စီရော်နယ်ဒို၊ မက်ဆီ၊ နေမာ တို့ကို သူ့ရဲ့ကိုယ်ပိုင် မီယာမီအသင်းမှာ လာကစားဖို့ ဘက်ခမ်းကြိုးစားနေ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

လက်ရှိကမ္ဘာ့အကောင်းဆုံး ဘောလုံးသမား၂ယောက်ဖြစ်တဲ့ စီရော်နယ်ဒိုနဲ့ မက်င်္ဆီကို အသင်းတစ်သင်းထဲမှာ အတူတကွ တွဲပြီးကစားတာကို အကောင်အထည် ဖော်နိုင်မယ်လို့ ဘောလုံးစတားတစ်ဦးဖြစ်တဲ့ ဒေးဗစ်ဘက်ခမ်းက ယုံကြည်နေပါတယ်။

ဘက်ခမ်းဟာ ကစားသမားဘဝတုန်းက ရီးရဲလ်ကနေ အမေရိကန်မေဂျာလိဂ် LAဂလက်ဇီအသင်းကို ပြောင်းရွှေ့ကစားခဲ့တဲ့သူဖြစ်ပြီး သူ့ရဲ့ ခြေရာကိုနောက်ပိုင်းမှာ ဥရောပက ရာအူလ်၊ ကာကာ၊ အွန်နရီ၊ လမ်းပတ်၊ အီဘရာဟီမိုဗစ်၊ ရူနီ အစရှိတဲ့ ဘောလုံးသမားတွေ လိုက်လာပြီး အမေရိကားမြေမှာ ကစားခဲ့ကြပါတယ်။ ဘက်ခမ်းလို brand ပေါက်ပြီးသား ဘောလုံးသမားတစ်ဦးရဲ့လမ်းစဉ်ကို လိုက်လုပ်ကြတာ သူတို့အတွက် အကျိုးမယုတ်ခဲ့ကြပါဘူး။

အခုချိန်မှာ ဘက်ခမ်းဟာ အင်တာမီယာမီ ဆိုတဲ့ ဘောလုံကလပ်အသင်းတစ်ခုကို ထူထောင်ထားပြီးဖြစ်သလို သူ့အသင်းမှာ နာမည်ကြီးဘောလုံးသမားတွေ လာကစားဖို့ကိုလည်း ကြိုးစားနေပါတယ်။ အမေရိကားအရှေ့တောင်ဖက်ခြမ်းက ဖလော်ရီဒါပြည်နယ် မီယာမီကမ်းခြေဟာ နာမည်ကျော်ကမ်းခြေတစ်ခုဖြစ်သလို အခုဆိုရင် ဘက်ခမ်းရဲ့ ဘောလုံးအသင်းပါရှိလာပြီဖြစ်လို့ ဆွဲဆောင်အားပိုကေင်းလာပါပြီ။

ပြီးခဲ့တဲ့ ဇန်နဝါရီလတုန်းက ဘက်ခမ်းဟာ အသင်းနည်းပြအဖြစ် မန်ယူအသင်းမှာသူနဲ့ ငယ်ဘဝကတည်းက အသင်းဖော်ဖြစ်တဲ့ ဖီးလ်နဗီးလ်ကို နည်းပြအဖြစ် ခန့်အပ်ခဲ့ပါတယ်။ ဖီးနဗီးလ်ဟာ ဗလင်စီယာအသင်းကို ကိုင်တွယ်ဖူးသလို အင်္ဂလန်အမျိုးသမီးလက်ရွေးစင်အသင်း နည်းပြအဖြစ တာဝန်ယူဆောင်ရွက်နေလို့ အတွေ့အကြုံအတော်အတန် ရထားပြီးသားမို့ သူ့အသင်းနဲ့ သင့်တော်မယ်ဆိုပြီး ခေါ်ယူခဲ့တာဖြစ်တယ်လို့ ဘက်ခမ်းက မီဒီယာတွေကို ပြောပြခဲ့ပါတယ်။

နာမည်ကြီးဘောလုံးသမားတွေ ခေါ်ယူမယ့်ကိစ္စနဲ့ပတ်သတ်ပြီး ဘက်ခမ်းက ESPNကို ” အင်တာမီယာမီအသင်းကို တည်ထောင်လိုက်ပြီးကတည်းက အသင်းကို စတားပလေယာတွေခေါ်ဖို့ အမြဲကြိုးစားနေပါတယ်။ စီရော်နယ်ဒို၊ မက်ဆီ၊ နေမာတို့အပါအဝင်ပါပဲ။ အရိုးသားဆုံးပြောရရင် ဒီနေရာဟာ ကစားသမားတွေ လာကစားဖို့ ဆွဲဆောင်မှုရှိသလို မခက်ပါဘူး။

မီယာမီမြို့က ပရိသတ်တွေကလည်း အရမ်းအားပေးမှာသေချာတယ်။ ဥရောပက နာမည်ကြီး ဘောလုံးသမားတွေကို ဒီနေရာကနေကြိုဆိုပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။ ဘက်ခမ်းရဲ့ အင်တာမီယာမီအသင်းမှာ အာဆင်နယ်ကစားသမားဟောင်း နောက်ခံလူ ကီရန်ဂစ်ဘ် အပြင် ရီးရဲလ်၊နာပိုလီ၊ ဂျူဗင်တပ်နဲ့ အေစီမီလန်တို့မှာ ကစားခဲ့တဲ့ တိုက်စစ်မှုး ဟီဂူရင်လည်း ၂၀၂၀ ခုနှစ်ကတည်းက လာရောက်ကစားနေပါတယ်။

ဘက်ခမ်းဟာ ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းကပဲ မီယာမီအသင်းရဲ့ လေ့ကျင့်ရေးကွင်းမှာ သူ့ရဲ့ သားဖြစ်သူ ရိုမီရိုအပါအဝင် အခြားကစားသမားတွေနဲ့အတူ ဂိုးဘားတန်းကို ထိအောင်ကန်ပြတဲ့ (Crossbar challenge) ပုံစံကို ပြုလုပ်ပြပြီး သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ တင်ထားခဲ့ပါသေးတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

လက္ရွိကမာၻ႔အေကာင္းဆုံး ေဘာလုံးသမား၂ေယာက္ျဖစ္တဲ့ စီေရာ္နယ္ဒိုနဲ႔ မက္ဆႌကို အသင္းတစ္သင္းထဲမွာ အတူတကြ တြဲၿပီးကစားတာကို အေကာင္အထည္ ေဖာ္ႏိုင္မယ္လို႔ ေဘာလုံးစတားတစ္ဦးျဖစ္တဲ့ ေဒးဗစ္ဘက္ခမ္းက ယုံၾကည္ေနပါတယ္။

ဘက္ခမ္းဟာ ကစားသမားဘဝတုန္းက ရီးရဲလ္ကေန အေမရိကန္ေမဂ်ာလိဂ္ LAဂလက္ဇီအသင္းကို ေျပာင္းေ႐ႊ႕ကစားခဲ့တဲ့သူျဖစ္ၿပီး သူ႔ရဲ႕ ေျခရာကိုေနာက္ပိုင္းမွာ ဥေရာပက ရာအူလ္၊ ကာကာ၊ အြန္နရီ၊ လမ္းပတ္၊ အီဘရာဟီမိုဗစ္၊ ႐ူနီ အစရွိတဲ့ ေဘာလုံးသမားေတြ လိုက္လာၿပီး အေမရိကားေျမမွာ ကစားခဲ့ၾကပါတယ္။ ဘက္ခမ္းလို brand ေပါက္ၿပီးသား ေဘာလုံးသမားတစ္ဦးရဲ႕လမ္းစဥ္ကို လိုက္လုပ္ၾကတာ သူတို႔အတြက္ အက်ိဳးမယုတ္ခဲ့ၾကပါဘူး။

အခုခ်ိန္မွာ ဘက္ခမ္းဟာ အင္တာမီယာမီ ဆိုတဲ့ ေဘာလုံကလပ္အသင္းတစ္ခုကို ထူေထာင္ထားၿပီးျဖစ္သလို သူ႔အသင္းမွာ နာမည္ႀကီးေဘာလုံးသမားေတြ
လာကစားဖို႔ကိုလည္း ႀကိဳးစားေနပါတယ္။ အေမရိကားအေရွ႕ေတာင္ဖက္ျခမ္းက ဖေလာ္ရီဒါျပည္နယ္ မီယာမီကမ္းေျခဟာ နာမည္ေက်ာ္ကမ္းေျခတစ္ခုျဖစ္သလို
အခုဆိုရင္ ဘက္ခမ္းရဲ႕ ေဘာလုံးအသင္းပါရွိလာၿပီျဖစ္လို႔ ဆြဲေဆာင္အားပိုေကင္းလာပါၿပီ။

ၿပီးခဲ့တဲ့ ဇန္နဝါရီလတုန္းက ဘက္ခမ္းဟာ အသင္းနည္းျပအျဖစ္ မန္ယူအသင္းမွာသူနဲ႔ ငယ္ဘဝကတည္းက အသင္းေဖာ္ျဖစ္တဲ့ ဖီးလ္နဗီးလ္ကို နည္းျပအျဖစ္ ခန႔္အပ္ခဲ့ပါတယ္။ ဖီးနဗီးလ္ဟာ ဗလင္စီယာအသင္းကို ကိုင္တြယ္ဖူးသလို အဂၤလန္အမ်ိဳးသမီးလက္ေ႐ြးစင္အသင္း နည္းျပအျဖစ တာဝန္ယူေဆာင္႐ြက္ေနလို႔ အေတြ႕အႀကဳံအေတာ္အတန္ ရထားၿပီးသားမို႔ သူ႔အသင္းနဲ႔ သင့္ေတာ္မယ္ဆိုၿပီး ေခၚယူခဲ့တာျဖစ္တယ္လို႔ ဘက္ခမ္းက မီဒီယာေတြကို ေျပာျပခဲ့ပါတယ္။

နာမည္ႀကီးေဘာလုံးသမားေတြ ေခၚယူမယ့္ကိစၥနဲ႔ပတ္သတ္ၿပီး ဘက္ခမ္းက ESPNကို ” အင္တာမီယာမီအသင္းကို တည္ေထာင္လိုက္ၿပီးကတည္းက အသင္းကို စတားပေလယာေတြေခၚဖို႔ အၿမဲႀကိဳးစားေနပါတယ္။ စီေရာ္နယ္ဒို၊ မက္ဆီ၊ ေနမာတို႔အပါအဝင္ပါပဲ။ အ႐ိုးသားဆုံးေျပာရရင္ ဒီေနရာဟာ ကစားသမားေတြ လာကစားဖို႔ ဆြဲေဆာင္မႈရွိသလို မခက္ပါဘူး။

မီယာမီၿမိဳ႕က ပရိသတ္ေတြကလည္း အရမ္းအားေပးမွာေသခ်ာတယ္။ ဥေရာပက နာမည္ႀကီး ေဘာလုံးသမားေတြကို ဒီေနရာကေနႀကိဳဆိုပါတယ္” လို႔ ေျပာၾကားသြားခဲ့ပါတယ္။ ဘက္ခမ္းရဲ႕ အင္တာမီယာမီအသင္းမွာ အာဆင္နယ္ကစားသမားေဟာင္း ေနာက္ခံလူ ကီရန္ဂစ္ဘ္ အျပင္ ရီးရဲလ္၊နာပိုလီ၊ ဂ်ဴဗင္တပ္နဲ႔ ေအစီမီလန္တို႔မွာ ကစားခဲ့တဲ့ တိုက္စစ္မႈး ဟီဂူရင္လည္း ၂၀၂၀ ခုႏွစ္ကတည္းက လာေရာက္ကစားေနပါတယ္။

ဘက္ခမ္းဟာ ၿပီးခဲ့တဲ့ ရက္ပိုင္းတုန္းကပဲ မီယာမီအသင္းရဲ႕ ေလ့က်င့္ေရးကြင္းမွာ သူ႔ရဲ႕ သားျဖစ္သူ ႐ိုမီ႐ိုအပါအဝင္ အျခားကစားသမားေတြနဲ႔အတူ ဂိုးဘားတန္းကို ထိေအာင္ကန္ျပတဲ့ (Crossbar challenge) ပုံစံကို ျပဳလုပ္ျပၿပီး သူ႔ရဲ႕ လူမႈကြန္ယက္စာမ်က္ႏွာမွာ တင္ထားခဲ့ပါေသးတယ္။