စီရော်နယ်ဒိုနဲ့မက်ဆီကို တစ်သင်းတည်းမှာ မြင်ချင်စမ်းပါဘိ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားနှစ်ယောက်ဖြစ်တဲ့ စီရော်နယ်ဒိုနဲ့မက်ဆီကို တစ်သင်းတည်းမှာ မြင်ရဖွယ်ရှိတယ်ဆိုပြီးအသံတွေတော့ထွက်နေပါတယ်။ ဘာစီလိုနာမှာတော့ အဲဒီနှစ်ယောက်အတူတူကစားဖွယ်မရှိပါဘူး။

photo internet

သူတို့နှစ်ယောက်အတူတူတွဲကစားနိုင်တဲ့နေရာကတော့ အမေရိကန် မေဂျာလိဂ် ဘောလုံး ပြိုင်ပွဲ ပါပဲ ။ ဥရောပ က အကျော် အမော် တွေ ရဲ့ နေဝင်ချိန် ကို ကုန်ဆုံးရာ ကမ္ဘာကြီးရဲ့ အနောက်ဘက်စွန်း က နေရာတစ်ခုပါပဲ။

photo internet

မက်ဆီနဲ့စီရော်နယ်ဒိုတို့ကိုပေါင်းဆုံပေးမယ့် ပေါင်းကူးတံတားကတော့ ယူနိုက်တက်ကစားသမားဟောင်းကြီး ဒေးဗစ်ဘက်ခမ်းဖြစ်ပါတယ်။ အင်္ဂလန် သားကြီး ဟာ လက်ရှိ မှာ အင်တာ မိုင်ယာမီ ဆိုတဲ့ အသင်းသစ် တစ်သင်း ကို တည်ထောင်ပြီး လာမယ့် နှစ် မေဂျာလိဂ် ပြိုင်ပွဲ မှာ ဝင်ရောက် ယှဉ်ပြိုင်ဖို့ အရှိန်ယူ နေပြီ ဖြစ်ပါတယ် ။ သူ့ရဲ့ အသင်း အတွက် နည်းပြ နဲ့ ကစား သမားတွေကို ခေါ်ယူ ထားပြီး ဖြစ်သလို ဥရောပ က နာမည်ကျော် စတားတွေ ကိုလည်း လာရောက် ကစားဖို့ တိုက်တွန်း ဆွဲဆောင် နေခဲ့ ပါတယ် ။

photo internet

ဒီအထဲ မှာ မက်ဆီ လည်း ပါဝင် နေပြီး ရိုနယ်ဒို ကိုလည်း မကြာခင်မှာ ဘက်ခမ်း က သွားရောက်စည်းရုံး ဖို့ ပြင်ဆင် ထားမှာ သေချာပါတယ် ။ ထိပ်တန်းကစားသမားနှစ်ယောက်ဖြစ်တဲ့ မက်ဆီ နဲ့ ရိုနယ်ဒို တို့ ကို တစ်သင်းတည်း အတူ ကစားဖို့ ပြောဆိုစည်းရုံးနိုင်မယ့် သူကတော့ဘက်ခမ်းဖြစ်တယ်ဆိုပြီးအတော်များများက ထင်ကြေးပေးထားကြပါတယ်။

photo internet

ရော်နယ်ဒိုကို လာရောက်ကစားစေဖို့အတွက်ကတော့ အင်တာမိုင်ယာမီအသင်းအနေနဲ့ စွဲမက်ဖွယ် အနေအထားနဲ့ ကမ်းလှမ်းနိုင်ခြေရှိပါတယ်။ဒါပေမယ့် မက်ဆီကို MLSမှာ လာရောက်ကစားစေဖို့အတွက် သွေးဆောင်ရမယ့်အလုပ်ကတော့ ခက်ခဲဖွယ်ရှိနေပါတယ်။ အင်မတန်ကြီးကျယ်တဲ့အခွင့်အရေးတွေပေးမှသာ မက်ဆီကို ဘာစီလိုနာအသင်းကနေခေါ်ယူနိုင်ပါလိမ့်မယ်။ဒါပေမယ့် မက်ဆီရဲ့ဆုံးဖြတ်ချက်အပေါ်မှာ လည်းမူတည်နေပါတယ်။

photo internet

“မက်ဆီနဲ့စီရော်နယ်ဒိုတို့ပေါင်းစည်းဖို့ကိစ္စမှာ ဒေးဗစ်ဘက်ခမ်းက အရေးပါမယ် လို့ ထင်ပါတယ်” ဆိုပြီး MLS ရဲ့ မန်နေဂျာ ဖြစ်သူ အေဒီရီယန် ဟိသ် က ပြောဆို ထားပါတယ်။ ဒါ့အပြင် မက်ဆီ နဲ့ ရိုနယ်ဒို တို့ သာ လာရောက် ကစားခဲ့ပါက အမေရိကရဲ့ ဘောလုံး အဆင့်အတန်း ဟာ အများကြီး တိုးတက် ပြောင်းလဲ လာမယ်လို့ ယုံကြည်ကြောင်းလည်း ဟိသ် က ပြောဆိုထားပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

(Zawgyi Version)

စီေရာ္နယ္ဒိုနဲ႔မက္ဆီကို တစ္သင္းတည္းမွာ ျမင္ခ်င္စမ္းပါဘိ

ကမၻာ့အေကာင္းဆုံးေဘာလုံးသမားႏွစ္ေယာက္ျဖစ္တဲ့ စီေရာ္နယ္ဒိုနဲ႔မက္ဆီကို တစ္သင္းတည္းမွာ ျမင္ရဖြယ္ရိွတယ္ဆိုၿပီးအသံေတြေတာ့ထြက္ေနပါတယ္။ ဘာစီလိုနာမွာေတာ့ အဲဒီႏွစ္ေယာက္အတူတူကစားဖြယ္မရိွပါဘူး။ သူတို႔ႏွစ္ေယာက္အတူတူတြဲကစားႏိုင္တဲ့ေနရာကေတာ့ အေမရိကန္ ေမဂ်ာလိဂ္ ေဘာလုံး ၿပိဳင္ပြဲ ပါပဲ ။ ဥေရာပ က အေက်ာ္ အေမာ္ ေတြ ရဲ႕ ေနဝင္ခ်ိန္ ကို ကုန္ဆုံးရာ ကမာၻႀကီးရဲ႕ အေနာက္ဘက္စြန္း က ေနရာတစ္ခုပါပဲ။

မက္ဆီနဲ႔စီေရာ္နယ္ဒိုတို႔ကိုေပါင္းဆုံေပးမယ့္ ေပါင္းကူးတံတားကေတာ့ ယူႏိုက္တက္ကစားသမားေဟာင္းႀကီး ေဒးဗစ္ဘက္ခမ္းျဖစ္ပါတယ္။ အဂၤလန္ သားႀကီး ဟာ လက္ရွိ မွာ အင္တာ မိုင္ယာမီ ဆိုတဲ့ အသင္းသစ္ တစ္သင္း ကို တည္ေထာင္ၿပီး လာမယ့္ ႏွစ္ ေမဂ်ာလိဂ္ ၿပိဳင္ပြဲ မွာ ဝင္ေရာက္ ယွဥ္ၿပိဳင္ဖို႔ အရွိန္ယူ ေနၿပီ ျဖစ္ပါတယ္ ။ သူ႔ရဲ႕ အသင္း အတြက္ နည္းျပ နဲ႔ ကစား သမားေတြကို ေခၚယူ ထားၿပီး ျဖစ္သလို ဥေရာပ က နာမည္ေက်ာ္ စတားေတြ ကိုလည္း လာေရာက္ ကစားဖို႔ တိုက္တြန္း ဆြဲေဆာင္ ေနခဲ့ ပါတယ္ ။

ဒီအထဲ မွာ မက္ဆီ လည္း ပါဝင္ ေနၿပီး ႐ိုနယ္ဒို ကိုလည္း မၾကာခင္မွာ ဘက္ခမ္း က သြားေရာက္စည္း႐ုံး ဖို႔ ျပင္ဆင္ ထားမွာ ေသခ်ာပါတယ္ ။ ထိပ္တန္းကစားသမားႏွစ္ေယာက္ျဖစ္တဲ့ မက္ဆီ နဲ႔ ႐ိုနယ္ဒို တို႔ ကို တစ္သင္းတည္း အတူ ကစားဖို႔ ေျပာဆိုစည္းရုံးႏိုင္မယ့္ သူကေတာ့ဘက္ခမ္းျဖစ္တယ္ဆိုၿပီးအေတာ္မ်ားမ်ားက ထင္ေၾကးေပးထားၾကပါတယ္။

ေရာ္နယ္ဒိုကို လာေရာက္ကစားေစဖို႔အတြက္ကေတာ့ အင္တာမိုင္ယာမီအသင္းအေနနဲ႔ စြဲမက္ဖြယ္ အေနအထားနဲ႔ ကမ္းလွမ္းႏိုင္ေျခရွိပါတယ္။ဒါေပမယ့္ မက္ဆီကို MLSမွာ လာေရာက္ကစားေစဖို႔အတြက္ ေသြးေဆာင္ရမယ့္အလုပ္ကေတာ့ ခက္ခဲဖြယ္ရွိေနပါတယ္။ အင္မတန္ႀကီးက်ယ္တဲ့အခြင့္အေရးေတြေပးမွသာ မက္ဆီကို ဘာစီလိုနာအသင္းကေနေခၚယူႏိုင္ပါလိမ့္မယ္။ဒါေပမယ့္ မက္ဆီရဲ႕ဆုံးျဖတ္ခ်က္အေပၚမွာ လည္းမူတည္ေနပါတယ္။
“မက္ဆီနဲ႔စီေရာ္နယ္ဒိုတို႔ေပါင္းစည္းဖို႔ကိစၥမွာ ေဒးဗစ္ဘက္ခမ္းက အေရးပါမယ္ လို႔ ထင္ပါတယ္” ဆိုၿပီး MLS ရဲ႕ မန္ေနဂ်ာ ျဖစ္သူ ေအဒီရီယန္ ဟိသ္ က ေျပာဆို ထားပါတယ္။ ဒါ့အျပင္ မက္ဆီ နဲ႔ ႐ိုနယ္ဒို တို႔ သာ လာေရာက္ ကစားခဲ့ပါက အေမရိကရဲ႕ ေဘာလုံး အဆင့္အတန္း ဟာ အမ်ားႀကီး တိုးတက္ ေျပာင္းလဲ လာမယ္လို႔ ယုံၾကည္ေၾကာင္းလည္း ဟိသ္ က ေျပာဆိုထားပါတယ္။