အတွင်းအနားယူဖွယ်ရှိတယ်လို့ထင်ကြေးပေးနေကြပါတယ်။ စီရော်နယ်ဒို အခုဝယ်ယူလိုက်တဲ့ အိမ်ဟာ တိုက်ခန်းဖြစ်ပြီး၊ အိမ်ခေါင်မိုးပေါ်ရှိ ဇိမ်ခံတိုက်ခန်းဖြစ်ပါတယ်။

photo internet

အဲဒီတိုက်ခန်းဟာ အူဒွါဒို (7) ပန်းခြံ အနားမှာတည်ရှိပြီး၊ အိပ်ခန်း 3ခန်းပါတဲ့တိုက်ခန်းဖြစ်ပါတယ်။ စီရော်နယ်ဒိုဟာအေးအေးချမ်းချမ်းနေရတာကို နှစ်သက်ဟန်ရှိပါတယ်။ ဘာကြောင့်လဲဆိုရင် အခုနေထိုင်နေတဲ့နေရာမှာရှိတဲ့အိမ်နီးနားချင်းတွေက အခုလိုပြောလို့ပါ။ “ဒိုလေးနေတဲ့အိမ်က တိတ်တိတ်ဆိတ်ဆိတ်ပါပဲ။ပါတီပေးသံတွေလည်းမကြားရသလို၊ ကားတွေအဝင်၊အထွက်ရှုပ်တာ လည်းမရှိပါဘူး။”လို့ဆိုပါတယ်။ အသက် 35 နှစ်အရွယ်ရှိနေပြီဖြစ်တဲ့စီရော်နယ်ဒိုရဲ့ ပရိသတ်တွေကတော့ သူ့ကိုအနားမယူစေချင်ကြသေးပါဘူး။မြက်ခင်းစိမ်းပေါ်မှာသာဆက်လက်မြင်တွေ့နေချင်ကြပါသေးတယ်။

photo internet

(Zawgyi Version)

စီေရာ္နယ္ဒို တစ္ေယာက္အနားယူခဲ့ရင္ ငယ္ဘ၀ကေနထိုင္ခဲ့တဲ့ ေဒသမွာပဲ အနားယူမွာလား?

စီေရာ္နယ္ဒိုတစ္ေယာက္ၿပီးခဲ့တဲ့ ရက္ပိုင္းက သူ႔ရဲ႕ငယ္ဘ၀ႀကီးျပင္းခဲ့ရာေဒသမွာ အိမ္တစ္လုံး ထပ္မံ ၀ယ္ယူလိုက္ပါတယ္။ ေပၚတူဂီႏိုင္ငံရဲ႕ၿမိဳ႕ေတာ္လစၥဘြန္းမွာ အိမ္၀ယ္ယူလိုက္တာျဖစ္ၿပီး၊အဲဒီအိမ္ဟာ ေပါင္ 6 သန္းတန္ပါတယ္။ လစၥဘြန္းမွာရိွတဲ့အိမ္ေတြထဲမွာေစ်းႀကီးတဲ့အိမ္တစ္လုံးျဖစ္ၿပီး၊ အားကစား ခန္းမနဲ႔အိမ္တြင္း ေရကူးကန္ေတြပါရိွပါတယ္။

တစ္ခ်ိန္တုန္းကေတာ့ စီေရာ္နယ္ဒိုဟာ သူအေနနဲ႔ မိခင္ေပၚတူဂီႏိုင္ငံမွာျပန္လည္ အေျခခ် ေနထိုင္ဖြယ္ရိွတယ္ဆိုၿပီးေျပာဆိုခဲ့ဖူးတာေၾကာင့္ အခုအဲဒီအိမ္ကို ၀ယ္လိုက္တာဟာ အနားယူခဲ့ရင္ ေနထိုင္ဖို႔လားဆိုတာစဥ္းစားစရာပါ။ အသက္အရြယ္အားျဖင့္ ကစားသမားဘ၀ကေနအနားယူဖုိ႔ တျဖည္းျဖည္း နီးစပ္လာတဲ့သူေတြထဲမွာ စီေရာ္နယ္ဒိုလည္းပါ၀င္လာပါၿပီ။

စီေရာ္နယ္ဒိုတစ္ေယာက္ဘယ္အခ်ိန္အနားယူမယ္ဆိုတာအတိအက်ထုတ္ေဖာ္မေျပာေသးေပမယ့္ မၾကာခဏဆုိသလို အနားယူမယ့္ကိစၥနဲ႔ပတ္သက္ၿပီးေျပာဆိုတာေတြေတာ့ရိွပါတယ္။ အမ်ားစုကေတာ့ အခုတစ္ႏွစ္၊ႏွစ္ႏွစ္အတြင္းအနားယူဖြယ္ရိွတယ္လို႔ထင္ေၾကးေပးေနၾကပါတယ္။ စီေရာ္နယ္ဒို အခု၀ယ္ယူလိုက္တဲ့ အိမ္ဟာ တိုက္ခန္းျဖစ္ၿပီး၊ အိမ္ေခါင္မိုးေပၚရိွ ဇိမ္ခံတုိက္ခန္းျဖစ္ပါတယ္။

အဲဒီတိုက္ခန္းဟာ အူဒြါဒို (7) ပန္းၿခံ အနားမွာတည္ရိွၿပီး၊ အိပ္ခန္း 3ခန္းပါတဲ့တိုက္ခန္းျဖစ္ပါတယ္။ စီေရာ္နယ္ဒိုဟာေအးေအးခ်မ္းခ်မ္းေနရတာကို ႏွစ္သက္ဟန္ရိွပါတယ္။ ဘာေၾကာင့္လဲဆိုရင္ အခုေနထိုင္ေနတဲ့ေနရာမွာရိွတဲ့အိမ္နီးနားခ်င္းေတြက အခုလိုေျပာလို႔ပါ။ “ဒိုေလးေနတဲ့အိမ္က တိတ္တိတ္ဆိတ္ဆိတ္ပါပဲ။ပါတီေပးသံေတြလည္းမၾကားရသလို၊ ကားေတြအ၀င္၊အထြက္ရႈပ္တာ လည္းမရိွပါဘူး။”လို႔ဆုိပါတယ္။ အသက္ 35 ႏွစ္အရြယ္ရိွေနၿပီျဖစ္တဲ့စီေရာ္နယ္ဒိုရဲ႕ ပရိသတ္ေတြကေတာ့ သူ႔ကိုအနားမယူေစခ်င္ၾကေသးပါဘူး။ျမက္ခင္းစိမ္းေပၚမွာသာဆက္လက္ျမင္ေတြ႕ေနခ်င္ၾကပါေသးတယ္။