စီရော်နယ်ဒိုဂျူနီယာ ရဲ့မိခင်ဖြစ်သူကို ဘယ်တော့မှထုတ်မပြောမယ့် စီရော်နယ်ဒို

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

နာမည်ကျော်ဘောလုံးသမားလည်းဖြစ် လက်ရှိမှာကမ္ဘာ့အကျော်အမော် ကစားသမား စီရော်နယ်ဒိုဟာ ကလေး ၄ ယောက်ရှိပါတယ်။ အဲဒီထဲကတစ်ယောက်သာ လက်ရှိတွဲနေတဲ့ ဂျော်ဂျီနာရိုဒရီဂွက်ဇ်နဲ့ ရခဲ့တာဖြစ်ပြီး ကျန်တဲ့ ၃ ယောက်က ဖအေတူမအေကွဲတွေပါ။

အကြီးဆုံးသားဖြစ်တဲ့ စီရော်နယ်ဒိုဂျူနီယာ နဲ့ အမွှာလေးတွေဖြစ်တဲ့ သားဖြစ်သူမတ်တီယိုနဲ့ သမီး အီဗာ တို့ဟာအခြားသောအမေတွေနဲ့မွေးခဲ့တာပါ။

သူနဲ့ဂျော်ဂျီနာ တို့ထွန်းကားခဲ့တဲ့ကလေးက မိန်းကလေးဖြစ်ပြီး အယ်လန်နာမာတီနာလို့အမည်တွင်ကာ ၂၀၁၇ နိုဝင်ဘာ ၁၂ မှာမွေးခဲ့တာပါ။

သားအကြီးဆုံး ဂျူနီယာ ကို ၂၀၁၀ ဇွန်၁၇ မှာအမေရိကန်မှာမွေးဖွားခဲ့တာဖြစ်ပြီး အမေဖြစ်သူကိုတော့ စီရော်နယ်ဒိုက အထူးလျှို့ဝှက်ထားပါတယ်။ အမွှာတွေရဲ့မိခင်ကိုလည်းမသိရဘဲ အငှားကိုယ်ဝန်ဆောင်ပြီး မွေးခဲ့တာလို့သာ အသိပေးထားပါတယ်။

အမွှာတွေကို အငှားကိုယ်ဝန်ဆောင်ပြီးမွေးခဲ့တာကို မီဒီယာတွေက သိပေမယ့် ဂျူနီယာလေးရဲ့မိခင်ဘယ်သူဆိုတာကိုတော့ မီဒီယာတွေကတစ်စွန်းတစ မှမသိရပါဘူး။

သတင်းတွေအရ ဂျူနီယာလေးရဲ့မိခင်ဟာ ဗြိတိန်ကောလိပ်ကျောင်းသူဖြစ်ပြီး သူမအသက် ၁၈ နှစ်လောက်မှာ စီရော်နယ်ဒိုနဲ့တွေ့ကာ ဂျူနီယာလေးကို မွေးဖွားခဲ့တာလို့ဆိုပါတယ်။ ဂျူနီယာလေးဟာ လက်တင်အမေရိက ရုပ်ပေါက်လို့ သူ့အမေက တောင်အမေရိကသူဖြစ်လိမ့်မယ်ဆိုတဲ့ မှန်းဆချက်တွေလည်းရှိပါတယ်။

အခုဆိုရင်ဒီကလေးအမေကအသက် ၃၀ လောက်သာရှိဦးမှာပါ။ စီရော်နယ်ဒိုဟာ ဂျူနီယာလေးရဲ့အမေကို လူသိမခံချင်တဲ့အတွက် သူ့အေးဂျင့် ဂျော့မန်ဒက်စ်ကနေတစ်ဆင့်ပေါင် ၁၀ သန်းပေးကာ လုံးဝထုတ်မပြောဖို့ ဥပဒေအရ ခိုင်မာစွာစီစဉ်ထားတာဖြစ်ပါတယ်။

ဂျူနီယာရဲ့မိခင်ဟာ ပါတီပွဲမက်သူဖြစ်ပြီး ပါတီတက်ရင်းနဲ့ဘဲ စီရော်နယ်ဒိုနဲ့တွေ့ခဲ့တာလို့ယူဆခဲ့ကြပြီး အဲဒီမိန်းခလေးရဲ့အနေအထိုင်ကို စီရော်နယ်ဒိုရဲ့ မိခင် ဒိုလိုရက်စ်ကသဘော မကျတာကြောင့် ဂျူနီယာရဲ့မိခင်ဘယ်သူဆိုတာကို လုံးဝပေးမသိတာဖြစ်နိုင်ပါတယ်။

သူ့ကိုအမေရိကန်မှာမွေးခဲ့ပြီး မွေးပြီးသိပ်မကြာခင်မှာဘဲ စပိန်ကိုခေါ်လာကာ မိခင်ဖြစ်သူ ဒိုလိုရက်စ်ရဲ့ပြုစုအုပ်ထိန်းမှုအောက်မှာ ထားရှိလိုက်တာဖြစ်ပါတယ်။ ဂျူနီယာရဲ့မိခင်ဟာ အခုဆိုရင်သန်းကြွယ်သူဌေးဘဝနဲ့နေ နေရပြီဖြစ်ပြီး စီရော်နယ်ဒိုကတော့ သူ့သားလေးရဲ့အမေဖြစ်သူ ဘယ်သူဆိုတာသိသွားရင် သားရဲ့တည်ငြိမ်နေတဲ့ဘဝကို လှုပ်ခတ်သွားမှာစိုးလို့ ဂျူနီယာ အရွယ်မရောက်မခြင်း ပေးသိမှာ မဟုတ်ဘူးလို့ဆိုထားပါတယ်။

ဂျူနီယာလေးဟာအခုဆိုရင်အသက် ၁၀ နှစ်ရှိနေပြီး ဂျူဗင်တပ်အကယ်ဒမီမှာ ဘောလုံးပညာသင်ကြားနေပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi




