စီရော်နယ်ဒိုရဲ့အင်္ကျီကို မလျှော်ဘဲသိမ်းထားမယ့် ပြင်သစ်လူငယ်ကြယ်ပွင့်ကာမာဗင်ဂါ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ပေါ်တူဂီနဲ့ဂိုးမရှိသရေကျခဲ့တဲ့ပွဲအပြီးမှာ စီရော်နယ်ဒိုဆီက အင်္ကျီရခဲ့ပြီးနောက် ပြင်သစ်လူငယ်ကြယ်ပွင့်ကာမာဗင်ဂါက အဲဒီအင်္ကျီကို သူလျှော်မှာမဟုတ်တဲ့အကြောင်း ပြောကြားလိုက်ပါတယ်။ ဥရောပအသင်းကြီးတွေရဲ့စိတ်ဝင်စားခြင်းခံနေရတဲ့အဲဒီရန်းနက်စ်ကြယ်ပွင့်ဟာ ဒီဂိုးမရှိသရေပွဲမှာ ပါဝင်ကစားရခြင်း မရှိခဲ့ပါဘူး။

ကွင်းထဲမှာ စီရော်နယ်ဒိုနဲ့ထိပ်တိုက်ရင်ဆိုင်ခွင့်မရခဲ့ပေမယ့် ကာမာဗင်ဂါဟာ အဲဒီ Ballon d’Or ၅ ဆုရှင်ဆီကနေ အင်္ကျီရအောင်တော့ တောင်းနိုင်ခဲ့ပါတယ်။ စီရော်နယ်ဒိုကလည်း အနာဂါတ်မှာတောက်ပမယ့်ကြယ်တစ်ပွင့်အတွက် စိတ်ဓာတ်ခွန်အားဖြစ်အောင် သူ့အင်္ကျီပေးခဲ့တာပါ။

၁၇ နှစ်အရွယ် ကာမာဗင်ဂါဟာ အဲဒီမတိုင်ခင်ပွဲဖြစ်တဲ့ ယူကရိန်းနဲ့ခြေစမ်းပွဲမှာ လှပတဲ့နောက်ပြန်ကန်ချက်သွင်းဂိုးသွင်းယူခဲ့သူ ဖြစ်ပါတယ်။ ပေါ်တူဂီနဲ့ပွဲပြီးတော့ ကာမာဗင်ဂါဟာ စီရော်နယ်ဒိုဆီကရတဲ့အင်္ကျီပုံကို ဆိုရှယ်မီဒီယာတစ်ခုဖြစ်တဲ့ Snapchat ပေါ်တင်ခဲ့ပါတယ်။

အဲဒီမှာ “ဒါကို ကျွန်တော်လျှော်မှာမဟုတ်ဘူး”ဆိုတဲ့စာကိုလည်း ပုံနဲ့အတူ ရေးတင်ခဲ့တာပါ။ ကမာဗင်ဂါဟာလည်း စီရော်နယ်ဒိုကိုလေးစားအားကျတဲ့ကစားသမားတစ်ယောက်ဖြစ်ပြီး အဲဒီပေါ်တူဂီစူပါစတားကစားခဲ့တဲ့ရီးရဲလ်မက်ဒရစ်မှာ ကစားချင်တယ်လို့လည်း ဖွင့်ဟခဲ့ဖူးပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

စီေရာ္နယ္ဒိုရဲ႕အက်ၤီကုိ မေလွ်ာ္ဘဲသိမ္းထားမယ့္ ျပင္သစ္လူငယ္ၾကယ္ပြင့္ကာမာဗင္ဂါ

ေပၚတူဂီနဲ႔ဂိုးမရွိသေရက်ခဲ့တဲ့ပြဲအၿပီးမွာ စီေရာ္နယ္ဒုိဆီက အက်ၤီရခဲ့ၿပီးေနာက္ ျပင္သစ္လူငယ္ၾကယ္ပြင့္ကာမာဗင္ဂါက အဲဒီအက်ၤီကို သူေလွ်ာ္မွာမဟုတ္တဲ့အေၾကာင္း ေျပာၾကားလုိက္ပါတယ္။ ဥေရာပအသင္းႀကီးေတြရဲ႕စိတ္၀င္စားျခင္းခံေနရတဲ့အဲဒီရန္းနက္စ္ၾကယ္ပြင့္ဟာ ဒီဂိုးမရွိသေရပြဲမွာ ပါ၀င္ကစားရျခင္း မရွိခဲ့ပါဘူး။

ကြင္းထဲမွာ စီေရာ္နယ္ဒိုနဲ႔ထိပ္တုိက္ရင္ဆိုင္ခြင့္မရခဲ့ေပမယ့္ ကာမာဗင္ဂါဟာ အဲဒီ Ballon d’Or ၅ ဆုရွင္ဆီကေန အက်ၤီရေအာင္ေတာ့ ေတာင္းႏုိင္ခဲ့ပါတယ္။ စီေရာ္နယ္ဒိုကလည္း အနာဂါတ္မွာေတာက္ပမယ့္ၾကယ္တစ္ပြင့္အတြက္ စိတ္ဓာတ္ခြန္အားျဖစ္ေအာင္ သူ႔အက်ၤီေပးခဲ့တာပါ။

၁၇ ႏွစ္အရြယ္ ကာမာဗင္ဂါဟာ အဲဒီမတိုင္ခင္ပြဲျဖစ္တဲ့ ယူကရိန္းနဲ႔ေျခစမ္းပြဲမွာ လွပတဲ့ေနာက္ျပန္ကန္ခ်က္သြင္းဂိုးသြင္းယူခဲ့သူ ျဖစ္ပါတယ္။ ေပၚတူဂီနဲ႔ပြဲၿပီးေတာ့ ကာမာဗင္ဂါဟာ စီေရာ္နယ္ဒိုဆီကရတဲ့အက်ၤီပုံကို ဆုိရွယ္မီဒီယာတစ္ခုျဖစ္တဲ့ Snapchat ေပၚတင္ခဲ့ပါတယ္။

အဲဒီမွာ “ဒါကို ကၽြန္ေတာ္ေလွ်ာ္မွာမဟုတ္ဘူး”ဆုိတဲ့စာကိုလည္း ပုံနဲ႔အတူ ေရးတင္ခဲ့တာပါ။ ကမာဗင္ဂါဟာလည္း စီေရာ္နယ္ဒိုကုိေလးစားအားက်တဲ့ကစားသမားတစ္ေယာက္ျဖစ္ၿပီး အဲဒီေပၚတူဂီစူပါစတားကစားခဲ့တဲ့ရီးရဲလ္မက္ဒရစ္မွာ ကစားခ်င္တယ္လုိ႔လည္း ဖြင့္ဟခဲ့ဖူးပါတယ္။