စီရော်နယ်ဒို စိတ်ဆိုးပြီးလုပ်တဲ့ လုပ်ရပ်က ကလေးငယ်တစ်ယောက်ကို ကယ်နိုင်မယ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

အသက် ၃၆ နှစ်အရွယ်ရှိ စီရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ရက်ပိုင်းကကစားခဲ့တဲ့ ဆားဘီးယားအသင်းနဲ့ ကမ္ဘာဖလား ခြေစစ်ပွဲစဉ်အတွင်း နောက်ဆုံးမိနစ်မှာ သွင်းယူတဲ့ဂိုး ငြင်းပယ်ခံရပြီးနောက် ဒေါသတကြီးနဲ့ကွင်းအပြင်ကိုထွက်ခဲ့ပြီး အသင်းခေါင်းဆောင်လက်ပတ်ကို မြေပြင်ပေါ်လွှတ်ပစ်ခဲ့ပါတယ်။

သူလွှတ်ပစ်လိုက်တဲ့ လက်ပတ်လေးကို ကွင်းအတွင်းကအလုပ်သမားတစ်ဦးက ကောက်ယူခဲ့ပါတယ်။

ကျောရိုးပြဿနာရှိနေတဲ့ ၆ လသားအရွယ်ကလေးငယ်လေးတစ်ဦးအတွက် ဆေးကုဖို့ အဲဒီလက်ပတ်လေးကို လေလံတင်ရောင်းချသွားမှာဖြစ်ပါတယ်။

ကြွက်သားမကောင်းတဲ့ အသက် ၆လအရွယ် ကလေးငယ်တစ်ဦးအတွက် ရန်ပုံငွေရှာဖွေနေတဲ့ လူမူရေးအဖွဲ့အစည်းတစ်ခုကို ဆားဘီးယား ဘောလုံးကွင်းအလုပ်သမားတစ်ဦးက အဲဒီလက်ပတ်ကို လှူဒါန်းပေးခဲ့ပါတယ်။

အဆိုပါ ကလေးငယ်ကို ပြုစု ကုသခွဲစိတ်နိုင်ဖို့ ယူရို ၂ ဒသမ၅သန်းကုန်ကျမှာဖြစ်ပါတယ်။

အသင်းခေါင်းဆောင်လက်ပတ်ကို လေလံတင်ခဲ့ရာမှာ နာရီပိုင်းအတွင်းလေလံဆွဲမယ့်သူ ပေါ်ထွက်လာခဲ့ပြီး ကလေးငယ်အတွက် လိုအပ်တဲ့ငွေကြေးအတွက် အ ထောက်အကူများစွာ ဖြစ်စေခဲ့တယ်လို့ သိရပါတယ်။

ဆားဘီးယားအသင်းနဲ့ ပွဲစဉ်မှာ ဖြစ်ပျက်ခဲ့တဲ့ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး အဲဒီပွဲစဉ်မှာ ကွင်းလယ်ဒိုင်လူကြီးလုပ်ခဲ့တဲ့ ဒန်နီမက်ကီလီကတော့ ပေါ်တူဂီအသင်းနဲ့ အသင်းခေါင်းဆောင် စီရော်နယ်ဒိုတို့ကို တောင်းပန်မှုပြုလုပ်ခဲ့ပါတယ်။

အငြင်းပွားဖွယ်ရာ၊ ဒေါသဖြစ်ဖွယ်ရာ ကိစ္စ ဖြစ်ပြီးတဲ့နောက်မှာ အဲဒီပွဲစဉ်ကထွက်ပေါ်လာတဲ့ အနေအထားတစ်ခုက ကျန်းမာရေးမကောင်း၊ ငွေလိုနေတဲ့ ကလေးငယ်ကို ကယ်ပေးနိုင်မယ်ဆိုရင် အရှူံးထဲက ကြီးမားတဲ့ အမြတ်ထွက်တာပါပဲ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

စီေရာ္နယ္ဒို စိတ္ဆိုးၿပီးလုပ္တဲ့ လုပ္ရပ္က ကေလးငယ္တစ္ေယာက္ကို ကယ္ႏိုင္မယ္

အသက္ ၃၆ ႏွစ္အ႐ြယ္ရွိ စီေရာ္နယ္ဒိုဟာ ၿပီးခဲ့တဲ့ရက္ပိုင္းကကစားခဲ့တဲ့ ဆားဘီးယားအသင္းနဲ႔ ကမာၻဖလား ေျခစစ္ပြဲစဥ္အတြင္း ေနာက္ဆုံးမိနစ္မွာ သြင္းယူတဲ့ဂိုး ျငင္းပယ္ခံရၿပီးေနာက္ ေဒါသတႀကီးနဲ႔ကြင္းအျပင္ကိုထြက္ခဲ့ၿပီး အသင္းေခါင္းေဆာင္လက္ပတ္ကို ေျမျပင္ေပၚလႊတ္ပစ္ခဲ့ပါတယ္။

သူလႊတ္ပစ္လိုက္တဲ့ လက္ပတ္ေလးကို ကြင္းအတြင္းကအလုပ္သမားတစ္ဦးက ေကာက္ယူခဲ့ပါတယ္။ ေက်ာ႐ိုးျပႆနာရွိေနတဲ့ ၆ လသားအ႐ြယ္ကေလးငယ္ေလးတစ္ဦးအတြက္ ေဆးကုဖို႔ အဲဒီလက္ပတ္ေလးကို ေလလံတင္ေရာင္းခ်သြားမွာျဖစ္ပါတယ္။

ႂကြက္သားမေကာင္းတဲ့ အသက္ ၆လအ႐ြယ္ ကေလးငယ္တစ္ဦးအတြက္ ရန္ပုံေငြရွာေဖြေနတဲ့ လူမူေရးအဖြဲ႕အစည္းတစ္ခုကို ဆားဘီးယား ေဘာလုံးကြင္းအလုပ္သမားတစ္ဦးက အဲဒီလက္ပတ္ကို လႉဒါန္းေပးခဲ့ပါတယ္။

အဆိုပါ ကေလးငယ္ကို ျပဳစု ကုသခြဲစိတ္ႏိုင္ဖို႔ ယူ႐ို ၂ ဒသမ၅သန္းကုန္က်မွာျဖစ္ပါတယ္။ အသင္းေခါင္းေဆာင္လက္ပတ္ကို ေလလံတင္ခဲ့ရာမွာ နာရီပိုင္းအတြင္းေလလံဆြဲမယ့္သူ ေပၚထြက္လာခဲ့ၿပီး ကေလးငယ္အတြက္ လိုအပ္တဲ့ေငြေၾကးအတြက္ အ ေထာက္အကူမ်ားစြာ ျဖစ္ေစခဲ့တယ္လို႔ သိရပါတယ္။

ဆားဘီးယားအသင္းနဲ႔ ပြဲစဥ္မွာ ျဖစ္ပ်က္ခဲ့တဲ့ ျဖစ္ရပ္နဲ႔ ပတ္သက္ၿပီး အဲဒီပြဲစဥ္မွာ ကြင္းလယ္ဒိုင္လူႀကီးလုပ္ခဲ့တဲ့ ဒန္နီမက္ကီလီကေတာ့ ေပၚတူဂီအသင္းနဲ႔ အသင္းေခါင္းေဆာင္ စီေရာ္နယ္ဒိုတို႔ကို ေတာင္းပန္မႈျပဳလုပ္ခဲ့ပါတယ္။

အျငင္းပြားဖြယ္ရာ၊ ေဒါသျဖစ္ဖြယ္ရာ ကိစၥ ျဖစ္ၿပီးတဲ့ေနာက္မွာ အဲ ဒီပြဲစဥ္ကထြက္ေပၚလာတဲ့ အေနအထားတစ္ခုက က်န္းမာေရးမေကာင္း၊ ေငြလိုေနတဲ့ ကေလးငယ္ကို ကယ္ေပးႏိုင္မယ္ဆိုရင္ အရႉံးထဲက ႀကီးမားတဲ့ အျမတ္ထြက္တာပါပဲ။