စီရော်နယ်ဒိုရဲ့ ပထမအကျော့က ကြိုးစားခဲ့တာတွေကြောင့် ဖိုင်နယ်ရောက်ခဲ့တဲ့ ဂျူဗင်တပ်စ်

ဂျူဗင်တပ်စ်အသင်းဟာ ကိုပါအီတာလီယာ ဒုတိယ အကျော့ပွဲစဉ်မှာ အင်တာမီလန်အသင်းကိုသရေကစားခဲ့ပါတယ်။ ဒါပေမယ့် ၂ ကျော့ပေါင်း ရလဒ် ၂-၁ ဂိုးနဲ့ ဂျူဗင်တပ်စ်တို့ ဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ခဲ့ကြပါတယ်။

ပထမပိုင်းမှာ လော်တာရိုမာတီနက်ဇ် အခွင့်အရေးကောင်းတွေရခဲ့ပေမယ့် အသုံးမချနိုင်ခဲ့သလို လူကာကူရဲ့ခေါင်းတိုက်ချက်ကလည်း အားများနေခဲ့တာကြောင့် နစ်နာခဲ့ရပါတယ်။ရော်နယ်ဒို ရဲ့ကန်သွင်းချက် (၂)ကြိမ်ကိုလည်း အင်တာအသင်းဂိုးသမား ဟန်ဒါနိုဗစ် လက်စွမ်းပြကာကွယ်သွားခဲ့ပါတယ်။

ပွဲပြီးဆုံးချိန်မှာ ၂ သင်းစလုံးအခွင့်အရေးတွေအသုံးမချနိုင်ခဲ့တာကြောင့် သရေပွဲဖြစ်ခဲ့တာပါ။ အင်တာမီလန် အသင်းဟာ ပထမအကျော့က အိမ်ကွင်းမှာ အရေးနိမ့်ခဲ့တဲ့အတွက် ဒီပွဲမှာ ရလဒ်ကောင်းရဖို့ ကြိုးစားလာခဲ့ပြီး ဂိုးပေါက်ကန်သွင်းမှု (၂၁)ကြိမ်အထိရှိခဲ့တာဖြစ်ပါတယ်။

ပထမအကျော့ ကစားခဲ့တုန်းက ဂျူဗင်တပ်စ် အသင်းက (၂)ဂိုး-(၁)ဂိုးနဲ့ အနိုင်ရခဲ့တာဖြစ်ပြီး၊ အဲဒီတုန်းက စီရော်နယ်ဒိုရဲ့ အားထုတ်မှုတွေ အများကြီးပါပါတယ်။အခုတော့ ဂျူဗင်တပ်စ် အသင်းဟာ (၂)နှစ်ဆက် ကိုပါအီတာလီယာဗိုလ်လုပွဲ တက်နိုင်ခဲ့ပါတယ်။

ဂျူဗင်တပ်စ်ဟာ ဖိုင်နယ်အဆင့်မှာ အတ္တလန္တာ – နာပိုလီတို့ထဲက တစ်သင်းသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။ဂျူဗင်တပ်စ် အသင်းဟာ ပြီးခဲ့တဲ့နှစ်က ဗိုလ်လုပွဲမှာ နာပိုလီ အသင်းကို ပင်နယ်တီအဆုံးအဖြတ်နဲ့ အရေးနိမ့်ခဲ့ပါတယ်။

ကိုပါအီတာလီယာဖလား ဗိုလ်လုပွဲကို မေလ(၁၉)ရက်မှာ ကျင်းပသွားမှာဖြစ်ပါတယ်။ဂျူဗင်တပ်စ် အသင်းဟာအဲ ဒီဆုဖလားကို (၁၃)ကြိမ်ရထားပြီး ပြိုင်ပွဲရဲ့အအောင်မြင်ဆုံးအသင်းအဖြစ် ရပ်တည်နေတာလည်းဖြစ်ပါတယ်။

Zawgyi

စီ​ေရာ္နယ္ဒိုရဲ႕ ပထမအ​ေက်ာ့က ႀကိဳးစားခဲ့တာ​​ေတြ​​ေၾကာင့္ ဖိုင္နယ္​ေရာက္ခဲ့တဲ့ ဂ်ဴဗင္တပ္စ္

ဂ်ဴဗင္တပ္စ္အသင္းဟာ ကိုပါအီတာလီယာ ဒုတိယ အေက်ာ့ပြဲစဥ္မွာ အင္တာမီလန္အသင္းကိုသေရကစားခဲ့ပါတယ္။ ဒါ​ေပမယ့္ ၂ ေက်ာ့ေပါင္း ရလဒ္ ၂-၁ ဂိုးနဲ႔ ဂ်ဴဗင္တပ္စ္တို႔ ဖိုင္နယ္အဆင့္ကို တက္ေရာက္ႏိုင္ခဲ့ၾကပါတယ္။

ပထမပိုင္းမွာ ေလာ္တာ႐ိုမာတီနက္ဇ္ အခြင့္အေရးေကာင္းေတြရခဲ့ေပမယ့္ အသုံးမခ်ႏိုင္ခဲ့သလို လူကာကူရဲ႕ေခါင္းတိုက္ခ်က္ကလည္း အားမ်ားေနခဲ့တာေၾကာင့္ နစ္နာခဲ့ရပါတယ္။ေရာ္နယ္ဒို ရဲ႕ကန္သြင္းခ်က္ (၂)ႀကိမ္ကိုလည္း အင္တာအသင္းဂိုးသမား ဟန္ဒါႏိုဗစ္ လက္စြမ္းျပကာကြယ္သြားခဲ့ပါတယ္။ ပြဲၿပီးဆုံးခ်ိန္မွာ ၂ သင္းစလုံးအခြင့္အေရးေတြအသုံးမခ်ႏိုင္ခဲ့တာေၾကာင့္ သေရပြဲျဖစ္ခဲ့တာပါ။ အင္တာမီလန္ အသင္းဟာ ပထမအေက်ာ့က အိမ္ကြင္းမွာ အေရးနိမ့္ခဲ့တဲ့အတြက္ ဒီပြဲမွာ ရလဒ္ေကာင္းရဖို႔ ႀကိဳးစားလာခဲ့ၿပီး ဂိုးေပါက္ကန္သြင္းမႈ (၂၁)ႀကိမ္အထိရွိခဲ့တာျဖစ္ပါတယ္။

ပထမအေက်ာ့ ကစားခဲ့တုန္းက ဂ်ဴဗင္တပ္စ္ အသင္းက (၂)ဂိုး-(၁)ဂိုးနဲ႔ အႏိုင္ရခဲ့တာျဖစ္ၿပီး၊ အဲဒီတုန္းက စီ​ေရာ္နယ္ဒိုရဲ႕ အားထုတ္မႈ​ေတြ အမ်ားႀကီးပါပါတယ္။အခု​ေတာ့ ဂ်ဴဗင္တပ္စ္ အသင္းဟာ (၂)ႏွစ္ဆက္ ကိုပါအီတာလီယာဗိုလ္လုပြဲ တက္ႏိုင္ခဲ့ပါတယ္။ ဂ်ဴဗင္တပ္စ္ဟာ ဖိုင္နယ္အဆင့္မွာ အတၱလႏၲာ – နာပိုလီတို႔ထဲက တစ္သင္းသင္းနဲ႔ ရင္ဆိုင္ရမွာျဖစ္ပါတယ္။ဂ်ဴဗင္တပ္စ္ အသင္းဟာ ၿပီးခဲ့တဲ့ႏွစ္က ဗိုလ္လုပြဲမွာ နာပိုလီ အသင္းကို ပင္နယ္တီအဆုံးအျဖတ္နဲ႔ အေရးနိမ့္ခဲ့ပါတယ္။

ကိုပါအီတာလီယာဖလား ဗိုလ္လုပြဲကို ေမလ(၁၉)ရက္မွာ က်င္းပသြားမွာျဖစ္ပါတယ္။ဂ်ဴဗင္တပ္စ္ အသင္းဟာအဲ ဒီဆုဖလားကို (၁၃)ႀကိမ္ရထားၿပီး ၿပိဳင္ပြဲရဲ႕အေအာင္ျမင္ဆုံးအသင္းအျဖစ္ ရပ္တည္ေနတာလည္းျဖစ္ပါတယ္။