စီရော်နယ်ဒိုမရှိတာနဲ့ အယ်ကလက်စီကိုမှာ ဂိုးမသွင်းနိုင်တော့တဲ့ မက်ဆီ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

၂၀၀၉ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ သူ့ကို ကျောသွားတဲ့ မက်ဆီကို စပိန်မြေကို ပြောင်းရွှေ့ကစားရင်း လိုက်ဖိုက်ခဲ့တဲ့ စီရော်နယ်ဒိုက ၁၀စုနှစ် တစ်ခုနီးပါးအတွင်းမှာ သူတစ်ပြန် ကိုယ်တစ်ပြန် ကစားရင်း ကမ္ဘာ့အကောင်းဆုံးကစားသမားဆု အပါအဝင် ဆုဖလားတွေလည်း ထပ်ရခဲ့ပါတယ်။ ဘာစီလိုနာနဲ့ ရီးရဲလ် မဟာပြိုင်ဘက်တွေဖြစ်သလို စီရော်နယ်ဒိုနဲ့ မက်ဆီတု့ိ ၂ဦးကြောင့် သူတို့တွေ့တဲ့ အယ်ကလက်စီကိုမှာဆိုရင် ၂ယောက်စလုံးက အသင်းအနိုင်ရဖို့အပြင် ကိုယ်တိုင် ဂိုးသွင်းနိုင်ဖို့ကိုလည်း အပြင်းအထန် ကြိုးစားကစားလေ့ရှိပါတယ်။

ဒါပေမယ့် စီရော်နယ်ဒိုတစ်ယောက် ၂၀၁၈မှာ ဂျူဗင်တပ်ကို ပြောင်းသွားပြီးနောက်ပိုင်း အယ်ကလက်စီကိုမှာ မင်းမူရမယ့် မက်ဆီဟာ မယုံကြည်နိုင်လောက်အောင် ဂိုးမသွင်းနိုင်ဘဲ ဖြစ်သွားခဲ့ရပါတယ်။ စီရော်နယ်ဒိုရှိတုန်းက သူသွင်းကိုယ်သွင်း အပြိုင်ကြဲခဲ့တဲ့ မက်ဆီဟာ စီရော်နယ်ဒို မရှိတော့တဲ့ ဘောလုံးရာသီကစပြီး အယ်ကလက်စီကိုမှာ ဂိုးမသွင်းနိုင်တော့ပါဘူး။ Marca ရဲ့ ဖော်ပြချက်တွေအရ မက်ဆီဟာ ရီးရဲလ်နဲ့ ကစားခဲ့တဲ့ ၂၀၁၇-၁၈ လာလီဂါ ဘောလုံးရာသီ ပွဲစဉ် ၃၆မှာ ရီးရဲလ်ဖက်ကို နောက်ဆုံးအကြိမ် ဂိုးသွင်းနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ နောက်ဆုံး ၃နှစ်အတွင်းရီးရဲလ်နဲ့ ကစားခဲ့တဲ့ ၆ပွဲမှာ တစ်ပွဲမှ ဂိုးမသွင်းနိုင်တော့ပါဘူး။

ရီးရဲလ်နဲ့တွေ့ရင် ခြေစွာတဲ့ မက်ဆီဟာ ရီးရဲလ်နဲ့ ကစားခဲ့တဲ့ ပထမဆုံး ၂၇ပွဲမှာ ၂၁ဂိုးအထိ ဂိုးသွင်းနိုင်ခဲ့တဲ့သူပါ။ ဒါပေမယ့် နောက်ဆုံး ၁၇ပွဲမှာတော့ ၅ဂိုးတည်းသာ သွင်းနိုင်ခဲ့ပါတော့တယ်။ သူ့အတွက် levelတူတဲ့ မဟာပြိုင်ဖက်မရှိတော့လို့ ကစားအားချလိုက်တာလား ဒါမှမဟုတ် သူကိုယ်တိုင်ပဲ ရီးရဲလ်ဖက်ကို ဂိုးသွင်းနိုင်ဖို့ ခက်သွားတာလားဆိုတာ ကာယကံရှင်ပဲ သိမှာပါ။ ဒီနှစ်ဘောလုံးရာသီမှာ မက်ဆီဟာ ၂၃ဂိုးသွင်းထားပြီး ဂိုးအများဆုံး သွင်းထားတဲ့သူလည်း ဖြစ်ပါတယ်။

သူတို့ ၂ဥိးဟာ ပြီးခဲ့တဲ့ ချန်ပီယံလိဂ် အုပ်စုပွဲမှာ ပြန်ဆုံခဲ့ကြပြီး စီရော်နယ်ဒိုက ဂျူဗင်တပ်အတွက် ဂိုးသွင်းနိုင်ခဲ့ပေမယ့် မက်ဆီကတော့ ဘာစီလိုနာအတွက် ဂိုးမရခဲ့ပါဘူး။ ဒါဟာ ၂၀၁၈ခုနှစ်နောက်ပိုင်း သူတို့၂ယောက် ပထမဆုံးအကြိမ် ပြန်လည်ရင်ဆိုင်ကစားခဲ့ရတာလည်းဖြစ်ပါတယ်။ တနင်္ဂနွေနေ့မှာ ကစားမယ့် အယ်ကလက်စီကိုမှာ ထပ်ဆုံးက အက်သလက်တီကိုနောက်ကို ထပ်ကြပ်မကွာ ကပ်လိုက်နေတဲ့ ဘာစီလိုနာနဲ့ ရီးရဲလ်အတွက် အနိုင်အရှုံးအရေးကြီးသလို မက်ဆီအတွက်ကလည်း စီရော်နယ်ဒို ထွက်သွားပြီးကတည်းက ရီးရဲလ်ဖက်ကို ဂိုးမသွင်းနိုင်တော့တဲ့ ဖြစ်ရပ်ကို ရပ်တန့်နိုင်ပါ့မလား စောင့်ကြည့်ရတော့မှာပါ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

စီေရာ္နယ္ဒိုမရွိတာနဲ႔ အယ္ကလက္စီကိုမွာ ဂိုးမသြင္းႏိုင္ေတာ့တဲ့ မက္ဆီ

၂၀၀၉ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲမွာ သူ႔ကို ေက်ာသြားတဲ့ မက္ဆီကို စပိန္ေျမကို ေျပာင္းေ႐ႊ႕ကစားရင္း လိုက္ဖိုက္ခဲ့တဲ့ စီေရာ္နယ္ဒိုက ၁၀စုႏွစ္ တစ္ခုနီးပါးအတြင္းမွာ သူတစ္ျပန္ ကိုယ္တစ္ျပန္ ကစားရင္း ကမာၻ႔အေကာင္းဆုံးကစားသမားဆု အပါအဝင္ ဆုဖလားေတြလည္း ထပ္ရခဲ့ပါတယ္။ ဘာစီလိုနာနဲ႔ ရီးရဲလ္ မဟာၿပိဳင္ဘက္ေတြျဖစ္သလို စီေရာ္နယ္ဒိုနဲ႔ မက္ဆီတု႔ ၂ဦးေၾကာင့္ သူတို႔ေတြ႕တဲ့ အယ္ကလက္စီကိုမွာဆိုရင္ ၂ေယာက္စလုံးက အသင္းအႏိုင္ရဖို႔အျပင္ ကိုယ္တိုင္ ဂိုးသြင္းႏိုင္ဖို႔ကိုလည္း အျပင္းအထန္ ႀကိဳးစားကစားေလ့ရွိပါတယ္။

ဒါေပမယ့္ စီေရာ္နယ္ဒိုတစ္ေယာက္ ၂၀၁၈မွာ ဂ်ဴဗင္တပ္ကို ေျပာင္းသြားၿပီးေနာက္ပိုင္း အယ္ကလက္စီကိုမွာ မင္းမူရမယ့္ မက္ဆီဟာ မယုံၾကည္ႏိုင္ေလာက္ေအာင္ ဂိုးမသြင္းႏိုင္ဘဲ ျဖစ္သြားခဲ့ရပါတယ္။ စီေရာ္နယ္ဒိုရွိတုန္းက သူသြင္းကိုယ္သြင္း အၿပိဳင္ႀကဲခဲ့တဲ့ မက္ဆီဟာ စီေရာ္နယ္ဒို မရွိေတာ့တဲ့ ေဘာလုံးရာသီကစၿပီး အယ္ကလက္စီကိုမွာ ဂိုးမသြင္းႏိုင္ေတာ့ပါဘူး။ Marca ရဲ႕ ေဖာ္ျပခ်က္ေတြအရ မက္ဆီဟာ ရီးရဲလ္နဲ႔ ကစားခဲ့တဲ့ ၂၀၁၇-၁၈ လာလီဂါ ေဘာလုံးရာသီ ပြဲစဥ္ ၃၆မွာ ရီးရဲလ္ဖက္ကို ေနာက္ဆုံးအႀကိမ္ ဂိုးသြင္းႏိုင္ခဲ့တာလည္းျဖစ္ပါတယ္။ ေနာက္ဆုံး ၃ႏွစ္အတြင္းရီးရဲလ္နဲ႔ ကစားခဲ့တဲ့ ၆ပြဲမွာ တစ္ပြဲမွ ဂိုးမသြင္းႏိုင္ေတာ့ပါဘူး။

ရီးရဲလ္နဲ႔ေတြ႕ရင္ ေျခစြာတဲ့ မက္ဆီဟာ ရီးရဲလ္နဲ႔ ကစားခဲ့တဲ့ ပထမဆုံး ၂၇ပြဲမွာ ၂၁ဂိုးအထိ ဂိုးသြင္းႏိုင္ခဲ့တဲ့သူပါ။ ဒါေပမယ့္ ေနာက္ဆုံး ၁၇ပြဲမွာေတာ့ ၅ဂိုးတည္းသာ သြင္းႏိုင္ခဲ့ပါေတာ့တယ္။ သူ႔အတြက္ levelတူတဲ့ မဟာၿပိဳင္ဖက္မရွိေတာ့လို႔ ကစားအားခ်လိုက္တာလား ဒါမွမဟုတ္ သူကိုယ္တိုင္ပဲ ရီးရဲလ္ဖက္ကို ဂိုးသြင္းႏိုင္ဖို႔ ခက္သြားတာလားဆိုတာ ကာယကံရွင္ပဲ သိမွာပါ။ ဒီႏွစ္ေဘာလုံးရာသီမွာ မက္ဆီဟာ ၂၃ဂိုးသြင္းထားၿပီး ဂိုးအမ်ားဆုံး သြင္းထားတဲ့သူလည္း ျဖစ္ပါတယ္။

သူတို႔ ၂ဥိးဟာ ၿပီးခဲ့တဲ့ ခ်န္ပီယံလိဂ္ အုပ္စုပြဲမွာ ျပန္ဆုံခဲ့ၾကၿပီး စီေရာ္နယ္ဒိုက ဂ်ဴဗင္တပ္အတြက္ ဂိုးသြင္းႏိုင္ခဲ့ေပမယ့္ မက္ဆီကေတာ့ ဘာစီလိုနာအတြက္ ဂိုးမရခဲ့ပါဘူး။ ဒါဟာ ၂၀၁၈ခုႏွစ္ေနာက္ပိုင္း သူတို႔၂ေယာက္ ပထမဆုံးအႀကိမ္ ျပန္လည္ရင္ဆိုင္ကစားခဲ့ရတာလည္းျဖစ္ပါတယ္။ တနဂၤေႏြေန႔မွာ ကစားမယ့္ အယ္ကလက္စီကိုမွာ ထပ္ဆုံးက အက္သလက္တီကိုေနာက္ကို ထပ္ၾကပ္မကြာ ကပ္လိုက္ေနတဲ့ ဘာစီလိုနာနဲ႔ ရီးရဲလ္အတြက္ အႏိုင္အရႈံးအေရးႀကီးသလို မက္ဆီအတြက္ကလည္း စီေရာ္နယ္ဒို ထြက္သြားၿပီးကတည္းက ရီးရဲလ္ဖက္ကို ဂိုးမသြင္းႏိုင္ေတာ့တဲ့ ျဖစ္ရပ္ကို ရပ္တန႔္ႏိုင္ပါ့မလား ေစာင့္ၾကည့္ရေတာ့မွာပါ။