စီရော်နယ်ဒို၊ အာနိုး၊ ဂါရတ်ဘေးလ်၊ ဖာတီတို့ကို ဒီတစ်ပတ် နိုင်ငံပွဲတွေမှာ မြင်ရဖို့ မလွယ်တော့

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဒီတစ်ပတ်မှာ နိုင်ငံတကာပွဲစဉ်တွေယှဉ်ပြိုင်ကစားဖို့ရှိနေပြီး ကစားသမားတွေအ နေနဲ့ ကလပ်အသင်းပွဲစဉ်တွေနဲ့ တစ်ပတ်တာခွဲရဦးမှာပါ။ နောက်ဆုံးကစားသွားခဲ့ တဲ့ ကလပ်အသင်းပွဲစဉ်တွေမှာ နာမည်ကြီးကစားသမားအချို့ ဒဏ်ရာတွေရခဲ့ပြီး လာမယ့်နိုင်ငံအသင်းပွဲစဉ်တွေကို လွဲချော်ဖို့တွေရှိနေပါတယ်။ သူတို့တွေကတော့….။

စီရော်နယ်ဒို(ဂျူဗင်တပ်)

လာဇီယိုနဲ့ပွဲမှာ ဦးဆောင်ဂိုးသွင်းပေးနိုင်ခဲ့တဲ့ စီရော်နယ်ဒိုဟာ ၇၆ မိနစ်မှာ ဒဏ်ရာ ရသွားခဲ့ပြီး ဒိုင်ဘာလာနဲ့ လူစားလဲခံခဲ့ရပါတယ်။ လာဇီယိုကွင်းလယ်ကစားသမား လူးဝစ်အဲလ်ဗာတိုနဲ့ထိခိုက်မိပြီး ရော်နယ်ဒိုဟာ ခြေချင်းဝတ်ဒဏ်ရာရရှိသွားခဲ့ပြီး ပေါ်တူဂီအသင်းအတွက် ကစားပေးနိုင်မလားဆိုတာ မသေချာသေးပါဘူး။

အာနိုး(လီဗာပူး)

နောက်တန်းပြဿနာတွေရှိနေတဲ့ လီဗာပူးအတွက် နောက်ထပ်ထိုးနှက်ချက်တစ် ခုပါပဲ။ တံကောက်ကြောဒဏ်ရာရရှိသွားပြီး မီနာနဲ့ လူစားလဲခံခဲ့ရတဲ့ အာနိုးဟာ အင်္ဂလန်အသင်းအတွက် လွဲချော်ဖို့များနေပါတယ်။ ဒါပေမဲ့ အင်္ဂလန်အသင်းလူ စာရင်းမှာ ဘစ်ဆာကာအပါအဝင် ရွေးချယ်စရာကစားသမားတွေရှိတဲ့အတွက် သိပ်စိတ်မပူရဘဲ ကလော့ပ်တစ်ယောက်သာ ရင်ပူရမှာပါ။

ဖာတီ(ဘာစီလိုနာ)

ဘက်တစ်ကို ဂိုးပြတ်အနိုင်ရခဲ့တဲ့ပွဲမှာ ပထမပိုင်းမှာပဲ ဒဏ်ရာရရှိသွားတဲ့ ဖာတီ ဟာ ဒုတိယပိုင်းမှာ မပါဝင်လာခဲ့တော့ပါဘူး။ သူ့ကို နည်းပြရော်နယ်ကိုးမန်းက စွန့်စားပြီးမသုံးချင်တဲ့အတွက် အနားပေးခဲ့တာဖြစ်ပြီး အခုနောက်ဆုံးမှာတော့ ဘယ်ဘက်ဒူးဒဏ်ရာကို ခွဲစိတ်ကုသရဖို့ရှိနေတယ်လို့ ကလပ်အသင်းက တရားဝင်ကြေညာခဲ့ ပါတယ်။

ဂါရတ်ဘေးလ်(စပါး)

ဘေးလ်ဟာ စပါးကိုပြောင်းရွှေ့လာခဲ့ပြီး ပွဲထွက်ကစားသမားအဖြစ် ဝက်စ်ဘရွန်း နဲ့ပွဲမှာ ပထမဆုံးကစားခဲ့ပေမယ့် ၇၈ မိနစ်မှာ ဒဏ်ရာကြောင့် လူးကပ်စ်မိုရာနဲ့ လူ စားလဲခဲ့ရပါတယ်။ ဘေးလ်ဟာ အရန်ကစားသမားတွေထိုင်တဲ့ထိုင်ခုံကို ပြန်သွား ထိုင်နေတဲ့အချိန်မှာတော့ အသင်းဆေးအဖွဲ့ဝင်တစ်ဦးက သူ့ရဲ့ခြေထောက်ကို ရေခဲအိတ်ကပ်ပေးပြီး ပြုစုခဲ့ရတာကြောင့် ဝေးလ်အသင်းနဲ့ ပါဝင်ကစားဖို့ ဒီတစ် ပတ် မသေချာသေးပါဘူး။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

စီေရာ္နယ္ဒို၊ အာႏိုး၊ ဂါရတ္ေဘးလ္၊ ဖာတီတို႔ကို ဒီတစ္ပတ္ ႏိုင္ငံပြဲေတြမွာ ျမင္ရဖို႔ မလြယ္ေတာ့

ဒီတစ္ပတ္မွာ ႏိုင္ငံတကာပဲြစဥ္ေတြယွဥ္ၿပိဳင္ကစားဖို႔ရွိေနၿပီး ကစားသမားေတြအ ေနနဲ႔ ကလပ္အသင္းပြဲစဥ္ေတြနဲ႔ တစ္ပတ္တာခြဲရဦးမွာပါ။ ေနာက္ဆံုးကစားသြားခဲ့ တဲ့ ကလပ္အသင္းပြဲစဥ္ေတြမွာ နာမည္ႀကီးကစားသမားအခ်ဳိ႕ ဒဏ္ရာေတြရခဲ့ၿပီး လာမယ့္ႏိုင္ငံအသင္းပြဲစဥ္ေတြကို လြဲေခ်ာ္ဖို႔ေတြရွိေနပါတယ္။ သူတို႔ေတြကေတာ့….။

စီေရာ္နယ္ဒို(ဂ်ဴဗင္တပ္)

လာဇီယိုနဲ႔႔ပြဲမွာ ဦးေဆာင္ဂိုးသြင္းေပးႏိုင္ခဲ့တဲ့ စီေရာ္နယ္ဒိုဟာ ၇၆ မိနစ္မွာ ဒဏ္ရာ ရသြားခဲ့ၿပီး ဒိုင္ဘာလာနဲ႔ လူစားလဲခံခဲ့ရပါတယ္။ လာဇီယိုကြင္းလယ္ကစားသမား လူး၀စ္အဲလ္ဗာတိုနဲ႔ထိခိုက္မိၿပီး ေရာ္နယ္ဒိုဟာ ေျခခ်င္း၀တ္ဒဏ္ရာရရွိသြားခဲ့ၿပီး ေပၚတူဂီအသင္းအတြက္ ကစားေပးႏိုင္မလားဆိုတာ မေသခ်ာေသးပါဘူး။

အာႏိုး(လီဗာပူး)

ေနာက္တန္းျပႆနာေတြရွိေနတဲ့ လီဗာပူးအတြက္ ေနာက္ထပ္ထုိးႏွက္ခ်က္တစ္ ခုပါပဲ။ တံေကာက္ေၾကာဒဏ္ရာရရွိသြားၿပီး မီနာနဲ႔ လူစားလဲခံခဲ့ရတဲ့ အာႏိုးဟာ အဂၤလန္အသင္းအတြက္ လြဲေခ်ာ္ဖို႔မ်ားေနပါတယ္။ ဒါေပမဲ့ အဂၤလန္အသင္းလူ စာရင္းမွာ ဘစ္ဆာကာအပါအ၀င္ ေရြးခ်ယ္စရာကစားသမားေတြရွိတဲ့အတြက္ သိပ္စိတ္မပူရဘဲ ကေလာ့ပ္တစ္ေယာက္သာ ရင္ပူရမွာပါ။

ဖာတီ(ဘာစီလိုနာ)

ဘက္တစ္ကို ဂိုးျပတ္အႏိုင္ရခဲ့တဲ့ပြဲမွာ ပထမပိုင္းမွာပဲ ဒဏ္ရာရရွိသြားတဲ့ ဖာတီ ဟာ ဒုတိယပိုင္းမွာ မပါ၀င္လာခဲ့ေတာ့ပါဘူး။ သူ႕ကို နည္းျပေရာ္နယ္ကိုးမန္းက စြန္႔စားၿပီးမသံုးခ်င္တဲ့အတြက္ အနားေပးခဲ့တာျဖစ္ၿပီး အခုေနာက္ဆံုးမွာေတာ့ ဘယ္ဘက္ဒူးဒဏ္ရာကို ခြဲစိတ္ကုသရဖို႔ရွိေနတယ္လို႔ ကလပ္အသင္းက တရား၀င္ေၾကညာခဲ့ ပါတယ္။

ဂါရတ္ေဘးလ္(စပါး)

ေဘးလ္ဟာ စပါးကိုေျပာင္းေရႊ႕လာခဲ့ၿပီး ပြဲထြက္ကစားသမားအျဖစ္ ၀က္စ္ဘရြန္း နဲ႔ပြဲမွာ ပထမဆံုးကစားခဲ့ေပမယ့္ ၇၈ မိနစ္မွာ ဒဏ္ရာေၾကာင့္ လူးကပ္စ္မိုရာနဲ႔ လူ စားလဲခဲ့ရပါတယ္။ ေဘးလ္ဟာ အရန္ကစားသမားေတြထိုင္တဲ့ထိုင္ခံုကို ျပန္သြား ထိုင္ေနတဲ့အခ်ိန္မွာေတာ့ အသင္းေဆးအဖြဲ႕၀င္တစ္ဦးက သူ႕ရဲ႕ေျခေထာက္ကို ေရခဲအိတ္ကပ္ေပးၿပီး ျပဳစုခဲ့ရတာေၾကာင့္ ေ၀းလ္အသင္းနဲ႔ ပါ၀င္ကစားဖို႔ ဒီတစ္ ပတ္ မေသခ်ာေသးပါဘူး။