စီရော်နယ်ဒိုရဲ့ကစားသမားဘဝလမ်းကြောင်းအတိုင်း လိုက်နိုင်ဖို့ မျှော်လင့်နေတဲ့ အမ်ဘက်ပီ

photo-gettyimages

photo-gettyimages

ကမ္ဘာ့စူပါစတားတစ်ယောက်အဖြစ် တည်ဆောက်ထိန်ထားနိုင်ရေးအတွက် စီရော်နယ်ဒိုရဲ့ကစားသမားဘဝပုံစံအတိုင်း သွားမယ်လို့ ပီအက်စ်ဂျီတိုက်စစ်မှုးအမ်ဘက်ပီက ပြောကြားလိုက်ပါတယ်။ သူဟာ မိုနာကိုကနေ ပီအက်စ်ဂျီကို ရောက်ရှိနေတာ ၃ နှစ်ကြာဖြစ်မယ့် လာမယ့်နွေမှာ အဲဒီပဲရစ်အခြေစိုက်အသင်းကနေ ထွက်ခွာလိမ့်မယ်လို့ အတော်များများက မျှော်လင့်ထားကြပါတယ်။ ၂၁ နှစ်အရွယ် ကမ္ဘာ့ဖလားဆုရှင်အမ်ဘက်ပီဟာ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ သတင်းထွက်နေတာ အတော်ကြာခဲ့ပြီဖြစ်ပြီး လီဗာပူးဟာလည်း သူနဲ့သင့်တော်တဲ့အသင်းတစ်အသင်းအဖြစ် ဆိုနေကြတာပါ။

photo-PA Images

နာမည်ကြီးအီတလီအားကစားသတင်းစာဖြစ်တဲ့ ဂဇက်တာဒယ်လိုစပေါ့က သူစံနမူနာထားတဲ့ကစားသမားတွေအကြောင်း မေးမြန်းတော့ အမ်ဘက်ပီရဲ့ခေါင်းထဲပေါ်လာတာက ရီးရဲလ်ကြယ်ပွင့်ဟောင်းတွေ ဖြစ်နေပါတယ်။ ”ခင်ဗာျးသာ ပြင်သစ်ဆိုရင် ဇီဒန်းဟာ ခင်ဗျားရဲ့Idol အဖြစ်နဲ့ သေချာပေါက် ကြီးပြင်းလာမှာပါ။ အဲဒါပြီးရင်တော့ စီရော်နယ်ဒိုပေါ့။ သူနဲ့ပြိုင်ဘက်တစ်ယောက်အဖြစ် ကလပ်အဆင့်မှာရော နိုင်ငံအဆင့်မှာပါ ရင်ဆိုင်ခဲ့ရတာဟာ ကံကောင်းပါတယ်။ ကျွန်တော်က ပီလီ၊ရော်နယ်ဒင်ဟို၊ရော်နယ်ဒိုကြီးနဲ့ကာကာတို့လို ဘရာဇီးကစားသမားတွေကိုလည်း ကြိုက်ပါတယ်”လို့ အမ်ဘက်ပီက ပြန်လည်ဖြေကြားခဲ့ပါတယ်။

photo-gettyimages

အဲဒီနောက် အမ်ဘက်ပီဟာ သူ့ကစားသမားဘဝအတွက် ဘယ်လိုပုံစံသွားမယ်ဆိုတာကိုပါ ဆက်လက်ပြောကြားခဲ့ပါတယ်။ ”မက်ဆီလို ကစားသမားဘဝအတိုင်းသွားဖို့က ကျွန်တော့်အတွက် နောက်ကျလွန်းပါတယ်။ အဲဒါဆို မိုနာကိုမှာ ဆက်နေရမှာပေါ့။ မက်ဆီဆီက ဘာမှမယူတော့ဘဲ အခုတော့ စီရော်နယ်ဒိုရဲ့ကစားသမားဘဝပုံစံအတိုင်းသွားဖို့ လုပ်ရမှာပါ”လို့ အမ်ဘက်ပီက ပြောခဲ့တာပါ။

[Zawgyi]

စီေရာ္နယ္ဒိုရဲ႕ကစားသမားဘ၀လမ္းေၾကာင္းအတိုင္း လုိက္ႏုိင္ဖုိ႔ ေမွ်ာ္လင့္ေနတဲ့ အမ္ဘက္ပီ

ကမာၻ႔စူပါစတားတစ္ေယာက္အျဖစ္ တည္ေဆာက္ထိန္ထားႏိုင္ေရးအတြက္ စီေရာ္နယ္ဒိုရဲ႕ကစားသမားဘ၀ပုံစံအတိုင္း သြားမယ္လုိ႔ ပီအက္စ္ဂ်ီတုိက္စစ္မႈးအမ္ဘက္ပီက ေျပာၾကားလိုက္ပါတယ္။ သူဟာ မိုနာကိုကေန ပီအက္စ္ဂ်ီကို ေရာက္ရွိေနတာ ၃ ႏွစ္ၾကာျဖစ္မယ့္ လာမယ့္ေႏြမွာ အဲဒီပဲရစ္အေျခစိုက္အသင္းကေန ထြက္ခြာလိမ့္မယ္လုိ႔ အေတာ္မ်ားမ်ားက ေမွ်ာ္လင့္ထားၾကပါတယ္။ ၂၁ ႏွစ္အရြယ္ ကမာၻ႔ဖလားဆုရွင္အမ္ဘက္ပီဟာ ရီးရဲလ္မက္ဒရစ္အသင္းနဲ႔ သတင္းထြက္ေနတာ အေတာ္ၾကာခဲ့ၿပီျဖစ္ၿပီး လီဗာပူးဟာလည္း သူနဲ႔သင့္ေတာ္တဲ့အသငး္တစ္အသင္းအျဖစ္ ဆုိေနၾကတာပါ။

နာမည္ႀကီးအီတလီအားကစားသတင္းစာျဖစ္တဲ့ ဂဇက္တာဒယ္လုိစေပါ့က သူစံနမူနာထားတဲ့ကစားသမားေတြအေၾကာင္း ေမးျမန္းေတာ့ အမ္ဘက္ပီရဲ႕ေခါင္းထဲေပၚလာတာက ရီးရဲလ္ၾကယ္ပြင့္ေဟာင္းေတြ ျဖစ္ေနပါတယ္။ ”ခင္ဗာ်းသာ ျပင္သစ္ဆုိရင္ ဇီဒန္းဟာ ခင္ဗ်ားရဲ႕Idol အျဖစ္နဲ႔ ေသခ်ာေပါက္ ႀကီးျပငး္လာမွာပါ။ အဲဒါၿပီးရင္ေတာ့ စီေရာ္နယ္ဒိုေပါ့။ သူနဲ႔ၿပိဳင္ဘက္တစ္ေယာက္အျဖစ္ ကလပ္အဆင့္မွာေရာ ႏိုင္ငံအဆင့္မွာပါ ရင္ဆိုင္ခဲ့ရတာဟာ ကံေကာင္းပါတယ္။ ကၽြန္ေတာ္က ပီလီ၊ေရာ္နယ္ဒင္ဟုိ၊ေရာ္နယ္ဒုိႀကီးနဲ႔ကာကာတို႔လို ဘရာဇီးကစားသမားေတြကိုလည္း ႀကိဳက္ပါတယ္”လုိ႔ အမ္ဘက္ပီက ျပန္လည္ေျဖၾကားခဲ့ပါတယ္။

အဲဒီေနာက္ အမ္ဘက္ပီဟာ သူ႔ကစားသမားဘ၀အတြက္ ဘယ္လုိပံုစံသြားမယ္ဆုိတာကိုပါ ဆက္လက္ေျပာၾကားခဲ့ပါတယ္။ ”မက္ဆီလုိ ကစားသမားဘ၀အတိုင္းသြားဖို႔က ကၽြန္ေတာ့္အတြက္ ေနာက္က်လြန္းပါတယ္။ အဲဒါဆုိ မိုနာကိုမွာ ဆက္ေနရမွာေပါ့။ မက္ဆီဆီက ဘာမွမယူေတာ့ဘဲ အခုေတာ့ စီေရာ္နယ္ဒိုရဲ႕ကစားသမားဘ၀ပုံစံအတိုင္းသြားဖို႔ လုပ္ရမွာပါ”လို႔ အမ္ဘက္ပီက ေျပာခဲ့တာပါ။