စီရော်နယ်ဒိုရဲ့လက်ရှိဂိုးသွင်းခြေစွမ်းကို မအံ့သြတဲ့ မက်ဆီ

photo-goal

photo-gettyimages

ဂျူဗင်တပ်ကြယ်ပွင့်စီရော်နယ်ဒိုဟာ လက်ရှိမှာ အကောင်းဆုံးဂိုးသွင်းခြေစွမ်းရရှိနေပါတယ်။ ဒါကို လက်ရှိဂိုးပေါက်ပျောက်နေတဲ့ သူ့ရဲ့အဓိကပြိုင်ဘက်ကြီးမက်ဆီက မအံ့သြတဲ့အပြင် ချီးကျူးမှုတောင် ပြုလုပ်သွားပါတယ်။ စီရော်နယ်ဒိုဟာ ဒီလထဲမှာပဲ ၃၅ နှစ်ပြည့်ခဲ့ပေမယ့် ဂျူဗင်တပ်အတွက် စီးရီးအေ ၁၁ ပွဲဆက်ဂိုးသွင်းပေးထားပြီး ဒီရာသီမှာ သူ့ရဲ့စုစုပေါင်းသွင်းဂိုးအရေအတွက်ဟာလည်း ၂၄ ဂိုးတောင် ရှိထားပါတယ်။ ဒါ့အပြင် အဲဒီပေါ်တူဂီသား ၂၀၂၀ အတွင်းကစားရတဲ့ပွဲတိုင်းမှာလည်း ဂိုးသွင်းထားပါတယ်။

photo-gettyimages

ဒီအချိန်မှာ မက်ဆီကတော့ လာလီဂါမှာ ၄ ပွဲဆက် ဂိုးပေါက်ပျောက်ထားပါတယ်။ ဒါပေမဲ့ မက်ဆီဟာ ဘာစီလိုနာအတွက် နောက်ဆုံး ၃ ပွဲမှာ ဂိုးဖန်တီးပေးမှု ၆ ကြိမ်ပြုလုပ်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် မက်ဆီဟာ လက်ရှိမှာ ဂိုးပေါက်ပျောက်နေပေမယ့် အခုရာသီလာလီဂါ ၁၉ ပွဲမှာ ၁၄ ဂိုးသွင်းထားကာ ၃၂ နှစ်ရှိပြီဖြစ်ပေမယ့် ဂိုးသွင်းအားကောင်းနေဆဲပါပဲ။

photo-express

စီရော်နယ်ဒိုရဲ့လက်ရှိဂိုးသွင်းခြေစွမ်းပြနေမှုအကြောင်းကို မေးမြန်းတော့ မက်ဆီက”သူ ဂိုးတွေဆက်သွင်းနေတာဟာ ပုံမှန်ပါပဲ။ သူဟာ သားရဲတိုက်စစ်မှုးတစ်ယောက်ပါ။ ဂိုးသွင်းရတာကို သူကြိုက်ပါတယ်။ ဘယ်နေ့မှာပဲ ကစားကစား သူဂိုးသွင်းမှာပါ။ တိုက်စစ်မှုးတစ်ယောက်အနေနဲ့ သူ့မှာ ကောင်းမွန်တဲ့ပံ့ပိုးပေးနိုင်မှုတွေ အများကြီးရှိပါတယ်။ အနိမ့်ဆုံးအနေနဲ့ သူဟာ ပိတ်သွင်းပေးနိုင်မှာပါ”လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။

[Zawgyi]

စီေရာ္နယ္ဒိုရဲ႕လက္ရွိဂိုးသြင္းေျခစြမ္းကို မအံ့ၾသတဲ့ မက္ဆီ

ဂ်ဴဗင္တပ္ၾကယ္ပြင့္စီေရာ္နယ္ဒိုဟာ လက္ရွိမွာ အေကာင္းဆုံးဂိုးသြင္းေျခစြမ္းရရွိေနပါတယ္။ ဒါကို လက္ရွိဂိုးေပါက္ေပ်ာက္ေနတဲ့ သူ႔ရဲ႕အဓိကၿပိဳင္ဘက္ႀကီးမက္ဆီက မအံ့ၾသတဲ့အျပင္ ခ်ီးက်ဴးမႈေတာင္ ျပဳလုပ္သြားပါတယ္။ စီေရာ္နယ္ဒိုဟာ ဒီလထဲမွာပဲ ၃၅ ႏွစ္ျပည့္ခဲ့ေပမယ့္ ဂ်ဴဗင္တပ္အတြက္ စီးရီးေအ ၁၁ ပြဲဆက္ဂိုးသြင္းေပးထားၿပီး ဒီရာသီမွာ သူ႔ရဲ႕စုစုေပါင္းသြင္းဂိုးအေရအတြက္ဟာလည္း ၂၄ ဂိုးေတာင္ ရွိထားပါတယ္။ ဒါ့အျပင္ အဲဒီေပၚတူဂီသား ၂၀၂၀ အတြင္းကစားရတဲ့ပြဲတုိင္းမွာလည္း ဂိုးသြင္းထားပါတယ္။

ဒီအခ်ိန္မွာ မက္ဆီကေတာ့ လာလီဂါမွာ ၄ ပြဲဆက္ ဂိုးေပါက္ေပ်ာက္ထားပါတယ္။ ဒါေပမဲ့ မက္ဆီဟာ ဘာစီလိုနာအတြက္ ေနာက္ဆံုး ၃ ပြဲမွာ ဂိုးဖန္တီးေပးမႈ ၆ ႀကိမ္ျပဳလုပ္ႏုိင္ခဲ့ပါတယ္။ ဒါ့အျပင္ မက္ဆီဟာ လက္ရွိမွာ ဂိုးေပါက္ေပ်ာက္ေနေပမယ့္ အခုရာသီလာလီဂါ ၁၉ ပြဲမွာ ၁၄ ဂိုးသြင္းထားကာ ၃၂ ႏွစ္ရွိၿပီျဖစ္ေပမယ့္ ဂိုးသြင္းအားေကာင္းေနဆဲပါပဲ။

စီေရာ္နယ္ဒိုရဲ႕လက္ရွိဂိုးသြင္းေျခစြမ္းျပေနမႈအေၾကာင္းကို ေမးျမန္းေတာ့ မက္ဆီက”သူ ဂိုးေတြဆက္သြင္းေနတာဟာ ပုံမွန္ပါပဲ။ သူဟာ သားရဲတိုက္စစ္မႈးတစ္ေယာက္ပါ။ ဂိုးသြင္းရတာကို သူႀကိဳက္ပါတယ္။ ဘယ္ေန႔မွာပဲ ကစားကစား သူဂိုးသြင္းမွာပါ။ တိုက္စစ္မႈးတစ္ေယာက္အေနနဲ႔ သူ႔မွာ ေကာင္းမြန္တဲ့ပံ့ပိုးေပးႏိုင္မႈေတြ အမ်ားႀကီးရွိပါတယ္။ အနိမ့္ဆုံးအေနနဲ႔ သူဟာ ပိတ္သြင္းေပးႏိုင္မွာပါ”လို႔ ျပန္လည္ေျဖၾကားခဲ့ပါတယ္။