စီရော်နယ်ဒိုဟာ အရင်တုန်းကထက် Ballond d’Or ဆုနဲ့ ပိုထိုက်တန်ကြောင်း အေးဂျင့်မန်ဒက်စ်ဆို

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

စီရော်နယ်ဒိုဟာ ဒီနှစ် Ballon d’Or ဆုကို အရင်တုန်းကထက် ပိုပြီးထိုက်တန်ကြောင်း သူ့အေးဂျင့်ဖြစ်တဲ့ ဂျော့မန်ဒက်စ်က ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

ပြီးခဲ့တဲ့အပတ်ကပဲ Ballon d’Or ဆုအတွက် ဆန်ခါတင် ၃၀ ဦးစာရင်းထွက်ပေါ်ခဲ့ပြီး ၂၀၂၁ ရဲ့ကမ္ဘာ့အကောင်းဆုံးကစားသမားဆုကို ဘယ်သူသိမ်းပိုက်နိုင်မလဲဆိုတာနဲ့ပတ်သက်လို့ တကယ်ကို အကြိတ်အနယ်ဆန်နေပါတယ်။

ဘရာဇီးဂန္ထဝင်ရော်နယ်ဒိုကြီးကတော့ ဘင်ဇီမာအနေနဲ့ ပထမဆုံးအကြိမ်ရသင့်ကြောင်း ထောက်ခံခဲ့သလို ဂျူဗင်တပ်နောက်ခံလူချီရယ်လီနီကလည်း သူ့ရဲ့လက်ရွေးစင်အသင်းဖော်ဂျော်ဂျင်ဟိုကသာ ဆုနဲ့ထိုက်တန်တယ်လို့ ယုံကြည်နေပါတယ်။

တကယ်တမ်းရေပန်းစားနေတာကတော့ စံချိန်တင် ၆ ကြိမ်ရထားတဲ့ မက်ဆီဖြစ်ပေမယ့် တချို့ကတော့ အဲဒီအာဂျင်တီးနားကြယ်ပွင့်ရဲ့ပြိုင်ဘက်ဖြစ်တဲ့ စီရော်နယ်ဒိုသာ ရရှိသင့်တယ်လို့ ယုံကြည်နေပါတယ်။

ဒီလိုယုံကြည်နေတဲ့သူတွေထဲမှာ ကစားသမားရဲ့အေးဂျင့်ဂျော့မန်ဒက်စ်လည်းပါဝင်နေပြီး ၅ ကြိမ်ရထားပေမယ့်လည်း စီရော်နယ်ဒိုဟာ Ballon d’Or ဆုကို အရင်တုန်းကထက် ပိုပြီးထိုက်တန်တယ်လို့ အခုလို ဆိုလိုက်ပါတယ်။

”ကိန်းဂဏန်းတွေက စကားပြောပါတယ်။

သူဟာ ပေါ်တူဂီအတွက် ၁၁၅ ဂိုးသွင်ထားပြီး လက်ရွေးစင်အသင်းနဲ့ ကမ္ဘာ့စံချိန်တင်ထားတာပါ။

သူက ဘောလုံးသမိုင်းတစ်လျှောက် အကောင်းဆုံးဂိုးသွင်းသူလည်း ဖြစ်ပါတယ်။ အဲဒါက အဆုံးအဖြတ်တစ်ခုပါ။

သူရမှ ဖြစ်မယ်ဆိုတဲ့ အဓိပ္ပါယ်ဖြစ်ပြီး ဘာကြောင့်လဲဆိုတော့ သူဟာ သမိုင်းတစ်လျှောက် အကောင်းဆုံးဆိုတာ ဆက်လက်သက်သေပြမှာပါ”လို့ မန်ဒက်စ်က Ballon d’Or ဆုချီးမြှင့်တဲ့ ပြင်သစ်ဘောလုံးမဂ္ဂဇင်းကို ပြောခဲ့ပါတယ်။

ဒါ့အပြင် မန်ဒက်စ်က”စီရော်နယ်ဒိုဟာ စီးရီးအေမှာ ထိပ်တန်းဂိုးသွင်းရှင်ဖြစ်ခဲ့ပြီး နောက်ဆုံးယူရိုမှာလည်း ထိပ်တန်းဂိုးသွင်းရှင်ဖြစ်ခဲ့ကာ ချန်ပီယံလိဂ်မှာ သွင်းဂိုးအများဆုံးစံချိန်ရှင်ဆိုတာ မမေ့ပါနဲ့။

နောက်ပြီး သူဟာ အီတလီ၊ စပိန်နဲ့အင်္ဂလန်တို့လို အရမ်းကို ပြိုင်ဆိုင်မှုပြင်းထန်တဲ့နိုင်ငံတွေမှာ အရာအားလုံးအနိုင်ရခဲ့တဲ့ တစ်ဦးတည်းသောကစားသမားပါပဲ။

ဒါတွေအားလုံးပေါင်းလိုက်တော့ သူဟာ လုံးဝကို ထူးခြားသွားပါတယ်။

ကျွန်တော့်အမြင်အရတော့ ရွှေဘောလုံးဆုမှာ စီရော်နယ်ဒိုဆိုတဲ့ နာမည်တစ်ခုပဲ ရှိပါတယ်။

ဒီနှစ်ထက် သူပိုပြီထိုက်တန်တာ မရှိပါဘူး”လို့ ဆက်လက်ပြောကြားခဲ့ပါတယ်။

၃၆ နှစ်အရွယ် စီရော်နယ်ဒိုဟာ ဒီနှစ်ထဲမှာ ကလပ်အသင်းတွေဖြစ်တဲ့ ဂျူဗင်တပ်နဲ့ မန်ယူမှာရော လက်ရွေးစင်အသင်းပေါ်တူဂီမှာပါ ဘာဆုဖလားမှ မရခဲ့ပါဘူး။

Ballond d’Or ဆုအတွက် သူ့ရဲ့ပြိုင်ဘက်တွေကတော့ ၂၀၂၁ ခုနှစ်ထဲမှာ တစ်ခုမဟုတ်တစ်ခု ဗိုလ်စွဲထားကြပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

စီေရာ္နယ္ဒိုဟာ အရင္တုန္းကထက္ Ballond d’Or ဆုနဲ႔ ပိုထိုက္တန္ေၾကာင္း ေအးဂ်င့္မန္ဒက္စ္ဆို

စီေရာ္နယ္ဒိုဟာ ဒီႏွစ္ Ballon d’Or ဆုကို အရင္တုန္းကထက္ ပိုၿပီးထိုက္တန္ေၾကာင္း သူ႔ေအးဂ်င့္ျဖစ္တဲ့ ေဂ်ာ့မန္ဒက္စ္က ထုတ္ေဖာ္ေျပာၾကားလိုက္ပါတယ္။

ၿပီးခဲ့တဲ့အပတ္ကပဲ Ballon d’Or ဆုအတြက္ ဆန္ခါတင္ ၃၀ ဦးစာရင္းထြက္ေပၚခဲ့ၿပီး ၂၀၂၁ ရဲ႕ကမာၻ႔အေကာင္းဆုံးကစားသမားဆုကို ဘယ္သူသိမ္းပိုက္ႏိုင္မလဲဆိုတာနဲ႔ပတ္သက္လို႔ တကယ္ကို အႀကိတ္အနယ္ဆန္ေနပါတယ္။

ဘရာဇီးဂႏၴဝင္ေရာ္နယ္ဒိုႀကီးကေတာ့ ဘင္ဇီမာအေနနဲ႔ ပထမဆုံးအႀကိမ္ရသင့္ေၾကာင္း ေထာက္ခံခဲ့သလို ဂ်ဴဗင္တပ္ေနာက္ခံလူခ်ီရယ္လီနီကလည္း သူ႔ရဲ႕လက္ေ႐ြးစင္အသင္းေဖာ္ေဂ်ာ္ဂ်င္ဟိုကသာ ဆုနဲ႔ထိုက္တန္တယ္လို႔ ယုံၾကည္ေနပါတယ္။

တကယ္တမ္းေရပန္းစားေနတာကေတာ့ စံခ်ိန္တင္ ၆ ႀကိမ္ရထားတဲ့ မက္ဆီျဖစ္ေပမယ့္ တခ်ိဳ႕ကေတာ့ အဲဒီအာဂ်င္တီးနားၾကယ္ပြင့္ရဲ႕ၿပိဳင္ဘက္ျဖစ္တဲ့ စီေရာ္နယ္ဒိုသာ ရရွိသင့္တယ္လို႔ ယုံၾကည္ေနပါတယ္။

ဒီလိုယုံၾကည္ေနတဲ့သူေတြထဲမွာ ကစားသမားရဲ႕ေအးဂ်င့္ေဂ်ာ့မန္ဒက္စ္လည္းပါဝင္ေနၿပီး ၅ ႀကိမ္ရထားေပမယ့္လည္း စီေရာ္နယ္ဒိုဟာ Ballon d’Or ဆုကို အရင္တုန္းကထက္ ပိုၿပီးထိုက္တန္တယ္လို႔ အခုလို ဆိုလိုက္ပါတယ္။

”ကိန္းဂဏန္းေတြက စကားေျပာပါတယ္။ သူဟာ ေပၚတူဂီအတြက္ ၁၁၅ ဂိုးသြင္ထားၿပီး လက္ေ႐ြးစင္အသင္းနဲ႔ ကမာၻ႔စံခ်ိန္တင္ထားတာပါ။ သူက ေဘာလုံးသမိုင္းတစ္ေလွ်ာက္ အေကာင္းဆုံးဂိုးသြင္းသူလည္း ျဖစ္ပါတယ္။ အဲဒါက အဆုံးအျဖတ္တစ္ခုပါ။ သူရမွ ျဖစ္မယ္ဆိုတဲ့ အဓိပၸါယ္ျဖစ္ၿပီး ဘာေၾကာင့္လဲဆိုေတာ့ သူဟာ သမိုင္းတစ္ေလွ်ာက္ အေကာင္းဆုံးဆိုတာ ဆက္လက္သက္ေသျပမွာပါ”လို႔ မန္ဒက္စ္က Ballon d’Or ဆုခ်ီးျမႇင့္တဲ့ ျပင္သစ္ေဘာလုံးမဂၢဇင္းကို ေျပာခဲ့ပါတယ္။

ဒါ့အျပင္ မန္ဒက္စ္က”စီေရာ္နယ္ဒိုဟာ စီးရီးေအမွာ ထိပ္တန္းဂိုးသြင္းရွင္ျဖစ္ခဲ့ၿပီး ေနာက္ဆုံးယူ႐ိုမွာလည္း ထိပ္တန္းဂိုးသြင္းရွင္ျဖစ္ခဲ့ကာ ခ်န္ပီယံလိဂ္မွာ သြင္းဂိုးအမ်ားဆုံးစံခ်ိန္ရွင္ဆိုတာ မေမ့ပါနဲ႔။ ေနာက္ၿပီး သူဟာ အီတလီ၊ စပိန္နဲ႔အဂၤလန္တို႔လို အရမ္းကို ၿပိဳင္ဆိုင္မႈျပင္းထန္တဲ့ႏိုင္ငံေတြမွာ အရာအားလုံးအႏိုင္ရခဲ့တဲ့ တစ္ဦးတည္းေသာကစားသမားပါပဲ။

ဒါေတြအားလုံးေပါင္းလိုက္ေတာ့ သူဟာ လုံးဝကို ထူးျခားသြားပါတယ္။ ကြၽန္ေတာ့္အျမင္အရေတာ့ ေ႐ႊေဘာလုံးဆုမွာ စီေရာ္နယ္ဒိုဆိုတဲ့ နာမည္တစ္ခုပဲ ရွိပါတယ္။ ဒီႏွစ္ထက္ သူပိုၿပီထိုက္တန္တာ မရွိပါဘူး”လို႔ ဆက္လက္ေျပာၾကားခဲ့ပါတယ္။

၃၆ ႏွစ္အ႐ြယ္ စီေရာ္နယ္ဒိုဟာ ဒီႏွစ္ထဲမွာ ကလပ္အသင္းေတြျဖစ္တဲ့ ဂ်ဴဗင္တပ္နဲ႔ မန္ယူမွာေရာ လက္ေ႐ြးစင္အသင္းေပၚတူဂီမွာပါ ဘာဆုဖလားမွ မရခဲ့ပါဘူး။ Ballond d’Or ဆုအတြက္ သူ႔ရဲ႕ၿပိဳင္ဘက္ေတြကေတာ့ ၂၀၂၁ ခုႏွစ္ထဲမွာ တစ္ခုမဟုတ္တစ္ခု ဗိုလ္စြဲထားၾကပါတယ္။