
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
ဂျူဗင်တပ်စ် အသင်းဟာ ရော်နယ်ဒိုလို ကစားသမား တစ်ယောက်ကို ပိုင်ဆိုင်ထားချိန်မှာတောင် ဥရောပရဲ့ ဂုဏ်သိက္ခာအရှိဆုံး ဆုဖလားဖြစ်တဲ့ ချန်ပီယံလိဂ်ဖလားနဲ့ ဝေးကွာနေဆဲဖြစ်ပြီး၊ သူတို့ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာလည်း စီးရီးအေ ချန်ပီယံဆုနဲ့ လွဲချော်ခဲ့ရပါတယ်။
ရော်နယ်ဒိုဟာ အံ့ဩဖွယ်ရာ ကစားသမားဘဝကို ပိုင်ဆိုင်ထားပြီး၊ သွင်းဂိုးတွေ ရာချီအောင် သွင်းယူထားနိုင်ပေမယ့် ဂျူဗင်တပ်စ် အသင်းမှာ သူ့ရဲ့ပစ်မှတ်တွေ ဖြစ်မလာနိုင်တော့ရင် ဒီနွေရာသီမှာ အသင်းက ထွက်ခွာသင့်ကြောင်း လူအတော်များများက အကြံပေးခဲ့ကြပါတယ်။
ဂျူဗင်တပ်စ်နည်းပြ အယ်လီဂရီက အသင်းတိုက်စစ်မှူး ရော်နယ်ဒိုဟာ အသင်းကနေ ထွက်ခွာမှာ မဟုတ်ဘူးလို့ အတည်ပြုပြောသွားခဲ့ပါတယ်။ အသက် (၃၆) နှစ်အရွယ်ကစားသမားနဲ့
ဂျူဗင်တပ်စ်အသင်းရဲ့ စာချုပ်သက်တမ်းက ကုန်ဆုံးရန် (၁) နှစ်ပဲ ကျန်တော့တာဖြစ်ပြီး ဘယ်အသင်းကို ပြောင်းမလဲလို့ သတင်းတွေ ထွက်ပေါ်နေတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း မန်စီးတီး၊ PSG၊ ရီးရဲလ် စတဲ့အသင်းများနှင့် စီရော်နယ်ဒို၏ အပြောင်းအရွှေ့သတင်းများမှာ ခပ်စိပ်စိပ်ထွက်ပေါ်လာခဲ့ပြီး စီရော်နယ်ဒိုကိုယ်တိုင်လည်း အဲဒီသတင်းများအပေါ် ငြင်းဆန်ပယ်ချမှုများပြုလုပ်ထားပါတယ်။
“ရော်နယ်ဒိုက ကျွန်တော်တို့အတွက် အရေးပါတဲ့ ကစားသမားပါ။
ဘာကြောင့်လဲဆိုတော့ သူဟာ ဂိုးတွေ အများကြီးသွင်းပေးမယ့်သူပါ။
သူကျွန်တော်တို့ နဲ့ လေ့ကျင့်ရေးဆင်းနေဆဲပါ။
ကောလာဟလသတင်းတွေကတော့ ထုံးစံအတိုင်းပါပဲ။
သူအသင်းကနေ ထွက်ခွာချင်တယ်လို့တော့ ဘယ်တုန်းကမှ မပြောခဲ့ပါဘူး” လို့ နည်းပြ အယ်လီဂရီက ပြောသွားခဲ့တာဖြစ်ပါတယ်။
ပေါ်တူဂီ တိုက်စစ်မှူးကြီးဟာ နောက်ဆုံးဘောလုံးရာသီ ၁၂ခုမှာ သွင်းဂိုး၃၀နဲ့အထက် သွင်းယူနိုင်ခဲ့တဲ့ ဘောလုံးရာသီ ၁၁ခုအထိရှိခဲ့ပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
zawgyi
စီေရာ္နယ္ဒိုရဲ႕ အေျပာင္းအေ႐ႊ႕ကိစၥ နည္းျပကိုယ္တိုင္ အတည္ျပဳ ရွင္းၿပီ
ဂ်ဴဗင္တပ္စ္ အသင္းဟာ ေရာ္နယ္ဒိုလို ကစားသမား တစ္ေယာက္ကို ပိုင္ဆိုင္ထားခ်ိန္မွာေတာင္ ဥေရာပရဲ႕ ဂုဏ္သိကၡာအရွိဆုံး ဆုဖလားျဖစ္တဲ့ ခ်န္ပီယံလိဂ္ဖလားနဲ႔ ေဝးကြာေနဆဲျဖစ္ၿပီး၊ သူတို႔ဟာ ၿပီးခဲ့တဲ့ ေဘာလုံးရာသီမွာလည္း စီးရီးေအ ခ်န္ပီယံဆုနဲ႔ လြဲေခ်ာ္ခဲ့ရပါတယ္။
ေရာ္နယ္ဒိုဟာ အံ့ဩဖြယ္ရာ ကစားသမားဘဝကို ပိုင္ဆိုင္ထားၿပီး၊ သြင္းဂိုးေတြ ရာခ်ီေအာင္ သြင္းယူထားႏိုင္ေပမယ့္ ဂ်ဴဗင္တပ္စ္ အသင္းမွာ သူ႔ရဲ႕ပစ္မွတ္ေတြ ျဖစ္မလာႏိုင္ေတာ့ရင္ ဒီေႏြရာသီမွာ အသင္းက ထြက္ခြာသင့္ေၾကာင္း လူအေတာ္မ်ားမ်ားက အႀကံေပးခဲ့ၾကပါတယ္။
ဂ်ဴဗင္တပ္စ္နည္းျပ အယ္လီဂရီက အသင္းတိုက္စစ္မႉး ေရာ္နယ္ဒိုဟာ အသင္းကေန ထြက္ခြာမွာ မဟုတ္ဘူးလို႔ အတည္ျပဳေျပာသြားခဲ့ပါတယ္။ အသက္ (၃၆) ႏွစ္အ႐ြယ္ကစားသမားနဲ႔ ဂ်ဴဗင္တပ္စ္အသင္းရဲ႕ စာခ်ဳပ္သက္တမ္းက ကုန္ဆုံးရန္ (၁) ႏွစ္ပဲ က်န္ေတာ့တာျဖစ္ၿပီး ဘယ္အသင္းကို ေျပာင္းမလဲလို႔ သတင္းေတြ ထြက္ေပၚေနတာျဖစ္ပါတယ္။
ၿပီးခဲ့တဲ့ ရက္ပိုင္းအတြင္း မန္စီးတီး၊ PSG၊ ရီးရဲလ္ စတဲ့အသင္းမ်ားႏွင့္ စီေရာ္နယ္ဒို၏ အေျပာင္းအေ႐ႊ႕သတင္းမ်ားမွာ ခပ္စိပ္စိပ္ထြက္ေပၚလာခဲ့ၿပီး စီေရာ္နယ္ဒိုကိုယ္တိုင္လည္း အဲဒီသတင္းမ်ားအေပၚ ျငင္းဆန္ပယ္ခ်မႈမ်ားျပဳလုပ္ထားပါတယ္။
“ေရာ္နယ္ဒိုက ကြၽန္ေတာ္တို႔အတြက္ အေရးပါတဲ့ ကစားသမားပါ။ ဘာေၾကာင့္လဲဆိုေတာ့ သူဟာ ဂိုးေတြ အမ်ားႀကီးသြင္းေပးမယ့္သူပါ။ သူကြၽန္ေတာ္တို႔ နဲ႔ ေလ့က်င့္ေရးဆင္းေနဆဲပါ။ ေကာလာဟလသတင္းေတြကေတာ့ ထုံးစံအတိုင္းပါပဲ။ သူအသင္းကေန ထြက္ခြာခ်င္တယ္လို႔ေတာ့ ဘယ္တုန္းကမွ မေျပာခဲ့ပါဘူး” လို႔ နည္းျပ အယ္လီဂရီက ေျပာသြားခဲ့တာျဖစ္ပါတယ္။
ေပၚတူဂီ တိုက္စစ္မႉးႀကီးဟာ ေနာက္ဆုံးေဘာလုံးရာသီ ၁၂ခုမွာ သြင္းဂိုး၃၀နဲ႔အထက္ သြင္းယူႏိုင္ခဲ့တဲ့ ေဘာလုံးရာသီ ၁၁ခုအထိရွိခဲ့ပါတယ္။