စီရော်နယ်ဒိုမှာ အတ္တကြီးသူမဟုတ်ကြောင့် ဟားဂရေ့ဗ်ငြင်းဆန်ကာ ဖရီးကစ်ပေးကန်ခဲ့ဖူးတာကို ဖွင့်ဟ

photo-daily mail

photo-PA

စီရော်နယ်ဒိုဟာ အတ္တကြီးသူတစ်ယောက်ဆိုတဲ့ နားလည်ထားကြမှုကို သူ့ရဲ့မန်ယူအသင်းဖော်ဟောင်း အိုဝင်ဟားဂရေ့ဗ်က ငြင်းဆန်လိုက်ပြီး ၂၀၀၈ ချန်ပီယံလိဂ်ဗိုလ်လုပွဲတုန်းက ဖရီးကစ်တွေကန်ဖို့ သူ့ကိုအခွင့်အရေးပေးခဲ့တဲ့အကြောင်း ဖွင့်ဟလိုက်ပါတယ်။ ချဲလ်ဆီးနဲ့မော်စကိုဗိုလ်လုပွဲမတိုင်ခင်မှာ စီရော်နယ်ဒိုဟာ သဘောထားကြီးစွာနဲ့ သူ့ကိုပေးကန်ခဲ့တာလို့ ဟားဂရေ့ဗ်က ဆိုခဲ့တာပါ။

photo-gettyimages

အဲဒီပေါ်တူဂီကြယ်ပွင့်ဟာ မန်ယူမှာတုန်းက ဖရီးကစ်အကန်ကောင်းသူဖြစ်ခဲ့ပြီး အဲဒီရာသီရဲ့အစောပိုင်း ပို့စ်မောက်ကို ၂-၀ ဂိုးနဲ့အနိုင်ရခဲ့တဲ့အိမ်ကွင်းနိုင်ပွဲမှာလည်း မယုံနိုင်စရာဖရီးကစ်သွင်းဂိုးတစ်ဂိုးကို ရယူနိုင်ခဲ့တာပါ။ ဒါပေမဲ့ အဲဒီအချိန်တုန်းက မန်ယူမှာ ဟားဂရေ့ဗ်ဟာလည်း တည်ကန်ဘောစပယ်ရှယ်လစ်တစ်ယောက်ဖြစ်ခဲ့ပါတယ်။ အဲဒီဘိုင်ယန်ကွင်းလယ်လူဟောင်းဟာ လုဇ်နီကီကွင်းက ဖရီးကစ်လေ့ကျင့်ကန်သွင်းမှု ၁၀ ကြိမ်မှာ  ၉ ကြိမ်ဂိုးဝင်ခဲ့လို့ ဟားဂရေ့ဗ်ကန်သွင်းသင့်တယ်ဆိုပြီး ဖရီးကစ်ကန်သွင်းမှုမှာ ဦးစားပေးနံပါတ် ၁ ဖြစ်တဲ့ စီရော်နယ်ဒိုက ပေးကန်ခဲ့တာပါ။

photo-PA

အဲဒီအကြောင်းနဲ့ပတ်သက်လို့ ဟားဂရေ့ဗ်က ”ကျွန်တော်တို့ဟာ ဖရီးကစ်ကန်သွင်းမှုကို တစ်ချိန်လုံးလေ့ကျင့်လေ့ရှိပြီး ကျွန်တော် ဂိုးသွင်းနိုင်တယ်ဆိုတာ စီရော်နယ်ဒိုသိပါတယ်။ ကျွန်တော်မှတ်မိသေးတယ်။ အဲဒီနှစ်က ချဲလ်ဆီးနဲ့ချန်ပီယံလိဂ်ဗိုလ်လုပွဲမတိုင်ခင် လေ့ကျင့်ခန်းအစီအစဉ်မှာပေါ့။ box တစ်ဖက်တစ်ချက်စီမှာ စီရော်နယ်ဒိုနဲ့ ကျွန်တော် ဖရီးကစ်ကန်လေ့ကျင့်ခဲ့ကြတယ်။ ဗန်ဒါဆားဖမ်းတဲ့ဂိုးပေါက်ရဲ့အပေါ်ထောင့်ထဲကို ကျွန်တော်က ၁၀ ကြိမ်မှာ ၉ ကြိမ်ဝင်အောင်သွင်းနိုင်ခဲ့လို့ ဗန်ဒါဆားက ကျွန်တော့်ဆီလာပြီး ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ငါတို့ဖရီ်းကစ်ရရင် မင်းကန်လို့ ပြောပါတယ်။ ကျွန်တော်ကန်လို့ဘယ်ရမလဗျ၊ စီရော်နယ်ဒိုကန်ရမယ့်ဟာလို့ ကျွန်တော်က ပြန်ပြောလိုက်ပါတယ်။ အဲဒီနောက် ကျွန်တော်တို့ အဝတ်အစားလဲခန်းထဲရောက်သွားပြီး ကွင်းပေါ်မထွက်ခင် သွေးပူလေ့ကျင့်ခန်းလုပ်နေကြပါတယ်။ အနားမှာ ဘယ်သူ့မှမရှိတဲ့အချိန် စီရော်နယ်ဒိုရောက်လာပြီး ဒီနေ့ပွဲ ဖရီးကစ်ရရင် ခင်ဗျားကန်၊ ခင်ဗျားလေ့ကျင့်တာ ကျွန်တော်တွေ့တယ်လို့ ပြောပါတယ်”လို့ ဆိုခဲ့ပါတယ်။

[Zawgyi]

စီေရာ္နယ္ဒိုမွာ အတၱႀကီးသူမဟုတ္ေၾကာင့္ ဟားဂေရ႕ဗ္ျငင္းဆန္ကာ ဖရီးကစ္ေပးကန္ခဲ့ဖူးတာကို ဖြင့္ဟ

စီေရာ္နယ္ဒုိဟာ အတၱႀကီးသူတစ္ေယာက္ဆုိတဲ့ နားလည္ထားၾကမႈကို သူ႔ရဲ႕မန္ယူအသင္းေဖာ္ေဟာင္း အို၀င္ဟားဂေရ႕ဗ္က ျငင္းဆန္လုိက္ၿပီး ၂၀၀၈ ခ်န္ပီယံလိဂ္ဗုိလ္လုပြဲတုန္းက ဖရီးကစ္ေတြကန္ဖို႔ သူ႔ကိုအခြင့္အေရးေပးခဲ့တဲ့အေၾကာင္း ဖြင့္ဟလိုက္ပါတယ္။ ခ်ဲလ္ဆီးနဲ႔ေမာ္စကိုဗိုလ္လုပြဲမတိုင္ခင္မွာ စီေရာ္နယ္ဒိုဟာ သေဘာထားႀကီးစြာနဲ႔ သူ႔ကိုေပးကန္ခဲ့တာလုိ႔ ဟားဂေရ႕ဗ္က ဆိုခဲ့တာပါ။

အဲဒီေပၚတူဂီၾကယ္ပြင့္ဟာ မန္ယူမွာတုန္းက ဖရီးကစ္အကန္ေကာင္းသူျဖစ္ခဲ့ၿပီး အဲဒီရာသီရဲ႕အေစာပိုင္း ပို႔စ္ေမာက္ကို ၂-၀ ဂိုးနဲ႔အႏိုင္ရခဲ့တ့ဲအိမ္ကြင္းႏိုင္ပြဲမွာလည္း မယုံႏိုင္စရာဖရီးကစ္သြင္းဂိုးတစ္ဂိုးကို ရယူႏိုင္ခဲ့တာပါ။ ဒါေပမဲ့ အဲဒီအခ်ိန္တုန္းက မန္ယူမွာ ဟားဂေရ႕ဗ္ဟာလည္း တည္ကန္ေဘာစပယ္ရွယ္လစ္တစ္ေယာက္ျဖစ္ခဲ့ပါတယ္။ အဲဒီဘိုင္ယန္ကြင္းလယ္လူေဟာင္းဟာ လုဇ္နီကီကြင္းက ဖရီးကစ္ေလ့က်င့္ကန္သြင္းမႈ ၁၀ ႀကိမ္မွာ  ၉ ႀကိမ္ဂိုး၀င္ခဲ့လုိ႔ ဟားဂေရ႕ဗ္ကန္သြင္းသင့္တယ္ဆိုၿပီး ဖရီးကစ္ကန္သြင္းမႈမွာ ဦးစားေပးနံပါတ္ ၁ ျဖစ္တဲ့ စီေရာ္နယ္ဒိုက ေပးကန္ခဲ့တာပါ။

အဲဒီအေၾကာင္းနဲ႔ပတ္သက္လို႔ ဟားဂေရ႕ဗ္က ”ကၽြန္ေတာ္တို႔ဟာ ဖရီးကစ္ကန္သြင္းမႈကို တစ္ခ်ိန္လုံးေလ့က်င့္ေလ့ရွိၿပီး ကၽြန္ေတာ္ ဂိုးသြင္းႏုိင္တယ္ဆိုတာ စီေရာ္နယ္ဒိုသိပါတယ္။ ကၽြန္ေတာ္မွတ္မိေသးတယ္။ အဲဒီႏွစ္က ခ်ဲလ္ဆီးနဲ႔ခ်န္ပီယံလိဂ္ဗုိလ္လုပြဲမတိုင္ခင္ ေလ့က်င့္ခန္းအစီအစဥ္မွာေပါ့။ box တစ္ဖက္တစ္ခ်က္စီမွာ စီေရာ္နယ္ဒုိနဲ႔ ကၽြန္ေတာ္ ဖရီးကစ္ကန္ေလ့က်င့္ခဲ့ၾကတယ္။ ဗန္ဒါဆားဖမ္းတဲ့ဂိုးေပါက္ရဲ႕အေပၚေထာင့္ထဲကို ကၽြန္ေတာ္က ၁၀ ႀကိမ္မွာ ၉ ႀကိမ္၀င္ေအာင္သြင္းႏိုင္ခဲ့လို႔ ဗန္ဒါဆားက ကၽြန္ေတာ့္ဆီလာၿပီး ခ်န္ပီယံလိဂ္ဗုိလ္လုပြဲမွာ ငါတုိ႔ဖရီး္ကစ္ရရင္ မင္းကန္လုိ႔ ေျပာပါတယ္။ ကၽြန္ေတာ္ကန္လို႔ဘယ္ရမလဗ်၊ စီေရာ္နယ္ဒိုကန္ရမယ့္ဟာလို႔ ကၽြန္ေတာ္က ျပန္ေျပာလိုက္ပါတယ္။ အဲဒီေနာက္ ကၽြန္ေတာ္တို႔ အ၀တ္အစားလဲခန္းထဲေရာက္သြားၿပီး ကြင္းေပၚမထြက္ခင္ ေသြးပူေလ့က်င့္ခန္းလုပ္ေနၾကပါတယ္။ အနားမွာ ဘယ္သူ႔မွမရွိတဲ့အခ်ိန္ စီေရာ္နယ္ဒိုေရာက္လာၿပီး ဒီေန႔ပြဲ ဖရီးကစ္ရရင္ ခင္ဗ်ားကန္၊ ခင္ဗ်ားေလ့က်င့္တာ ကၽြန္ေတာ္ေတြ႔တယ္လုိ႔ ေျပာပါတယ္”လို႔ ဆုိခဲ့ပါတယ္။