စီရော်နယ်ဒိုနဲ့ ပတ်သက်တဲ့ အခက်အခဲကို ဖွင့်ချလိုက်တဲ့ ဆာရီ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ရော်နယ်ဒို ဟာ ပြီးခဲ့တဲ့ရာသီက ဂျူဗင်တပ်စ် အသင်းအတွက် ပြိုင်ပွဲစုံ (၄၄)ပွဲမှာ (၃၆)ဂိုးအထိ သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

ဒါကြောင့် ရော်နယ်ဒို ဟာ ဂျူဗင်တပ်စ် အသင်းအတွက် ကစားပေးခဲ့တဲ့ (၃)ရာသီအတွင်း (၁၃၃)ပွဲမှာ (၁၀၁)ဂိုးအထိ သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

အီတလီ လူမျိုး နည်းပြ မော်ရစ်ဇီယို ဆာရီ ကတော့၂၀၁၉ – ၂၀၂၀ ဘောလုံး ရာသီတုန်းက ချဲလ်ဆီး အသင်း ကနေ ဂျူဗင်တပ်စ်အသင်းဆီကို ၃နှစ် စာချုပ်နဲ့ ပြောင်းရွှေ့ လာခဲ့ပေမယ့်၊ အဲဒီရာသီ အကုန်မှာပဲ ချန်ပီယံလိဂ် မှတ်တမ်းမကောင်းတာကြောင့် ရာထူးက အထုတ်ခံခဲ့ရပါတယ်။

အီတလီ သတင်းဌာန Sport Italia နဲ့ တွေ့ဆုံခဲ့တဲ့ အင်တာဗျူး မှာတော့ ဆာရီ က ထိပ်တန်းကစားသမားရော်နယ်ဒိုကို ကိုင်တွယ်ဖို့ ဆိုတာ မရိုးရှင်းဘဲ ခက်ခဲကြောင်း ဝန်ခံ ပြောဆိုထားပါတယ်။

ဆာရီ က ” ရှုထောင့် အမျိုးမျိုးက ကြည့်လိုက်တိုင်း ၊ ရော်နယ်ဒို ကို ကိုင်တွယ်ဖို့ ဆိုတာ ထင်သလောက် ဘယ်လိုမှ မရိုးရှင်းခဲ့ပါဘူး။

သူဟာ အလုပ်မျိုးစုံ လုပ်နေတဲ့ ဘောလုံးသမား တစ်ယောက် ဖြစ်ပြီး ၊ အချို့ပုဂ္ဂိုလ်ရေးနဲ့ ဆိုင်တဲ့ အရာတွေမှာ ဘောလုံး ကစားတာနဲ့ ညိနေတတ်တာတွေ ရှိနေပါတယ်။”

”ရော်နယ်ဒိုစိတ်ဝင်စားတဲ့ အရာ တချို့ဟာ ပုံမှန် ဘောလုံးသမား တစ်ယောက် ၊ ကလပ် တစ်သင်းရဲ့ အတွေးထက် အများကြီး ကျော်လွန်နေတတ်ပါတယ်။

ကျွန်တော်က ဘောလုံး နည်းပြ တစ်ယောက် ဖြစ်ပြီး  သူ့အတွက် စီမံခန့်ခွဲတတ်တဲ့ မန်နေဂျာ တစ်ယောက် မဟုတ်ပါဘူး။ ”

” အခြားတစ်ဖက်မှာ ဘယ်လိုပဲဖြစ်ဖြစ် ရော်နယ်ဒို ဟာ သူ ဖြစ်ချင်တဲ့ နံပါတ် ၊ မှတ်တမ်းကောင်းတွေဆီ အရောက် သွားတတ်ပါတယ်။”

“ရော်နယ်ဒိုရဲ့ အနာဂတ်နဲ့ ပတ်သက်လို့ကတော့အဲ ဒါဟာ ကလပ် ရဲ့ ဆုံးဖြတ်သုံးသပ်ချက်အပေါ်မှာ မူတည်နိုင်ပါတယ်။

တကယ်လို့ ရော်နယ်ဒိုရဲ့ လစာကို ကလပ်ဖက်က ပေးချေဖို့ ဆန္ဒ မရှိတော့ဘူးဆိုရင် ၊ အပြောင်းအရွှေ့ ဖြစ်လာနိုင်ပါတယ် ။ ”

” ကျွန်တော့် အမြင်အရ ပြောရရင် ကစားသမား တစ်ယောက်တည်းကို လစာ ပုံပေးပြီး ဆက်ထိန်းနေမယ့် အစား ၊ အဲဒီ ကစားသမားကို စွန့်လွှတ်ပြီး

ကျန်တဲ့ အသင်းသား ၅ယောက် ၆ယောက်ပေါင်းကို အဲဒီ လစာကြေး အတိုင်း ဆက်ထိန်းတာက ပိုကောင်းမယ်လို့ ထင်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

စီေရာ္နယ္ဒိုနဲ႔ ပတ္သက္တဲ့ အခက္အခဲကို ဖြင့္ခ်လိုက္တဲ့ ဆာရီ

ေရာ္နယ္ဒို ဟာ ၿပီးခဲ့တဲ့ရာသီက ဂ်ဴဗင္တပ္စ္ အသင္းအတြက္ ၿပိဳင္ပြဲစုံ (၄၄)ပြဲမွာ (၃၆)ဂိုးအထိ သြင္းယူႏိုင္ခဲ့တာျဖစ္ပါတယ္။ဒါေၾကာင့္ ေရာ္နယ္ဒို ဟာ ဂ်ဴဗင္တပ္စ္ အသင္းအတြက္ ကစားေပးခဲ့တဲ့ (၃)ရာသီအတြင္း (၁၃၃)ပြဲမွာ (၁၀၁)ဂိုးအထိ သြင္းယူႏိုင္ခဲ့တာျဖစ္ပါတယ္။

အီတလီ လူမ်ိဳး နည္းျပ ေမာ္ရစ္ဇီယို ဆာရီ က​ေတာ့၂၀၁၉ – ၂၀၂၀ ေဘာလုံး ရာသီတုန္းက ခ်ဲလ္ဆီး အသင္း ကေန ဂ်ဴဗင္တပ္စ္အသင္းဆီကို ၃ႏွစ္ စာခ်ဳပ္နဲ႔ ေျပာင္းေ႐ႊ႕ လာခဲ့ေပမယ့္ ၊အဲဒီရာသီ အကုန္မွာပဲ ခ်န္ပီယံလိဂ္ မွတ္တမ္းမေကာင္းတာေၾကာင့္ ရာထူးက အထုတ္ခံခဲ့ရပါတယ္။

အီတလီ သတင္းဌာန Sport Italia နဲ႔ ေတြ႕ဆုံခဲ့တဲ့ အင္တာဗ်ဴး မွာေတာ့ ဆာရီ က ထိပ္တန္းကစားသမားေရာ္နယ္ဒိုကို ကိုင္တြယ္ဖို႔ ဆိုတာ မ႐ိုးရွင္းဘဲ ခက္ခဲေၾကာင္း ဝန္ခံ ေျပာဆိုထားပါတယ္ ။

ဆာရီ က ” ရႈေထာင့္ အမ်ိဳးမ်ိဳးက ၾကည့္လိုက္တိုင္း ၊ ေရာ္နယ္ဒို ကို ကိုင္တြယ္ဖို႔ ဆိုတာ ထင္သေလာက္ ဘယ္လိုမွ မ႐ိုးရွင္းခဲ့ပါဘူး။ သူဟာ အလုပ္မ်ိဳးစုံ လုပ္ေနတဲ့ ေဘာလုံးသမား တစ္ေယာက္ ျဖစ္ၿပီး ၊ အခ်ိဳ႕ပုဂၢိဳလ္ေရးနဲ႔ ဆိုင္တဲ့ အရာေတြမွာ ေဘာလုံး ကစားတာနဲ႔ ညိေနတတ္တာေတြ ရွိေနပါတယ္။”

”ေရာ္နယ္ဒိုစိတ္ဝင္စားတဲ့ အရာ တခ်ိဳ႕ဟာ ပုံမွန္ ေဘာလုံးသမား တစ္ေယာက္ ၊ ကလပ္ တစ္သင္းရဲ႕ အေတြးထက္ အမ်ားႀကီး ေက်ာ္လြန္ေနတတ္ပါတယ္ ။ ကြၽန္ေတာ္က ေဘာလုံး နည္းျပ တစ္ေယာက္ ျဖစ္ၿပီး ၊ သူ႔အတြက္ စီမံခန႔္ခြဲတတ္တဲ့ မန္ေနဂ်ာ တစ္ေယာက္ မဟုတ္ပါဘူး။ ”

” အျခားတစ္ဖက္မွာ ဘယ္လိုပဲျဖစ္ျဖစ္ ေရာ္နယ္ဒို ဟာ သူ ျဖစ္ခ်င္တဲ့ နံပါတ္ ၊ မွတ္တမ္းေကာင္းေတြဆီ အေရာက္ သြားတတ္ပါတယ္။”

“ေရာ္နယ္ဒိုရဲ႕ အနာဂတ္နဲ႔ ပတ္သက္လို႔ကေတာ့အဲ ဒါဟာ ကလပ္ ရဲ႕ ဆုံးျဖတ္သုံးသပ္ခ်က္အေပၚမွာ မူတည္ႏိုင္ပါတယ္။ တကယ္လို႔ ေရာ္နယ္ဒိုရဲ႕ လစာကို ကလပ္ဖက္က ေပးေခ်ဖို႔ ဆႏၵ မရွိေတာ့ဘူးဆိုရင္ ၊ အေျပာင္းအေ႐ႊ႕ ျဖစ္လာႏိုင္ပါတယ္။ ”

” ကြၽန္ေတာ့္ အျမင္အရ ေျပာရရင္ ကစားသမား တစ္ေယာက္တည္းကို လစာ ပုံေပးၿပီး ဆက္ထိန္းေနမယ့္ အစား ၊ အဲဒီ ကစားသမားကို စြန႔္လႊတ္ၿပီး က်န္တဲ့ အသင္းသား ၅ေယာက္ ၆ေယာက္ေပါင္းကို အဲဒီ လစာေၾကး အတိုင္း ဆက္ထိန္းတာက ပိုေကာင္းမယ္လို႔ ထင္ပါတယ္။ ” လို႔ ေျပာၾကားခဲ့ပါတယ္။