
photo-the sun
photo-gettyimages
စီရော်နယ်ဒိုဟာ ကိုရိုနာဗိုင်းရပ်စ်ကိုရှောင်လွှဲနိုင်ဖို့ ဇာတိဖြစ်တဲ့ မာဒိုင်ရာကျွန်းဆီ အလွတ်ပြေးနိုင်ခဲ့ဖွယ်ရှိပေမယ့်လည်း ဖြစ်ချင်တော့ အဲဒီမှာ သဘဝဘေးအန္တရာယ်က ရှိနေပါသေးတယ်။ ဘာကြောင့်လဲဆိုတော့ သူရှိနေတဲ့အဲဒီကျွန်းမှာ တစ်ပတ်ကျော်အတွင်း နှစ်ကြိမ်တိုင် ငလျင်လှုပ်ခတ်သွားခဲ့လို့ပါပဲ။ မာဒိုင်ရာကျွန်းပေါ်က သူ့ရဲ့ဇာတိမြို့ဖြစ်တဲ့ဖန်ချယ်ဟာလည်း အဲဒီရဲ့ရိုက်ခတ်မှုကို ခံခဲ့ရတာပါ။
photo-instagram
ပြီးခဲ့တဲ့တနင်္ဂနွေနံနက်က အင်အားရစ်ချ်တာစကေး ၃.၈ ရှိတဲ့ ငလျင်တစ်ခုလှုပ်ခတ်သွားခဲ့တာပါ။ အဲဒီမတိုင်ခင် တစ်ပတ်ကျော်မှာလည်း ပိုကြီးတဲ့ငလျင်ဖြစ်တဲ့ အင်အားရစ်ချ်တာစကေး ၅.၂ ရှိတာ လှုပ်ခတ်သွားခဲ့ပါသေးတယ်။ အဲဒီငလျင်လှုပ်ခတ်မှုတွေကြောင့် ဘယ်သူမှ ထိခိုက်နာကျင်တာတော့ မရှိခဲ့ပါဘူး။ ဒါပေမဲ့ ကျောက်တုန်းတွေနဲ့ အမှိုက်သရိုက်တွေဟာ မာဒိုင်ရာကျွန်းရဲ့တောင်ပေါ်လမ်းအချို့ကို ပိတ်ဆို့သွားစေခဲ့တယ်လို့ သိရပါတယ်။
photo-mirror
နောက်ဆုံးလှုပ်ခဲ့တဲ့ငလျင်က မာဒိုင်ရာကျွန်တောင်ဘက်ကမ်းရိုးတန်းကို ဗဟိုပြုပြီးလှုပ်သွားခဲ့တာပါ။ ခန့်မှန်းခြေအနေနဲ့ လူပေါင်း ၂၉၀၀၀၀ နေထိုင်တဲ့ မာဒိုင်ရာကျွန်းမှာ ၁၂ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ငလျင်တွေလှုပ်ခဲ့တာလို့ သိရပါတယ်။ ဂျူဗင်တပ်အသင်းဖော်ဖြစ်သူ ရူဂါနီရဲ့ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမှုကြောင့် စီရော်နယ်ဒိုဟာ အီတလီကို မပြန်တော့ဘဲ သူ့ဇာတိမှာပဲ ကိုယ့်ကိုယ်ကိုသီသန့်ခွဲခြားနေနေတာပါ။
[Zawgyi]
စီေရာ္နယ္ဒိုရွိေနတဲ့ သူ႔ရဲ႕ဇာတိၿမိဳ႕မွာ တစ္ပတ္ေက်ာ္အတြင္း ဒုတိယအႀကိမ္ငလ်င္လႈပ္
စီေရာ္နယ္ဒိုဟာ ကိုရိုနာဗိုင္းရပ္စ္ကိုေရွာင္လႊဲႏိုင္ဖို႔ ဇာတိျဖစ္တဲ့ မာဒိုင္ရာကၽြန္းဆီ အလြတ္ေျပးႏိုင္ခဲ့ဖြယ္ရွိေပမယ့္လည္း ျဖစ္ခ်င္ေတာ့ အဲဒီမွာ သဘ၀ေဘးအႏၱရာယ္က ရွိေနပါေသးတယ္။ ဘာေၾကာင့္လဲဆိုေတာ့ သူရွိေနတဲ့အဲဒီကၽြန္္းမွာ တစ္ပတ္ေက်ာ္အတြင္း ႏွစ္ႀကိမ္တိုင္ ငလ်င္လႈပ္ခတ္သြားခဲ့လုိ႔ပါပဲ။ မာဒိုင္ရာကၽြန္းေပၚက သူ႔ရဲ႕ဇာတိၿမိဳ႕ျဖစ္တဲ့ဖန္ခ်ယ္ဟာလည္း အဲဒီရဲ႕ရိုက္ခတ္မႈကို ခံခဲ့ရတာပါ။
ၿပီးခဲ့တဲ့တနဂၤေႏြနံနက္က အင္အားရစ္ခ်္တာစေကး ၃.၈ ရွိတဲ့ ငလ်င္တစ္ခုလႈပ္ခတ္သြားခဲ့တာပါ။ အဲဒီမတိုင္ခင္ တစ္ပတ္ေက်ာ္မွာလည္း ပိုႀကီးတဲ့ငလ်င္ျဖစ္တဲ့ အင္အားရစ္ခ်္တာစေကး ၅.၂ ရွိတာ လႈပ္ခတ္သြားခဲ့ပါေသးတယ္။ အဲဒီငလ်င္လႈပ္ခတ္မႈေတြေၾကာင့္ ဘယ္သူမွ ထိခိုက္နာက်င္တာေတာ့ မရွိိခဲ့ပါဘူး။ ဒါေပမဲ့ ေက်ာက္တုန္းေတြနဲ႔ အမႈိက္သရိုက္ေတြဟာ မာဒိုင္ရာကၽြန္းရဲ႕ေတာင္ေပၚလမ္းအခ်ိဳ႕ကို ပိတ္ဆုိ႔သြားေစခဲ့တယ္လုိ႔ သိရပါတယ္။
ေနာက္ဆုံးလႈပ္ခဲ့တဲ့ငလ်င္က မာဒုိင္ရာကၽြန္ေတာင္ဘက္ကမ္းရိုးတန္းကို ဗဟိုျပဳၿပီးလႈပ္သြားခဲ့တာပါ။ ခန္႔မွန္းေျခအေနနဲ႔ လူေပါင္း ၂၉၀၀၀၀ ေနထိုင္တဲ့ မာဒိုင္ရာကၽြန္းမွာ ၁၂ ႏွစ္အတြင္း ပထမဆုံးအႀကိမ္အျဖစ္ ငလ်င္ေတြလႈပ္ခဲ့တာလို႔ သိရပါတယ္။ ဂ်ဴဗင္တပ္အသင္းေဖာ္ျဖစ္သူ ရူဂါနီရဲ႕ကိုရိုနာဗုိငး္ရပ္္စ္ကူးစက္ခံရမႈေၾကာင့္ စီေရာ္နယ္ဒိုဟာ အီတလီကို မျပန္ေတာ့ဘဲ သူ႔ဇာတိမွာပဲ ကိုယ့္ကိုယ္ကိုသီသန္႔ခြဲျခားေနေနတာပါ။