စီရော်နယ်ဒိုနဲ့ ပေါလ်စခိုးတို့ပါတဲ့ ဆိုးလ်ရှားရဲ့အိပ်မက် ၆ ယောက်အသင်း

photo-allfootball

photo-man u

မန်ယူနည်းပြဆိုးလ်ရှားဟာ သူ့ရဲ့ကစားသမားဘဝနေ့ရက်တွေမှာ နာမည်ကျော်အိုင်ကွန်တွေနဲ့ အတူတွဲကစားခွင့်ရခဲ့ပြီး သူ့ရဲ့အိပ်မက် ၆ ယောက်အသင်းမှာလည်း စီရော်နယ်ဒို၊ ပေါလ်စခိုးနဲ့ ရွိုင်ယန်ဂစ်တို့အတွက် နေရာပေးခဲ့ပါတယ်။ ၁၉၉၆ ကနေ ၂၀၀၇ အတွင်းမှာ လက်ရှိမန်ယူနည်းပြဟာ အိုးလ်ထရက်ဖို့ဒ်မှာ အသုံးဝင်တဲ့တိုက်စစ်ရွေးချယ်မှုတစ်ခုဖြစ်ခဲ့ပါတယ်။

photo-allsport

သူ့ရဲ့မန်ယူကစားသမားဘဝမှာ ဆိုးလ်ရှားဟာ ပရီးမီးယားလိဂ်ချန်ပီယံဆုကို ၆ ကြိမ်ရရှိခဲ့ပြီး ၁၉၉၉ တုန်းကလည်း သူ့ရဲ့ပြဇာတ်ဆန်တဲ့နောက်ဆုံးမိနစ်အနိုင်ဂိုးနဲ့ မှတ်မှတ်ရရ ဖလား ၃ လုံးအောင်မြင်မှုရရှိခဲ့ပါတယ်။ အဲဒီဖလား ၃ လုံးရအသင်းမှာ ဒေးဗစ်ဘက်ခမ်း၊ပီတာရှမိုက်ကယ်နဲ့ဂယ်ရီနဗီးလ်တို့လို ဂန္ထဝင်ကစားသမားတွေလည်း ပါဝင်ခဲ့ကြပါတယ်။ ဒါပေမဲ့ ဆိုးလ်ရှားစိတ်ကြိုက် ၆ ယောက်အသင်းမှာတော့ သူတို့ ၃ ယောက်စလုံး မပါဝင်ခဲ့ပါဘူး။

photo-express

သူတွဲကစားဖူးခဲ့သူတွေထဲက စိတ်ကြိုက်အသင်းတစ်သင်းကို ရွေးချယ်ခိုင်းတော့ ဆိုးလ်ရှားက”ဂိုးသမားနေရာအတွက် ဗန်ဒါဆားရှိတယ်။ ဒီဂီယာလည်းရှိတယ်။ ဒါပေမဲ့ ကျွန်တော်သာနည်းပြရမယ်ဆိုရင် ဗန်ဒါဆားကိုပဲ ရွေးမှာပါ။ နောက်တန်းမှာတော့ ဂျပ်စတမ်းကိုထားမှာပါ။ သူ့စကေးတွေအရ ဂစ်ကိုလည်း ထည့်ရမယ်။ ပြီးရင် စီရော်နယ်ဒို၊ ကျွန်တော်၊ ရွိုင်ကိန်းနဲ့ ပေါလ်စခိုးတို့ပေါ့။ ဘယ်လောက်ဖြစ်သွားလဲ”လို့ မန်ယူရဲ့official YouTube ချန်နယ်မှာ ပြောခဲ့တာပါ။ သူအပါအဝင် ၇ ယောက်ရွေးခဲ့တာဖြစ်ပေမယ့် ဆိုးလ်ရှားက ကစားသမားဘဝတုန်းကလိုပဲ သူကိုယ်သူတော့ အရန်ခုံက super sub အဖြစ်သာ သဘောထားခဲ့တာပါ။

[Zawgyi]

စီေရာ္နယ္ဒိုနဲ႔ ေပါလ္စခိုးတို႔ပါတဲ့ ဆိုးလ္ရွားရဲ႕အိပ္မက္ ၆ ေယာက္အသင္း

မန္ယူနည္းျပဆုိးလ္ရွားဟာ သူ႔ရဲ႕ကစားသမားဘ၀ေန႔ရက္ေတြမွာ နာမည္ေက်ာ္အိုင္ကြန္ေတြနဲ႔ အတူတြဲကစားခြင့္ရခဲ့ၿပီး သူ႔ရဲ႕အိပ္မက္ ၆ ေယာက္အသင္းမွာလည္း စီေရာ္နယ္ဒို၊ ေပါလ္စခုိးနဲ႔ ရြိဳင္ယန္ဂစ္တို႔အတြက္ ေနရာေပးခဲ့ပါတယ္။ ၁၉၉၆ ကေန ၂၀၀၇ အတြင္းမွာ လက္ရွိမန္ယူနည္းျပဟာ အုိးလ္ထရက္ဖို႔ဒ္မွာ အသုံး၀င္တဲ့တိုက္စစ္ေရြးခ်ယ္မႈတစ္ခုျဖစ္ခဲ့ပါတယ္။

သူ႔ရဲ႕မန္ယူကစားသမားဘ၀မွာ ဆုိးလ္ရွားဟာ ပရီးမီးယားလိဂ္ခ်န္ပီယံဆုကို ၆ ႀကိမ္ရရွိခဲ့ၿပီး ၁၉၉၉ တုန္းကလည္း သူ႔ရဲ႕ျပဇာတ္ဆန္တဲ့ေနာက္ဆုံးမိနစ္အႏိုင္ဂိုးနဲ႔ မွတ္မွတ္ရရ ဖလား ၃ လုံးေအာင္ျမင္မႈရရွိခဲ့ပါတယ္။ အဲဒီဖလား ၃ လုံးရအသင္းမွာ ေဒးဗစ္ဘက္ခမ္း၊ပီတာရွမိုက္ကယ္နဲ႔ဂယ္ရီနဗီးလ္တို႔လို ဂႏၳ၀င္ကစားသမားေတြလည္း ပါ၀င္ခဲ့ၾကပါတယ္။ ဒါေပမဲ့ ဆိုးလ္ရွားစိတ္ႀကိဳက္ ၆ ေယာက္အသင္းမွာေတာ့ သူတုိ႔ ၃ ေယာက္စလုံး မပါ၀င္ခဲ့ပါဘူး။

သူတြဲကစားဖူးခဲ့သူေတြထဲက စိတ္ႀကိဳက္အသင္းတစ္သင္းကို ေရြးခ်ယ္ခိုင္းေတာ့ ဆုိးလ္ရွားက”ဂိုးသမားေနရာအတြက္ ဗန္ဒါဆားရွိတယ္။ ဒီဂီယာလည္းရွိတယ္။ ဒါေပမဲ့ ကၽြန္ေတာ္သာနည္းျပရမယ္ဆုိရင္ ဗန္ဒါဆားကိုပဲ ေရြးမွာပါ။ ေနာက္တန္းမွာေတာ့ ဂ်ပ္စတမ္းကိုထားမွာပါ။ သူ႔စေကးေတြအရ ဂစ္ကိုလည္း ထည့္ရမယ္။ ၿပီးရင္ စီေရာ္နယ္ဒုိ၊ ကၽြန္ေတာ္၊ ရြိဳင္ကိန္းနဲ႔ ေပါလ္စခုိးတို႔ေပါ့။ ဘယ္ေလာက္ျဖစ္သြားလဲ”လုိ႔ မန္ယူရဲ႕official YouTube ခ်န္နယ္မွာ ေျပာခဲ့တာပါ။ သူအပါအ၀င္ ၇ ေယာက္ေရြးခဲ့တာျဖစ္ေပမယ့္ ဆုိးလ္ရွားက ကစားသမားဘ၀တုန္းကလုိပဲ သူကိုယ္သူေတာ့ အရန္ခုံက super sub အျဖစ္သာ သေဘာထားခဲ့တာပါ။