စီရော်နယ်ဒိုအကြောင်းကိုပဲ ထပ်ခါထပ်ခါမေးနေလို့ သတင်းစာရှင်းပွဲမှာ ပေါ်တူဂီနည်းပြဒေါသထွက်

photo-sportbible

photo-gettyimages

ယူရိုခြေစစ်ပွဲအကြိုသတင်းစာရှင်းလင်းပွဲမှာ စီရော်နယ်ဒိုအကြောင်းကိုပဲ ထပ်ခါထပ်ခါမေးနေကြလို့ ပေါ်တူဂီနည်းပြဖာနန်ဒိုဆန်းတို့စ်တစ်ယောက် ဒေါသထွက်ရတဲ့အခြေအနေထိ ရောက်သွားခဲ့ရပါတယ်။ စီရော်နယ်ဒိုဟာ ဂျူဗင်တပ်အတွက် သူ့ရဲ့နောက်ဆုံး ၂ ပွဲမှာ လူစားလဲခံခဲ့ရပြီး နောက်ဆုံးကစားခဲ့တဲ့ အေစီမီလန်နဲ့ပွဲမှာဆိုရင် ပွဲမပြီးခင် အိမ်ပြန်သွားတယ်လို့လည်း သတင်းတွေ ထွက်လာပါတယ်။ စီရော်နယ်ဒို မပျော်မရွှင်ဖြစ်နေတယ်ဆိုတဲ့ ခန့်မှန်းမှုတွေဟာ စိုးမိုးနေချိန်ဖြစ်ပြီး ပေါ်တူဂီအသင်း မီဒီယာနဲ့ရင်ဆိုင်တော့ တွေ့ကြုံရတဲ့အကြောင်းအရာ ဖြစ်လာပါတယ်။

photo-gettyimages

ဝုဗ်မှာ ကစားနေတဲ့နီဗက်စ်က သူ့ရဲ့လက်ရွေးစင်အသင်းဖော်ဟာ အဆင်ပြေနေတယ်လို့ ကြည့်ကောင်းအောင် ဖြေပေးခဲ့ပေမယ့် ပေါ်တူဂီနည်းပြဆန်းတို့စ်ကတော့ လူစားလဲခံရမှုမှာ ကစားသမားရဲ့အရှိန်အဝါဟာ အသုံးချခံနေရတယ်လို့ ယုံကြည်နေပါတယ်။ ”အားလုံးက စီရော်နယ်ဒိုအကြောင်း ပြောချင်ကြတယ်။ အားလုံးက စီရော်နယ်ဒိုအပေါ် သူတို့ရဲ့အမြင်တွေကို ပေးချင်ကြတယ်။ ဘာကြောင့်လဲဆိုတော့ အဲဒါမျိုး(လူစားလဲခံရမှု)သာ တခြားကစားသမားတစ်ယောက်မှာ ဖြစ်မယ်ဆိုရင် ဘယ်သူကမှ အရေးစိုက်ပြီး ပြောကြမှာ မဟုတ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ စီရော်နယ်ဒိုဖြစ်နေလို့ပါပဲ။ ကစားသမားတွေ သန်းနဲ့ချီရှိနေကြပေမယ့် စီရော်နယ်ဒိုတစ်ယောက်တည်းကို အဲဒါက ဖြစ်သလိုပုံစံမျိုးဖြစ်နေတယ်။ စီရော်နယ်ဒို ဒီမှာရှိတယ်။ သူ့ကို ရွေးထားတယ်။ သူ အဆင်ပြေတယ်။ သူကစားမယ်။ အဲဒီကိစ္စ ကျွန်တော့်အတွက် ဘာသံသယမှမရှိဘူး။ ဒါကြောင့် ကျွန်တော့်အတွက်က ဒီမှာ ဘာပြသနာမှ မရှိဘူး”လို့ နည်းပြဆန်းတို့စ်က ပြောခဲ့တာပါ။

photo-gettyimages

နောက်တစ်ကြိမ် စီရော်နယ်ဒိုအကြောင်း မေးခံရတဲ့အခါ ဒီတစ်ခါတော့ ဆန်းတို့စ်ဘက်က ပြတ်ပြတ်သားသားေ့ပြာလိုက်ပါတယ်။ ”စီရော်နယ်ဒိုအကြောင်းလား။ နိုး..ဆောရီး ဆောရီး။ ကျွန်တော်က ပေါ်တူဂီအကြောင်းပဲ ပြောတော့မှာ။ စီရော်နယ်ဒိုအကြောင်းကို ထပ်ပြောမှာ မဟုတ်တော့ဘူး။ ကျွန်တော့်အတွက် စီရော်နယ်ဒိုအကြောင်းအရာဟာ ဒီမှာတင် ဆုံးသွားပါပြီ”လို့ ဆန်းတို့စ်က ဒေါသထွက်ထွက်နဲ့ ပြန်ဖြေခဲ့ပါတယ်။

[Zawgyi]

စီေရာ္နယ္ဒိုအေၾကာင္းကိုပဲ ထပ္ခါထပ္ခါေမးေနလုိ႔ သတင္းစာရွင္းပြဲမွာ ေပၚတူဂီနည္းျပေဒါသထြက္

ယူရိုေျခစစ္ပြဲအႀကိဳသတင္းစာရွင္းလင္းပြဲမွာ စီေရာ္နယ္ဒိုအေၾကာင္းကိုပဲ ထပ္ခါထပ္ခါေမးေနၾကလုိ႔ ေပၚတူဂီနည္းျပဖာနန္ဒိုဆန္းတုိ႔စ္တစ္ေယာက္ ေဒါသထြက္ရတဲ့အေျခအေနထိ ေရာက္သြားခဲ့ရပါတယ္။ စီေရာ္နယ္ဒိုဟာ ဂ်ဴဗင္တပ္အတြက္ သူ႔ရဲ႕ေနာက္ဆုံး ၂ ပြဲမွာ လူစားလဲခံခဲ့ရၿပီး ေနာက္ဆုံးကစားခဲ့တ့ဲ ေအစီမီလန္နဲ႔ပြဲမွာဆုိရင္ ပြဲမၿပီးခင္ အိမ္ျပန္သြားတယ္လို႔လည္း သတင္းေတြ ထြက္လာပါတယ္။ စီေရာ္နယ္ဒို မေပ်ာ္မရႊင္ျဖစ္ေနတယ္ဆိုတဲ့ ခန္႔မွန္းမႈေတြဟာ စိုးမိုးေနခ်ိန္ျဖစ္ၿပီး ေပၚတူဂီအသင္း မီဒီယာနဲ႔ရင္ဆုိင္ေတာ့ ေတြ႕ႀကဳံရတဲ့အေၾကာင္းအရာ ျဖစ္လာပါတယ္။

၀ုဗ္မွာ ကစားေနတဲ့နီဗက္စ္က သူ႔ရဲ႕လက္ေရြးစင္အသင္းေဖာ္ဟာ အဆင္ေျပေနတယ္လို႔ ၾကည့္ေကာင္းေအာင္ ေျဖေပးခဲ့ေပမယ့္ ေပၚတူဂီနည္းျပဆန္းတုိ႔စ္ကေတာ့ လူစားလဲခံရမႈမွာ ကစားသမားရဲ႕အရွိန္အ၀ါဟာ အသုံးခ်ခံေနရတယ္လုိ႔ ယုံၾကည္ေနပါတယ္။ ”အားလုံးက စီေရာ္နယ္ဒုိအေၾကာင္း ေျပာခ်င္ၾကတယ္။ အားလုံးက စီေရာ္နယ္ဒိုအေပၚ သူတုိ႔ရဲ႕အျမင္ေတြကို ေပးခ်င္ၾကတယ္။ ဘာေၾကာင့္လဲဆုိေတာ့ အဲဒါမ်ိဳး(လူစားလဲခံရမႈ)သာ တျခားကစားသမားတစ္ေယာက္မွာ ျဖစ္မယ္ဆိုရင္ ဘယ္သူကမွ အေရးစုိက္ၿပီး ေျပာၾကမွာ မဟုတ္ဘူး။ ဘာျဖစ္လုိ႔လဲဆုိေတာ့ စီေရာ္နယ္ဒိုျဖစ္ေနလို႔ပါပဲ။ ကစားသမားေတြ သန္းနဲ႔ခ်ီရွိေနၾကေပမယ့္ စီေရာ္နယ္ဒိုတစ္ေယာက္တည္းကို အဲဒါက ျဖစ္သလိုပုံစံမ်ိဳးျဖစ္ေနတယ္။ စီေရာ္နယ္ဒို ဒီမွာရွိတယ္။ သူ႔ကို ေရြးထားတယ္။ သူ အဆင္ေျပတယ္။ သူကစားမယ္။ အဲဒီကိစၥ ကၽြန္ေတာ့္အတြက္ ဘာသံသယမွမရွိဘူး။ ဒါေၾကာင့္ ကၽြန္ေတာ့္အတြက္က ဒီမွာ ဘာျပသနာမွ မရွိဘူး”လုိ႔ နည္းျပဆန္းတုိ႔စ္က ေျပာခဲ့တာပါ။

ေနာက္တစ္ႀကိမ္ စီေရာ္နယ္ဒိုအေၾကာင္း ေမးခံရတဲ့အခါ ဒီတစ္ခါေတာ့ ဆန္းတို႔စ္ဘက္က ျပတ္ျပတ္သားသားေ့ျပာလိုက္ပါတယ္။ ”စီေရာ္နယ္ဒိုအေၾကာင္းလား။ ႏိုး..ေဆာရီး ေဆာရီး။ ကၽြန္ေတာ္က ေပၚတူဂီအေၾကာင္းပဲ ေျပာေတာ့မွာ။ စီေရာ္နယ္ဒိုအေၾကာင္းကို ထပ္ေျပာမွာ မဟုတ္ေတာ့ဘူး။ ကၽြန္ေတာ့္အတြက္ စီေရာ္နယ္ဒိုအေၾကာင္းအရာဟာ ဒီမွာတင္ ဆုံးသြားပါၿပီ”လို႔ ဆန္းတို႔စ္က ေဒါသထြက္ထြက္နဲ႔ ျပန္ေျဖခဲ့ပါတယ္။