စီရော်နယ်ဒိုထက် ပရီးမီးယားလိဂ်ဟက်ထရစ်အကြိမ်ရေပိုများသွားတဲ့ မာရက်ဇ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

စနေညက မန်စီးတီးရဲ့ဂိုးပြတ်နိုင်ပွဲမှာ သူရဲကောင်းဖြစ်ခဲ့တကာ တောင်ပံကစားသမားမာရက်ဇ်ပါပဲ။ ဘန်လေကို ၅ ဂိုးပြတ်နဲ့အနိုင်ရခဲ့တဲ့အဲဒီပွဲမှာ ၂၉ နှစ်အရွယ် အဲဒီအယ်ဂျီးရီးယားသားဟာ ဟက်ထရစ်သွင်းယူနိုင်ခဲ့တာပါ။

သူသွင်းယူခဲ့တဲ့ ၃ ဂိုးထဲက ဒုတိယသွင်းယူသွားတဲ့ဂိုးဟာလည်း အရမ်းကို စကေးကျလွန်းခဲ့ပါတယ်။ မာရက်ဇ်ကြောင့်လည်း ဒီရာသီမန်စီးတီးရဲ့သွင်းဂိုးရာခိုင်နှုန်းဟာ တစ်ပွဲတည်းနဲ့ ၅၀ ရာခိုင်းနှုန်းတက်သွားပါတယ်။ အဲဒီမတိုင်ခင် ၂ ပွဲမှာ မန်စီးတီးဟာ သွင်းဂိုး၊ရဂိုး ဂိုးကွာခြားချက် (၁) ဂိုးသာရခဲ့သလို ဒီရာသီပရီးမီးယားလိဂ်မှာ မကြုံစဖူး သွင်းဂိုးနည်းနေခဲ့တာ ဖြစ်ပါတယ်။

အဲဒီလိုပဲ ဘန်လေကို အနိုင်မရခင်တုန်းက မာရက်ဇ်ဟာ ဒီရာသီမန်စီးတီးအတွက် ၁၂ ပွဲမှာ ၁ ဂိုးသွင်း၊ ၁ ဂိုးဖန်တီးမှုသာ ရှိခဲ့တာပါ။

ပြီးခဲ့တဲ့ရာသီတုန်းကလည်း သူဟာ ၁၁ ပွဲမှာ ၂ ဂိုးသွင်းပြီး ၂ ဂိုးသာဖန်တီးနိုင်ခဲ့ပါတယ်။ အခုတော့ မန်စီးတီးအတွက် သူ့ရဲ့ပထမဆုံးဟက်ထရစ်ဂိုးကိုသွင်းနိုင်ခဲ့ပါပြီ။

သူ့ရဲ့ပရီးမီးယားလိဂ်ကစားသမားဘဝမှာ ဒုတိယအကြိမ်မြောက်ဟက်ထရစ်ဖြစ်ပြီး ပထမဆုံးတစ်ကြိမ်ကတော့ လက်စတာမှာရှိနေစဉ် ၂၀၁၅ က ဆွမ်ဆီးဘက်ကို သွင်းခဲ့တာပါ။

ဒီ့အတွက်ကြောင့် မာရက်ဇ်ဟာ ပရီးမီးယားလိဂ်ဟက်ထရစ်အရေအတွက်မှာ စီရော်နယ်ဒိုထက် ပိုများသွားပါတယ်။

ဘာကြောင့်လဲဆိုတာ စီရော်နယ်ဒိုဟာ သူ့ကစားသမားဘဝမှာ ဟထ်ထရစ်ပေါင်းများစွာသွင်းနိုင်ခဲ့ပေမယ့် ပရီးမီးယားလိဂ်မှာတော့ တစ်ကြိမ်သာရှိခဲ့ဖူးပြီး အဲဒါက ၂၀၀၈ တုန်းက နယူးကာဆယ်ဘက်ကို သွင်းခဲ့တာဖြစ်ပြီး သူ့ကစားသမားဘဝရဲ့ပထမဆုံးဟက်ထရစ်လည်း ဖြစ်ခဲ့တာပါ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

စီေရာ္နယ္ဒိုထက္ ပရီးမီးယားလိဂ္ဟက္ထရစ္အႀကိမ္ေရပိုမ်ားသြားတဲ့ မာရက္ဇ္

စေနညက မန္စီးတီးရဲ႕ဂိုးျပတ္ႏိုင္ပြဲမွာ သူရဲေကာင္းျဖစ္ခဲ့တကာ ေတာင္ပံကစားသမားမာရက္ဇ္ပါပဲ။ ဘန္ေလကို ၅ ဂိုးျပတ္နဲ႔အႏိုင္ရခဲ့တဲ့အဲဒီပြဲမွာ ၂၉ ႏွစ္အရြယ္ အဲဒီအယ္ဂ်ီးရီးယားသားဟာ ဟက္ထရစ္သြင္းယူႏိုင္ခဲ့တာပါ။

သူသြင္းယူခဲ့တဲ့ ၃ ဂိုးထဲက ဒုတိယသြင္းယူသြားတဲ့ဂိုးဟာလည္း အရမ္းကို စေကးက်လြန္းခဲ့ပါတယ္။ မာရက္ဇ္ေၾကာင့္လည္း ဒီရာသီမန္စီးတီးရဲ႕သြင္းဂိုးရာခိုင္ႏႈန္းဟာ တစ္ပြဲတည္းနဲ႔ ၅၀ ရာခိုင္းႏႈန္းတက္သြားပါတယ္။

အဲဒီမတိုင္ခင္ ၂ ပြဲမွာ မန္စီးတီးဟာ သြင္းဂိုး၊ရဂိုး ဂိုးကြာျခားခ်က္ (၁) ဂိုးသာရခဲ့သလို ဒီရာသီပရီးမီးယားလိဂ္မွာ မႀကံဳစဖူး သြင္းဂိုးနည္းေနခဲ့တာ ျဖစ္ပါတယ္။ အဲဒီလုိပဲ ဘန္ေလကို အႏိုင္မရခင္တုန္းက မာရက္ဇ္ဟာ ဒီရာသီမန္စီးတီးအတြက္ ၁၂ ပြဲမွာ ၁ ဂိုးသြင္း၊ ၁ ဂိုးဖန္တီးမႈသာ ရွိခဲ့တာပါ။ ၿပီးခဲ့တဲ့ရာသီတုန္းကလည္း သူဟာ ၁၁ ပြဲမွာ ၂ ဂိုးသြင္းၿပီး ၂ ဂိုးသာဖန္တီးႏိုင္ခဲ့ပါတယ္။ အခုေတာ့ မန္စီးတီးအတြက္ သူ႔ရဲ႕ပထမဆုံးဟက္ထရစ္ဂိုးကိုသြင္းႏိုင္ခဲ့ပါၿပီ။

သူ႔ရဲ႕ပရီးမီးယားလိဂ္ကစားသမားဘ၀မွာ ဒုတိယအႀကိမ္ေျမာက္ဟက္ထရစ္ျဖစ္ၿပီး ပထမဆုံးတစ္ႀကိမ္ကေတာ့ လက္စတာမွာရွိေနစဥ္ ၂၀၁၅ က ဆြမ္ဆီးဘက္ကို သြင္းခဲ့တာပါ။

ဒီ့အတြက္ေၾကာင့္ မာရက္ဇ္ဟာ ပရီးမီးယားလိဂ္ဟက္ထရစ္အေရအတြက္မွာ စီေရာ္နယ္ဒိုထက္ ပိုမ်ားသြားပါတယ္။

ဘာေၾကာင့္လဲဆုိတာ စီေရာ္နယ္ဒိုဟာ သူ႔ကစားသမားဘ၀မွာ ဟထ္ထရစ္ေပါင္းမ်ားစြာသြင္းႏိုင္ခဲ့ေပမယ့္ ပရီးမီးယားလိဂ္မွာေတာ့ တစ္ႀကိမ္သာရွိခဲ့ဖူးၿပီး အဲဒါက ၂၀၀၈ တုန္းက နယူးကာဆယ္ဘက္ကို သြင္းခဲ့တာျဖစ္ၿပီး သူ႔ကစားသမားဘ၀ရဲ႕ပထမဆုံးဟက္ထရစ္လည္း ျဖစ္ခဲ့တာပါ။