စီရော်နယ်ဒိုထွက်ရင် ဂရစ်ဇ်မန်းနဲ့ ပြန်အစားထိုးဖို့ ဂျူဗင်တပ် ရည်ရွယ်ထား

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဂျုဗင်တပ်အသင်းဟာ ယူရိုပြိုင်ပွဲအပြီး နွေရာသီအပြောင်းအရွှေ့မှာ အသင်းကနေ ထွက်ခွာဖွယ်ရှိနေတဲ့ စီရော်နယ်ဒို နေရာမှာ အစားထိုးဖို့အတွက် ဘာစီလိုနာအသင်း တိုက်စစ်ကစားသမား ဂရစ်ဇ်မန်းကို ပစ်မှတ်ထားနေတ်လို့ သိရပါတယ်။

စီရော်နယ်ဒိုနဲ့ ဂျုဗင်တပ်အသင်းတို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ လာမယ့်ရာသီအကုန်မှာ ကုန်ဆုံးမှာဖြစ်ပေမယ့်

စီရော်နယ်ဒိုဟာ ဥရောပစူပါလိဂ်ပြသနာကြောင့် ချန်ပီယံလိ၈် ပါဝင်ခွင့်ရဖို့ မသေချာတဲ့ ဂျူဗင်တပ်အသင်းက ထွက်ခွာပြီး အသင်းသစ် ရှာဖွေနေတာလည်းဖြစ်ပါတယ်။

ဒါကြောင့် ဂျုဗင်တပ်အသင်းနည်းပြသစ် အယ်လီဂရီဟာ တိုက်စစ်ကစားသမားတွေကို ရှာဖွေနေတာဖြစ်ပြီး ဟာရီကိန်း၊ ဒီပေးနဲ့ ဂျီးဆပ်စ် တို့လို ကစားသမားတွေကိုလည်း ခေါ်ယူမယ့်စာရင်းထဲမှာ လျာထားတာဖြစ်ပါတယ်။

နောက်ထပ်ထွက်ပေါ်လာတဲ့ သတင်းမှာ ဂရစ်ဇ်မန်းဟာ ဂျုဗင်တပ်အသင်းရဲ့ နောက်ထပ်ပစ်မှတ်ဖြစ်လာတယ်လို့ ဆိုပါတယ်။

ဘာစီလိုနာအသင်းကလည်း အခု နွေရာသီအပြောင်းအရွှေ့မှာ အသင်းကို အပြောင်းအလဲပြုလုပ်ဖို့ စီစဉ်နေပြီး ဂရစ်ဇ်မန်းကို ရောင်းချသွားဖို့ ရှိနေတာဖြစ်ပါတယ်။

ဘာစီလိုနာအသင်းဟာ ဂရစ်ဇ်မန်းကို ပေးချေရတဲ့ ကြီးမားတဲ့ လုပ်ခလစာကို ဖြတ်တောက်လျော့ချလိုနေပေမယ့် ကစားသမားကတော့ အသင်းကနေ ထွက်ခွာချင်စိတ်မရှိဖြစ်နေတာကြောင့ ခက်နေပါတယ်။

ပြင်သစ်လက်ရွေးစင် ဂရက်ဇ်မန်းဟာ ပြီးခဲ့တဲ့ရာသီက ဘာစီလိုနာအသင်းအတွက် ပြိုင်ပွဲစုံ ၂၀ဂိုး သွင်းယူနိုင်ခဲ့ပြီး ၁၂ဂိုး ဖန်တီးပေးနိုင်ခဲ့ပါတယ်။

ဘာစီလိုနာအသင်းဟာ အခုအပြောင်းအရွှေ့မှာ အဂူရိုကို ခေါ်ယူထားပြီး ဝယ်နယ်ဒန်ကို လက်လွှတ်လိုက်ရပေမယ့် ဒီပေးကိုလည်း ခေါ်ယူနိုင်ဖို့နီးစပ်နေတာပါ။

ဒါကြောင့် ဂျုဗင်တပ်အသင်းကသာ ထိုက်တန်တဲ့ ပြောင်းရွှေ့ကြေးနဲ့ ကမ်းလှမ်းမယ်ဆိုရင် ဘာစီလိုနာအသင်းဟာ ဂရစ်ဇ်မန်းကို ရောင်းချသွားဖွယ်ရှိနေတာလည်းဖြစ်ပါတယ်။

အသက်၃၀ အရွယ်ရှိ ဂရစ်ဇ်မန်းနဲ့ ဘာစီလိုနာ အသင်းတို့ချုပ်ဆိုထားတဲ့ စာချုပ်ဟာ နောက်ထပ်၃နှစ် ကျန်ရှိနေပါသေးတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

စီေရာ္နယ္ဒိုထြက္ရင္ ဂရစ္ဇ္မန္းနဲ႔ ျပန္အစားထိုးဖို႔ ဂ်ဴဗင္တပ္ ရည္႐ြယ္ထား

ဂ်ဳဗင္တပ္အသင္းဟာ ယူ႐ိုၿပိဳင္ပြဲအၿပီး ေႏြရာသီအေျပာင္းအေ႐ႊ႕မွာ အသင္းကေန ထြက္ခြာဖြယ္ရွိေနတဲ့ စီေရာ္နယ္ဒို ေနရာမွာ အစားထိုးဖို႔အတြက္ ဘာစီလိုနာအသင္း တိုက္စစ္ကစားသမား ဂရစ္ဇ္မန္းကို ပစ္မွတ္ထားေနတ္လို႔ သိရပါတယ္။ စီေရာ္နယ္ဒိုနဲ႔ ဂ်ဳဗင္တပ္အသင္းတို႔ ခ်ဳပ္ဆိုထားတဲ့ စာခ်ဳပ္ဟာ လာမယ့္ရာသီအကုန္မွာ ကုန္ဆုံးမွာျဖစ္ေပမယ့္ စီေရာ္နယ္ဒိုဟာ ဥေရာပစူပါလိဂ္ျပသနာေၾကာင့္ ခ်န္ပီယံလိ၈္ ပါဝင္ခြင့္ရဖို႔ မေသခ်ာတဲ့ ဂ်ဴဗင္တပ္အသင္းက ထြက္ခြာၿပီး အသင္းသစ္ ရွာေဖြေနတာလည္းျဖစ္ပါတယ္။

ဒါေၾကာင့္ ဂ်ဳဗင္တပ္အသင္းနည္းျပသစ္ အယ္လီဂရီဟာ တိုက္စစ္ကစားသမားေတြကို ရွာေဖြေနတာျဖစ္ၿပီး ဟာရီကိန္း၊ ဒီေပးနဲ႔ ဂ်ီးဆပ္စ္ တို႔လို ကစားသမားေတြကိုလည္း ေခၚယူမယ့္စာရင္းထဲမွာ လ်ာထားတာျဖစ္ပါတယ္။ ေနာက္ထပ္ထြက္ေပၚလာတဲ့ သတင္းမွာ ဂရစ္ဇ္မန္းဟာ ဂ်ဳဗင္တပ္အသင္းရဲ႕ ေနာက္ထပ္ပစ္မွတ္ျဖစ္လာတယ္လို႔ ဆိုပါတယ္။ ဘာစီလိုနာအသင္းကလည္း အခု ေႏြရာသီအေျပာင္းအေ႐ႊ႕မွာ အသင္းကို အေျပာင္းအလဲျပဳလုပ္ဖို႔ စီစဥ္ေနၿပီး ဂရစ္ဇ္မန္းကို ေရာင္းခ်သြားဖို႔ ရွိေနတာျဖစ္ပါတယ္။

ဘာစီလိုနာအသင္းဟာ ဂရစ္ဇ္မန္းကို ေပးေခ်ရတဲ့ ႀကီးမားတဲ့ လုပ္ခလစာကို ျဖတ္ေတာက္ေလ်ာ့ခ်လိုေနေပမယ့္ ကစားသမားကေတာ့ အသင္းကေန ထြက္ခြာခ်င္စိတ္မရွိျဖစ္ေနတာေၾကာင့ ခက္ေနပါတယ္။ ျပင္သစ္လက္ေ႐ြးစင္ ဂရက္ဇ္မန္းဟာ ၿပီးခဲ့တဲ့ရာသီက ဘာစီလိုနာအသင္းအတြက္ ၿပိဳင္ပြဲစုံ ၂၀ဂိုး သြင္းယူႏိုင္ခဲ့ၿပီး ၁၂ဂိုး ဖန္တီးေပးႏိုင္ခဲ့ပါတယ္။ ဘာစီလိုနာအသင္းဟာ အခုအေျပာင္းအေ႐ႊ႕မွာ အဂူ႐ိုကို ေခၚယူထားၿပီး ဝယ္နယ္ဒန္ကို လက္လႊတ္လိုက္ရေပမယ့္ ဒီေပးကိုလည္း ေခၚယူႏိုင္ဖို႔နီးစပ္ေနတာပါ။

ဒါေၾကာင့္ ဂ်ဳဗင္တပ္အသင္းကသာ ထိုက္တန္တဲ့ ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ကမ္းလွမ္းမယ္ဆိုရင္ ဘာစီလိုနာအသင္းဟာ ဂရစ္ဇ္မန္းကို ေရာင္းခ်သြားဖြယ္ရွိေနတာလည္းျဖစ္ပါတယ္။ အသက္၃၀ အ႐ြယ္ရွိ ဂရစ္ဇ္မန္းနဲ႔ ဘာစီလိုနာ အသင္းတို႔ခ်ဳပ္ဆိုထားတဲ့ စာခ်ဳပ္ဟာ ေနာက္ထပ္၃ႏွစ္ က်န္ရွိေနပါေသးတယ္။