စီရော်နယ်ဒိုရဲ့စံချိန်ကို ချိုးဖျက်လိုက်ပြီဖြစ်တဲ့ ဆွာရက်ဇ်

အက်သလက်တီကိုမက်ဒရစ်အသင်းအတွက် ခြေစွမ်းပြနေတဲ့ တိုက်စစ်မှူးဆွာရက်ဇ်ဟာ ယမန်နေ့ညက ကစားခဲ့တဲ့ ဆယ်လ်တာဗီဂိုနဲ့ပွဲမှ ာအသင်းအတွက်နှစ်ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ ဆွာရက်ဇ်ဟာ အဲဒီလိုဂိုးသွင်းနိုင်တဲ့အတွက် စီရော်နယ်ဒိုရဲ့စံချိန်ကိုချိုးဖျက်နိုင်ခဲ့တယ်လို့သိရပါတယ်။

ဆယ်လ်တာဗီဂိုနဲ့၂ဂိုးစီသရေကျတဲ့ပွဲမှာ ဆွာရက်ဇ်ဟာပွဲချိန် ၄၅ မိနစ်နဲ့ ပွဲချိန်မိနစ် ၅၀ တို့မှာ ဂိုးတွေသွင်းယူနိုင်ခဲ့တာပါ။ ဆွာရက်ဇ်က လာလီဂါ ၁၇ ပွဲမှာ ၁၆ ဂိုးအထိ ရရှိသွားခဲ့ပြီဖြစ်ပြီး ၂၁ ရာစုအတွင်း လာလီဂါသွင်းဂိုး ၁၆ ဂိုးအထိ အမြန်ဆုံးရရှိတဲ့ ကစားသမားအဖြစ် မှတ်တမ်းဝင်သွားခဲ့ပြီဖြစ်ပါတယ်။

စီရော်နယ်ဒိုဟာ ရီးရဲလ်မက်ဒရစ်အသင်းမှာပါဝင်ကစားချိန် ၂၀၀၉-၂၀၂၀ရာသီတုန်းကလာလီဂါပွဲပေါင်း၁၆ပွဲပါဝင်ကစားပြီးချိန်မှာဂိုးပေါင်း၁၅ဂိုးသာသွင်းယူနိုင်ခဲ့ရာဆွာရက်ဇ်က စီရော်နယ်ဒိုရဲ့စံချိန်ကို ချိုးဖျက်ခဲ့တာပါ။

ဆွာရက်ဇ်ဟာ ပြီးခဲ့တဲ့ အပြောင်းအရွှေ့ကာလအတွင်းအက်သလက်တီကိုမက်ဒရစ်အသင်းကိုပြောင်းရွှေ့လာခဲ့ရာအသင်းအတွက်လက်ရှိရာသီမှာအကောင်းဆုံးခြေစွမ်းပြကစားနိုင်ခဲ့ပါတယ်။အက်သလက်တီကိုအသင်း အတွက် ဆွာရက်ဇ်က အားတက်စေမှု(၂)ခုနဲ့ ကျေးဇူးပြုထားပါတယ်။

တစ်ချက်က တိုက်စစ်ပိုင်းဆိုင်ရာ တိုးတက်စေမှုဖြစ်ပြီး နောက်တစ်ချက်ကတော့ စိတ်ပိုင်းဆိုင်ရာတိုးတက်စေမှု ဖြစ်ပါတယ်။ဆွာရက်ဇ်ဟာ ဘာစီလိုနာကနေ ပြောင်းရွှေ့ခဲ့တဲ့နောက် အဓိကကစားသမားအဖြစ် ဆီမြွန်နီကပွဲထုတ်ခဲ့ပြီး ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံခဲ့ရလို့ အနားယူခဲ့ရပါသေးတယ်။

ဗိုင်းရပ်စ်ပျောက်ကင်းပြီးနောက် ဆွာရက်ဇ်က ပိုမိုကောင်းမွန်တဲ့ ခြေစွမ်းတွေပြသနေခဲ့တာလည်းဖြစ်ပါတယ်။ အက်သလက်တီကိုမက်ဒရစ်အတွက်ဆွာရက်ဇ်ခြေစွမ်းပြကစားပေးနေတဲ့အတွက်အသင်းပြောင်းခွင့်ပေးခဲ့တဲ့ဘာစီလိုနာအသင်းထိခိုက်မှုများစွာဖြစ်စေခဲ့တယ်လို့မီဒီယာတွေကဖော်ပြပါတယ်။

Zawgyi

စီေရာ္နယ္ဒိုရဲ႕စံခ်ိန္ကို ခ်ိဳးဖ်က္လိုက္ၿပီျဖစ္တဲ့ ဆြာရက္ဇ္

အက္သလက္တီကိုမက္ဒရစ္အသင္းအတြက္ ေျခစြမ္းျပေနတဲ့ တိုက္စစ္မႉးဆြာရက္ဇ္ဟာ ယမန္ေန႔ညက ကစားခဲ့တဲ့ ဆယ္လ္တာဗီဂိုနဲ႔ပြဲမွာ အသင္းအတြက္ႏွစ္ဂိုးသြင္းယူႏိုင္ခဲ့ပါတယ္။ ဆြာရက္ဇ္ဟာ အဲဒီလိုဂိုးသြင္းႏိုင္တဲ့အတြက္ စီေရာ္နယ္ဒိုရဲ႕စံခ်ိန္ကိုခ်ိဳးဖ်က္ႏိုင္ခဲ့တယ္လို႔သိရပါတယ္။ ဆယ္လ္တာဗီဂိုနဲ႔၂ဂိုးစီသေရက်တဲ့ပြဲမွာ ဆြာရက္ဇ္ဟာပြဲခ်ိန္ ၄၅ မိနစ္နဲ႔ ပြဲခ်ိန္မိနစ္ ၅၀ တို႔မွာ ဂိုးေတြသြင္းယူႏိုင္ခဲ့တာပါ။ ဆြာရက္ဇ္က လာလီဂါ ၁၇ ပြဲမွာ ၁၆ ဂိုးအထိ ရရွိသြားခဲ့ၿပီျဖစ္ၿပီး ၂၁ ရာစုအတြင္း လာလီဂါသြင္းဂိုး ၁၆ ဂိုးအထိ အျမန္ဆုံးရရွိတဲ့ ကစားသမားအျဖစ္ မွတ္တမ္းဝင္သြားခဲ့ၿပီျဖစ္ပါတယ္။

စီေရာ္နယ္ဒိုဟာ ရီးရဲလ္မက္ဒရစ္အသင္းမွာပါဝင္ကစားခ်ိန္ ၂၀၀၉-၂၀၂၀ရာသီတုန္းကလာလီဂါပြဲေပါင္း၁၆ပြဲပါဝင္ကစားၿပီးခ်ိန္မွာဂိုးေပါင္း၁၅ဂိုးသာသြင္းယူႏိုင္ခဲ့ရာဆြာရက္ဇ္က စီေရာ္နယ္ဒိုရဲ႕စံခ်ိန္ကို ခ်ိဳးဖ်က္ခဲ့တာပါ။ ဆြာရက္ဇ္ဟာ ၿပီးခဲ့တဲ့ အေျပာင္းအေ႐ႊ႕ကာလအတြင္းအက္သလက္တီကိုမက္ဒရစ္အသင္းကိုေျပာင္းေ႐ႊ႕လာခဲ့ရာအသင္းအတြက္လက္ရွိရာသီမွာအေကာင္းဆုံးေျခစြမ္းျပကစားႏိုင္ခဲ့ပါတယ္။အက္သလက္တီကိုအသင္း အတြက္ ဆြာရက္ဇ္က အားတက္ေစမႈ(၂)ခုနဲ႔ ေက်းဇူးျပဳထားပါတယ္။

တစ္ခ်က္က တိုက္စစ္ပိုင္းဆိုင္ရာ တိုးတက္ေစမႈျဖစ္ၿပီး ေနာက္တစ္ခ်က္ကေတာ့ စိတ္ပိုင္းဆိုင္ရာတိုးတက္ေစမႈ ျဖစ္ပါတယ္။ဆြာရက္ဇ္ဟာ ဘာစီလိုနာကေန ေျပာင္းေ႐ႊ႕ခဲ့တဲ့ေနာက္ အဓိကကစားသမားအျဖစ္ ဆီႁမြန္နီကပြဲထုတ္ခဲ့ၿပီး ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံခဲ့ရလို႔ အနားယူခဲ့ရပါေသးတယ္။ ဗိုင္းရပ္စ္ေပ်ာက္ကင္းၿပီးေနာက္ ဆြာရက္ဇ္က ပိုမိုေကာင္းမြန္တဲ့ ေျခစြမ္းေတြျပသေနခဲ့တာလည္းျဖစ္ပါတယ္။ အက္သလက္တီကိုမက္ဒရစ္အတြက္ဆြာရက္ဇ္ေျခစြမ္းျပကစားေပးေနတဲ့အတြက္အသင္းေျပာင္းခြင့္ေပးခဲ့တဲ့ဘာစီလိုနာအသင္းထိခိုက္မႈမ်ားစြာျဖစ္ေစခဲ့တယ္လို႔မီဒီယာေတြကေဖာ္ျပပါတယ္။