
photo-gettyimages
photo-bbc
မန်ယူအသင်းဂန္ထဝင်ရွိုင်ယန်ဂစ်က အိုးလ်ထရက်ဖို့ဒ်မှာ သူနဲ့တွဲကစားခဲ့ဖူးတွေထဲ အကောင်းဆုံးက စီရော်နယ်ဒိုမဟုတ်ဘဲ ပေါလ်စခိုးသာဖြစ်ကြောင်း အခိုင်အမာပြောကြားလိုက်ပါတယ်။ အဲဒီဝေးလ်တောင်ပံကစားသမားဟောင်းဟာ ၁၉၉၀ မှာ စတင်ခဲ့တဲ့ သူ့ရဲ့တစ်ဖိတ်ဖိတ်တောက်ကစားသမားဘဝကို ၂၀၁၄ မှာ အဆုံးသတ်ခဲ့တာပါ။ ရွိုင်ယန်ဂစ်ဟာ ပရီးမီးယားလိဂ်သမိုင်းရဲ့အအောင်မြင်ဆုံးကစားသမားလည်းဖြစ်ပြီး ပရီးမီးယားလိဂ်ချန်ပီယံဆုကို ၁၃ ကြိမ်တိုင် ရရှိခဲ့သူဖြစ်ပါတယ်။
photo-gettyimages
ဂစ်ရဲ့ကစားသမားဘဝအအောင်မြင်ဆုံးကာလဟာ စီရော်နယ်ဒိုရဲ့ ၆ နှစ်တာမန်ယူကစာသမားဘဝနဲ့ တိုက်ဆိုင်နေပြီး အဲဒီကာလအတွင်း သူတို့နှစ်ယောက်ဟာ ပရီးမီးယားလိဂ်ချန်ပီယံဆု ၃ ကြိမ်၊ ချန်ပီယံလိဂ် ၁ ကြိမ်၊ အက်ဖ်အေဖလား ၁ ကြိမ်၊ အင်္ဂလန်လိဂ်ဖလား ၂ ကြိမ်နဲ့ ကလပ်ကမ္ဘာ့ဖလား ၁ ကြိမ် အတူဗိုလ်စွဲခဲ့ပါတယ်။ ပရီးမီးယားလိဂ်သမိုင်းမှာ စီရော်နယ်ဒိုဟာ အကောင်းဆုံးကစားသမားအဖြစ် ကျယ်ကျယ်ပြန့်ပြန့်သတ်မှတ်ခံထားရပေမယ့် ဂစ်ကတော့ ပေါလ်စခိုးရဲ့စွမ်းဆောင်မှုက စီရော်နယ်ဒိုထက် ပိုသာတယ်လို့ အခိုင်အမာဆိုခဲ့ပါတယ်။
photo-gettyimages
”မင်းနဲ့တွဲကစားဖူးသူတွေထဲမှာ ဘယ်သူအကောင်းဆုံးလဲလို့ လူတွေက အမြဲတမ်းမေးပါတယ်။ ရီးရဲလ်၊ဂျူဗင်တပ်နဲ့ ပေါ်တူဂီတို့မှာ သူဆက်လုပ်ခဲ့တာတွေအရဆိုရင် စီရော်နယ်ဒိုဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ကျွန်တော်နဲ့ တွဲကစားဖူးသူတွေထဲမှာ အကောင်းဆုံးယူနိုက်တက်ကစားသမားက ပေါလ်စခိုးပါပဲ။ အဲဒီအတွက် အကြောင်းရင်းအားလုံးကို ကျွန်တော်ပြောပါမယ်။ သူ့လိုမျိုး တခြားကစားသမားမရှိပါဘူး။ ကျွန်တော့်နေ့မျိုးဆိုရင် ဘောလုံးသမားအများစုလုပ်နိုင်တဲ့ဟာကို လုပ်နိုင်ပါတယ်။ ဒါပေမဲ့ ပေါလ်စခိုးလုပ်ခဲ့တာကိုတော့ ကျွန်တော်ဘယ်တော့မှ မလုပ်နိုင်ပါဘူး။ ပေါလ်စခိုးဟာ အသင်းကြီးကိုစရောက်လာတော့ တိတ်တိတ်လေးပဲနေပြီး ဘောလုံးနဲ့ပဲ စကားပြောသွားတာပါ။ အသင်းမှာ သူရှိတဲ့အခါ ကွင်းအတွင်း အရာရာအဆင်ပြေပါတယ်။ သူဘောလုံးရပြီဆိုတာနဲ့ ကိုယ်က လှည့်ပြေးရုံပါပဲ။ သူက ကြည့်စရာတောင်မလိုဘဲနဲ့ ကိုယ်လိုချင်တဲ့နေရာကို အတိအကျဘောလုံးပေးလိုက်တာပါ”လို့ ရွိုင်ယန်ဂစ်က ပြောခဲ့တာပါ။
[Zawgyi]
စီေရာ္နယ္ဒိုထက္ပိုေကာင္းတဲ့ မန္ယူအသင္းေဖာ္တစ္ဦးကို ရြိဳင္ယန္ဂစ္ဖြင့္ဟ
မန္ယူအသင္းဂႏၳ၀င္ရြိဳင္ယန္ဂစ္က အုိးလ္ထရက္ဖုိ႔ဒ္မွာ သူနဲ႔တြဲကစားခဲ့ဖူးေတြထဲ အေကာင္းဆုံးက စီေရာ္နယ္ဒိုမဟုတ္ဘဲ ေပါလ္စခိုးသာျဖစ္ေၾကာင္း အခုိင္အမာေျပာၾကားလုိက္ပါတယ္။ အဲဒီေ၀းလ္ေတာင္ပံကစားသမားေဟာင္းဟာ ၁၉၉၀ မွာ စတင္ခဲ့တဲ့ သူ႔ရဲ႕တစ္ဖိတ္ဖိတ္ေတာက္ကစားသမားဘ၀ကို ၂၀၁၄ မွာ အဆုံးသတ္ခဲ့တာပါ။ ရြိဳင္ယန္ဂစ္ဟာ ပရီးမီးယားလိဂ္သမိုင္းရဲ႕အေအာင္ျမင္ဆုံးကစားသမားလည္းျဖစ္ၿပီး ပရီးမီးယားလိဂ္ခ်န္ပီယံဆုကို ၁၃ ႀကိမ္တိိုင္ ရရွိခဲ့သူျဖစ္ပါတယ္။
ဂစ္ရဲ႕ကစားသမားဘ၀အေအာင္ျမင္ဆုံးကာလဟာ စီေရာ္နယ္ဒုိရဲ႕ ၆ ႏွစ္တာမန္ယူကစာသမားဘ၀နဲ႔ တိုက္ဆုိင္ေနၿပီး အဲဒီကာလအတြင္း သူတို႔ႏွစ္ေယာက္ဟာ ပရီးမီးယားလိဂ္ခ်န္ပီယံဆု ၃ ႀကိမ္၊ ခ်န္ပီယံလိဂ္ ၁ ႀကိမ္၊ အက္ဖ္ေအဖလား ၁ ႀကိမ္၊ အဂၤလန္လိဂ္ဖလား ၂ ႀကိမ္နဲ႔ ကလပ္ကမာၻ႔ဖလား ၁ ႀကိမ္ အတူဗိုလ္စြဲခဲ့ပါတယ္။ ပရီးမီးယားလိဂ္သမိုင္းမွာ စီေရာ္နယ္ဒိုဟာ အေကာင္းဆုံးကစားသမားအျဖစ္ က်ယ္က်ယ္ျပန္႔ျပန္႔သတ္မွတ္ခံထားရေပမယ့္ ဂစ္ကေတာ့ ေပါလ္စခုိးရဲ႕စြမ္းေဆာင္မႈက စီေရာ္နယ္ဒိုထက္ ပိုသာတယ္လုိ႔ အခုိင္အမာဆိုခဲ့ပါတယ္။
”မင္းနဲ႔တြဲကစားဖူးသူေတြထဲမွာ ဘယ္သူအေကာင္းဆုံးလဲလို႔ လူေတြက အၿမဲတမ္းေမးပါတယ္။ ရီးရဲလ္၊ဂ်ဴဗင္တပ္နဲ႔ ေပၚတူဂီတို႔မွာ သူဆက္လုပ္ခဲ့တာေတြအရဆိုရင္ စီေရာ္နယ္ဒိုျဖစ္ေကာင္းျဖစ္ႏိုင္ပါတယ္။ ဒါေပမဲ့ ကၽြန္ေတာ္နဲ႔ တြဲကစားဖူးသူေတြထဲမွာ အေကာင္းဆုံးယူႏိုက္တက္ကစားသမားက ေပါလ္စခုိးပါပဲ။ အဲဒီအတြက္ အေၾကာင္းရင္းအားလုံးကို ကၽြန္ေတာ္ေျပာပါမယ္။ သူ႔လိုမ်ိဳး တျခားကစားသမားမရွိပါဘူး။ ကၽြန္ေတာ့္ေန႔မ်ိဳးဆုိရင္ ေဘာလံုးသမားအမ်ားစုလုပ္ႏုိင္တဲ့ဟာကုိ လုပ္ႏိုင္ပါတယ္။ ဒါေပမဲ့ ေပါလ္စခုိးလုပ္ခဲ့တာကိုေတာ့ ကၽြန္ေတာ္ဘယ္ေတာ့မွ မလုပ္ႏိုင္ပါဘူး။ ေပါလ္စခုိးဟာ အသင္းႀကီးကိုစေရာက္လာေတာ့ တိတ္တိတ္ေလးပဲေနၿပီး ေဘာလုံးနဲ႔ပဲ စကားေျပာသြားတာပါ။ အသင္းမွာ သူရွိတဲ့အခါ ကြင္းအတြင္း အရာရာအဆင္ေျပပါတယ္။ သူေဘာလုံးရၿပီဆိုတာနဲ႔ ကိုယ္က လွည့္ေျပးရုံပါပဲ။ သူက ၾကည့္စရာေတာင္မလိုဘဲနဲ႔ ကိုယ္လုိခ်င္တဲ့ေနရာကို အတိအက်ေဘာလံုးေပးလိုက္တာပါ”လို႔ ရြိဳင္ယန္ဂစ္က ေျပာခဲ့တာပါ။