စီရော်နယ်ဒိုဆိုရင် ဘယ်တော့မှလုပ်မှာမဟုတ်တဲ့ မက်ဆီရဲ့လုပ်ရပ်ကြောင့် ထွက်သွားသင့်ပြီလို့ ဆိုရှယ်မီဒီယာမှာ ဘာကာပရိသတ်တွေ ဝေဖန်နေ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ပြီးခဲ့တဲ့ချန်ပီယံလိဂ် ဒိုင်နမိုကိဗ်နဲ့ပွဲမှာ မက်ဆီဟာ အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့သလို ပင်နယ်တီကနေတစ်ဆင့် ဂိုးလည်းသွင်းနိုင်ခဲ့ပါတယ်။ ဒီသွင်း ဂိုးကြောင့် သူဟာ ချန်ပီယံလိဂ်အုပ်စုအဆင့်ပွဲတွေမှာ ဂိုးအများဆုံးသွင်းတဲ့ ကစား သမားအဖြစ် စံချိန်မှတ်တမ်းကောင်းတစ်ရပ်ကိုလည်း ရေးထိုးနိုင်ခဲ့တာပါ။

ဒါပေမယ့် လည်း အဲဒီပွဲမှာ သူဟာ ပြိုင်ဘက်အသင်း တိုက်စစ်ဆင်လာချိန်မှာ အသင်းရဲ့ခံ စစ်စည်းကို ကူညီပေးဖို့ တာဝန်မရှိတဲ့ လက်လွတ်စပယ်ပုံစံမျိုးလုပ်ခဲ့တဲ့ဖြစ်ရပ် ရှိခဲ့ ပြီး ဘာစီလိုနာပရိသတ်တွေကအစ စိတ်ပျက်ဝေဖန်ခဲ့ကြပါတယ်။

အထူးသဖြင့် မက်ဆီရဲ့လုပ်ရပ်မျိုးကို စီရော်နယ်ဒိုသာဆိုရင် ဘယ်တော့မှပြုလုပ်မှာမဟုတ်ဘူး ဆိုတဲ့ နှိုင်းယှဉ်ချက်တွေထွက်ပေါ်လာခဲ့ပြီး အသင်းရှုံးနေတဲ့အချိန်မှာ စီရော်နယ်ဒို က တစ်ကွင်းလုံးအားကြိုးမာန်တက် လိုက်ကစားခဲ့တဲ့ပုံစံနဲ့ ခိုင်းနှိုင်းဝေဖန်ခဲ့ကြပါတယ်။

ဒါ့အပြင် ပရိသတ်တွေအတွက် ပြန်ဖွစရာဖြစ်ခဲ့တာကတော့ ရော်နယ်ဒို ရီးရဲလ်မှာရှိတုန်းက အဝေးကွင်းမှာ ဂျူဗင်တပ်ကိုရှုံးပြီး အိမ်ကွင်းမှာ အသည်းအသန်လိုက်ကစားဂိုးသွင်းခဲ့တဲ့ဖြစ်ရပ်နဲ့ အသင်းရှုံးနေရင် ခေါင်းငိုက်စိုက်ပြီး ခါးထောက်ဖို့ပဲတတ်တဲ့ ရိုးမား-ဘာစီလိုနာပွဲက မက်ဆီရဲ့ပုံရိပ်တွေပါပဲ။

ဒိုင်နမိုကိဗ်နဲ့ပွဲမှာ ကွင်းလယ်စက်ဝိုင်းနားမှာ မက်ဆီကရှိနေပြီး ပြိုင်ဘက်ကစား သမား အန်ဒရီစကီးက ဘောလုံးကိုဆွဲယူလာတဲ့အချိန်မှာ လုံး၀၀င်မဖျက်ဘဲ ဘေး နားကဖြတ်သွားခဲ့တဲ့ အန်ဒရီစကီးကို လမ်းလျှောက်ပြီးလိုက်ကြည့်နေခဲ့ပါတယ်။

တကယ်ဆိုရင် ပြိုင်ဘက်အသင်း တိုက်စစ်ဆင်လာချိန်မှာ ကိုယ့်အသင်းခံစစ် ပြင် ဆင်ချိန်ရအောင် မက်ဆီအနေနဲ့ ဝင်လုတာမျိုးမဟုတ်ရင်တောင် ဘေးနားကပြေး ကပ်တဲ့အနေအထားမျိုးပြုလုပ်သင့်ပေမယ့် မက်ဆီရဲ့လုပ်ရပ်ကတော့ အားလုံးကို အံ့သြစိတ်ပျက်စရာဖြစ်ခဲ့ပါတယ်။

သူ့ရဲ့လုပ်ရပ်ကို တွစ်တာမှာ ပရိသတ်တစ်ဦး က ဗီဒီယိုဖိုင်တင်ထားခဲ့ပြီး ဝင်ရောက်ကြည့်ရှုတဲ့အကြိမ်အရေအတွက် ၄.၅ သန်း အထိ ဖြစ်သွားခဲ့ပါတယ်။ ပရိသတ်တစ်ယောက်ပေးတဲ့ မှတ်ချက်မှာဆိုရင် ဒါဟာ အသင်းစိတ်ဓာတ်ကင်းမဲ့ပြီး တာဝန်ယူမှုလုံးဝမရှိတဲ့ပုံစံပဲလို့ ပြင်းပြင်းထန်ထန်ရေး သားခဲ့တာပါ။

မက်ဆီအနေနဲ့ ပြီးခဲ့တဲ့နွေရာသီမှာ ထွက်ခွာခွင့်တောင်းခဲ့ပြီး မအောင်မြင်ခဲ့ကတည်းက ဘာစီလိုနာအတွက် ကစားလိုစိတ်၊ ပေးဆပ်လိုစိတ် မရှိတော့ဘဲ အခုလက်ရှိ လစာဖြတ်တောက်မယ့်ပြဿနာတွေကြောင့် ပိုပြီးစိတ်မပါတော့ဘူးဆိုရင် ထွက်ခွာခွင့်ပေးလိုက်သင့်ပြီလို့ ပရိသတ်တွေက ပြစ်တင်နေကြ ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

စီေရာ္နယ္ဒိုဆိုရင္ ဘယ္ေတာ့မွလုပ္မွာမဟုတ္တဲ့ မက္ဆီရဲ႕လုပ္ရပ္ေၾကာင့္ ထြက္သြားသင့္ၿပီလို႔ ဆိုရွယ္မီဒီယာမွာ ဘာကာပရိသတ္ေတြ ေ၀ဖန္ေန

ၿပီးခဲ့တဲ့ခ်န္ပီယံလိဂ္ ဒိုင္နမိုကိဗ္နဲ႔ပြဲမွာ မက္ဆီဟာ အသင္းေခါင္းေဆာင္အျဖစ္ တာ၀န္ယူခဲ့သလို ပင္နယ္တီကေနတစ္ဆင့္ ဂိုးလည္းသြင္းႏိုင္ခဲ့ပါတယ္။ ဒီသြင္း ဂိုးေၾကာင့္ သူဟာ ခ်န္ပီယံလိဂ္အုပ္စုအဆင့္ပြဲေတြမွာ ဂိုးအမ်ားဆံုးသြင္းတဲ့ ကစား သမားအျဖစ္ စံခ်ိန္မွတ္တမ္းေကာင္းတစ္ရပ္ကိုလည္း ေရးထိုးႏိုင္ခဲ့တာပါ။

ဒါေပမယ့္ လည္း အဲဒီပြဲမွာ သူဟာ ၿပိဳင္ဘက္အသင္း တုိက္စစ္ဆင္လာခ်ိန္မွာ အသင္းရဲ႕ခံ စစ္စည္းကို ကူညီေပးဖို႔ တာ၀န္မရွိတဲ့ လက္လြတ္စပယ္ပံုစံမ်ဳိးလုပ္ခဲ့တဲ့ျဖစ္ရပ္ ရွိခဲ့ ၿပီး ဘာစီလိုနာပရိသတ္ေတြကအစ စိတ္ပ်က္ေ၀ဖန္ခဲ့ၾကပါတယ္။

အထူးသျဖင့္ မက္ဆီရဲ႕လုပ္ရပ္မ်ဳိးကို စီေရာ္နယ္ဒိုသာဆိုရင္ ဘယ္ေတာ့မွျပဳလုပ္မွာမဟုတ္ဘူး ဆိုတဲ့ ႏႈိင္းယွဥ္ခ်က္ေတြထြက္ေပၚလာခဲ့ၿပီး အသင္းရႈံးေနတဲ့အခ်ိန္မွာ စီေရာ္နယ္ဒို က တစ္ကြင္းလံုးအားႀကိဳးမာန္တက္ လိုက္ကစားခဲ့တဲ့ပံုစံနဲ႔ ခိုင္းႏႈိင္းေ၀ဖန္ခဲ့ၾကပါတယ္။

ဒါ့အျပင္ ပရိသတ္ေတြအတြက္ ျပန္ဖြစရာျဖစ္ခဲ့တာကေတာ့ ေရာ္နယ္ဒို ရီးရဲလ္မွာရိွတုန္းက အေ၀းကြင္းမွာ ဂ်ဴဗင္တပ္ကိုရႈံးၿပီး အိမ္ကြင္းမွာ အသည္းအသန္လုိက္ကစားဂိုးသြင္းခဲ့တဲ့ျဖစ္ရပ္နဲ႔ အသင္းရံႈးေနရင္ ေခါင္းငိုက္စိုက္ၿပီး ခါးေထာက္ဖို႔ပဲတတ္တဲ့ ရိုးမား-ဘာစီလိုနာပြဲက မက္ဆီရဲ႕ပံုရိပ္ေတြပါပဲ။

ဒိုင္နမိုကိဗ္နဲ႔ပြဲမွာ ကြင္းလယ္စက္၀ိုင္းနားမွာ မက္ဆီကရွိေနၿပီး ၿပိဳင္ဘက္ကစား သမား အန္ဒရီစကီးက ေဘာလံုးကိုဆြဲယူလာတဲ့အခ်ိန္မွာ လံုး၀၀င္မဖ်က္ဘဲ ေဘး နားကျဖတ္သြားခဲ့တဲ့ အန္ဒရီစကီးကို လမ္းေလွ်ာက္ၿပီးလိုက္ၾကည့္ေနခဲ့ပါတယ္။

တကယ္ဆိုရင္ ၿပိဳင္ဘက္အသင္း တုိက္စစ္ဆင္လာခ်ိန္မွာ ကိုယ့္အသင္းခံစစ္ ျပင္ ဆင္ခ်ိန္ရေအာင္ မက္ဆီအေနနဲ႔ ၀င္လုတာမ်ဳိးမဟုတ္ရင္ေတာင္ ေဘးနားကေျပး ကပ္တဲ့အေနအထားမ်ဳိးျပဳလုပ္သင့္ေပမယ့္ မက္ဆီရဲ႕လုပ္ရပ္ကေတာ့ အားလံုးကို အံ့ၾသစိတ္ပ်က္စရာျဖစ္ခဲ့ပါတယ္။

သူ႕ရဲ႕လုပ္ရပ္ကို တြစ္တာမွာ ပရိသတ္တစ္ဦး က ဗီဒီယိုဖိုင္တင္ထားခဲ့ၿပီး ၀င္ေရာက္ၾကည့္ရႈတဲ့အႀကိမ္အေရအတြက္ ၂.၅ သန္း အထိ ျဖစ္သြားခဲ့ပါတယ္။ ပရိသတ္တစ္ေယာက္ေပးတဲ့ မွတ္ခ်က္မွာဆိုရင္ ဒါဟာ အသင္းစိတ္ဓာတ္ကင္းမဲ့ၿပီး တာ၀န္ယူမႈလံုး၀မရွိတဲ့ပံုစံပဲလို႔ ျပင္းျပင္းထန္ထန္ေရး သားခဲ့တာပါ။

မက္ဆီအေနနဲ႔ ၿပီးခဲ့တဲ့ေႏြရာသီမွာ ထြက္ခြာခြင့္ေတာင္းခဲ့ၿပီး မေအာင္ျမင္ခဲ့ကတည္းက ဘာစီလိုနာအတြက္ ကစားလိုစိတ္၊ ေပးဆပ္လိုစိတ္ မရွိေတာ့ဘဲ အခုလက္ရွိ လစာျဖတ္ေတာက္မယ့္ျပႆနာေတြေၾကာင့္ ပိုၿပီးစိတ္မပါေတာ့ဘူးဆိုရင္ ထြက္ခြာခြင့္ေပးလိုက္သင့္ၿပီလို႔ ပရိသတ္ေတြက ျပစ္တင္ေနၾက ပါတယ္။