စီရော်နယ်ဒိုရဲ့စီးရီးအေသွင်းဂိုး ၅၀ ပြည့် မှတ်တိုင်သစ်နောက်ကွယ်က ကိန်းဂဏန်းများ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

ပြီးခဲ့တဲ့တနင်္လာည လာဇီယိုနဲ့ပွဲက သွင်းဂိုး ၂ ဂိုးကြောင့် စီရော်နယ်ဒိုဟာ အခုဆိုရင် ပရီးမီးယားလိဂ်၊လာလီဂါနဲ့စီးရီးအေတို့မှာ ဂိုး ၅၀ နဲ့အထက် သွင်းယူနိုင်ခဲ့တဲ့ ပထမဆုံးကစားသမား ဖြစ်လာပါတယ်။ ဒ့ါအပြင် အဲဒီပေါ်တူဂီကြယ်ပွင့်ဟာ စီးရီးအေမှာ ဂိုး ၅၀ အမြန်ဆုံးပြည့်တဲ့ပထမကစားသမားဆိုတဲ့  နောက်ထပ်စံချိန်မှတ်တမ်းတစ်ခုကိုလည်း စိုက်ထူနိုင်ခဲ့ပါတယ်။

photo-credit

လာဇီယိုနဲ့ပွဲက ပထမသွင်းဂိုးဖြစ်တဲ့ပင်နယ်တီဂိုးနဲ့ပဲ စီရော်နယ်ဒိုဟာ စီးရီးအေကစားသမားဘ၀ ဂိုး ၅၀ ပြည့်သွားခဲ့တာပါ။ ဒါကြောင့်လည်း စီရော်နယ်ဒိုဟာ ဂျူဗင်တပ်အတွက် ၆၁ ပွဲတည်းနဲ့ အဲဒီဂိုးအရေအတွက် ရခဲ့ပါတယ်။

photo-credit

စီရော်နယ်ဒိုရဲ့မြန်ဆန်လှတဲ့ဂိုး ၅၀ ဟာ မကြာသေးခင် စီးရီးအေသမိုင်းက နာမည်ကြီးအချို့ထက်တောင် သာလွန်ခဲ့ပါတယ်။ အေစီမီလန်ဂန္ထဝင်ရှက်ဗ်ချန်ကိုဟာ ဂိုး ၅၀ ပြည့်ဖို့ ၆၈ ပွဲလိုအပ်ခဲ့ပြီး သူနဲ့နာမည်တူတဲ့ အင်တာရဲ့ရော်နယ်ဒိုကြီးကတော့ ဂိုး ၅၀ ပြည့်ဖို့ ပွဲ ၇၀ လိုအပ်ခဲ့တာပါ။

photo-credit

ဒါ့အပြင် စီရော်နယ်ဒိုဟာ စီးရီးအေတစ်ရာသီအတွင်း ဂိုး ၃၀ သွင်းယူနိုင်တဲ့ တတိယမြောက်ဂျူဗင်တပ်ကစားသမားလည်း ဖြစ်ပါတယ်။ နောက်ပြီး စီရော်နယ်ဒိုဟာ စီးရီးအေမှာ လက်ရှိအချိန်ထိ အသင်းပေါင်း ၂၁ သင်းနဲ့ရင်ဆိုင်ခဲ့ဖူးပြီး အဲဒီထဲမှာ ဂိုးမသွင်းနိုင်သေးတာဆိုလို့ ချီယေဗိုတစ်သင်းသာ ရှိပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

[Zawgyi]

စီေရာ္နယ္ဒိုရဲ႕စီးရီးေအသြင္းဂိုး ၅၀ ျပည့္ မွတ္တိုင္သစ္ေနာက္ကြယ္က ကိန္းဂဏန္းမ်ား

ၿပီးခဲ့တဲ့တနလၤာည လာဇီယိုနဲ႔ပြဲက သြင္းဂိုး ၂ ဂိုးေၾကာင့္ စီေရာ္နယ္ဒိုဟာ အခုဆိုရင္ ပရီးမီးယားလိဂ္၊လာလီဂါနဲ႔စီးရီးေအတို႔မွာ ဂိုး ၅၀ နဲ႔အထက္ သြင္းယူႏိုင္ခဲ့တဲ့ ပထမဆုံးကစားသမား ျဖစ္လာပါတယ္။ ဒ့ါအျပင္ အဲဒီေပၚတူဂီၾကယ္ပြင့္ဟာ စီးရီးေအမွာ ဂိုး ၅၀ အျမန္ဆုံးျပည့္တဲ့ပထမကစားသမားဆုိတဲ့  ေနာက္ထပ္စံခ်ိန္မွတ္တမ္းတစ္ခုကိုလည္း စိုက္ထူႏိုင္ခဲ့ပါတယ္။

လာဇီယိုနဲ႔ပြဲက ပထမသြင္းဂိုးျဖစ္တဲ့ပင္နယ္တီဂိုးနဲ႔ပဲ စီေရာ္နယ္ဒိုဟာ စီးရီးေအကစားသမားဘ၀ ဂိုး ၅၀ ျပည့္သြားခဲ့တာပါ။ ဒါေၾကာင့္လည္း စီေရာ္နယ္ဒိုဟာ ဂ်ဴဗင္တပ္အတြက္ ၆၁ ပြဲတည္းနဲ႔ အဲဒီဂိုးအေရအတြက္ ရခဲ့ပါတယ္။

စီေရာ္နယ္ဒိုရဲ႕ျမန္ဆန္လွတဲ့ဂိုး ၅၀ ဟာ မၾကာေသးခင္ စီးရီးေအသမိုင္းက နာမည္ႀကီးအခ်ိဳ႕ထက္ေတာင္ သာလြန္ခဲ့ပါတယ္။ ေအစီမီလန္ဂႏၳ၀င္ရွက္ဗ္ခ်န္ကိုဟာ ဂိုး ၅၀ ျပည့္ဖို႔ ၆၈ ပြဲလုိအပ္ခဲ့ၿပီး သူနဲ႔နာမည္တူတဲ့ အင္တာရဲ႕ေရာ္နယ္ဒိုႀကီးကေတာ့ ဂိုး ၅၀ ျပည့္ဖို႔ ပြဲ ၇၀ လိုအပ္ခဲ့တာပါ။

ဒါ့အျပင္ စီေရာ္နယ္ဒိုဟာ စီးရီးေအတစ္ရာသီအတြင္း ဂုိး ၃၀ သြင္းယူႏိုင္တဲ့ တတိယေျမာက္ဂ်ဴဗင္တပ္ကစားသမားလည္း ျဖစ္ပါတယ္။ ေနာက္ၿပီး စီေရာ္နယ္ဒိုဟာ စီးရီးေအမွာ လက္ရွိအခ်ိန္ထိ အသင္းေပါင္း ၂၁ သင္းနဲ႔ရင္ဆိုင္ခဲ့ဖူးၿပီး အဲဒီထဲမွာ ဂိုးမသြင္းႏုိင္ေသးတာဆိုလို႔ ခ်ီေယဗုိတစ္သင္းသာ ရွိပါတယ္။