စီရော်နယ်ဒိုက ပင်နယ်တီ စိတ်ချရပြီး မက်ဆီက ပင်နယ်တီဆိုရင်လွဲ ဖရီးကစ်ဆိုရင် ဂိုးပိုရနေတဲ့ တိုက်ဆိုင်မှု

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

စီရော်နယ်ဒိုနဲ့ မက်ဆီဆိုတာ ထာဝရပြိုင်ဘက်ကောင်း ၂ဦးဖြစ်သလို သူတို့ပါဝင်ကစားပေးနေတဲ့အသင်းတွေကို သွင်းဂိုးတွေနဲ့ ကယ်တင်နေကြတာပါ။

၉ကြိမ်ဆက်တိုက် ရထားတဲ့ ချန်ပီယံဆုကို စွန့်လွှတ်လိုက်ရပြီး ဂျူဗင်တပ်က ချန်ပီယံလိ၈်ဝင်ခွင့်တောင် မသေချာတော့တဲ့အနေအထားမှာ အူဒီးနီးစ်နဲ့ပွဲဟာ ဂျူဗင်တပ်နဲ့ နည်းပြ ပီယာလိုအတွက် သေရေးရှင်ရေးပါပဲ။

ဒီလို အခြေအနေကို အကောင်းဆုံး ကျော်ဖြတ်နိုင်အောင် လုပ်သွားတာကတော့ စီရော်နယ်ဒိုဖြစ်ပြီး ပွဲပြီးခါနီး နောက်ဆုံး ၆မိနစ်အတွင်း ချေပဂိုးနဲ့ အနိုင်ဂိုးတွေ သွင်းသွားနိုင်ခဲ့တာပါ။

ဒီအနိုင်ပွဲကြောင့် ဂျူဗင်တပ်က အဆင့် ၃အထိ ပြန်တက်နိုင်ခဲ့ပြီး ရှုံးတာနဲ့ အထုတ်ခံရမယ့် ပီယာလိုလည်း ဖိအားလျော့သွားပါတယ်။

စီရော်နယ်ဒိုအတွက်တော့ စီးရီးအေသွင်းဂိုး ၂၇ ဂိုးအထိ ရရှိသွားခဲ့လို့ စီးရီးအေရွှေဖိနပ်ဆုအတွက် ဒုတိယနေရာက လူကာကူကို ၆ ဂိုးအထိ အသာစီးရရှိခဲ့ပြီး

ဂျူဗင်တပ် ချန်ပီယံမဖြစ်ပေမယ့် သူ့အတွက် ပထမဆုံးအကြိမ်အဖြစ် စီးရီးအေရွှေဖိနပ်ဆုကို ရယူနိုင်ဖို့ သေချာသလောက်ရှိသွားခဲ့ပါပြီ။

မှတ်တမ်းတွေအရ ရော်နယ်ဒိုဟာ ၉၅ မိနစ်ကစားပြီးတိုင်းမှာ သွင်းဂိုးတစ်ဂိုးရရှိထားပြီး ကန်သွင်းချက် ၁၁၂ ကြိမ်မှာ ၂၇ ဂိုးအထိ ရရှိထားတာလည်းဖြစ်ပါတယ်။

စီရေ်ာနယ်ဒိုက အသင်းအတွက် ဂိုးတွေ သွင်းပေးနေတဲ့အချိန်မှာ မက်ဆီကလည်း ဘာစီလိုနာအတွက် ဂိုးတွေသွင်းရင်း ချန်ပီယံဖြစ်အောင် ကြိုးစားပေးနေပါတယ်။

မက်ဒရစ်မြို့ခံ ၂သင်းဖြစ်တဲံ ရီးရဲလ်နဲ့ အက်သလက်တီကိုက စနေညမှာ နိုင်ထားတော့ ဘာစီလိုနာအနေနဲ့ ဗလင်စီယာကို လုံးဝအနိုင်ရမှ ဖြစ်မှာပါ။

ဒါကြောင့်လည်း တစ်သင်းလုံးကြိုးစားခဲ့ကြပြီး မက်ဆီလည်း ၂ဂိုးသွင်းနိုင်ခဲ့ပါတယ်။

ဒါပေမယ့် ထူခြားတာက မက်ဆီဟာ အဲ့ပွဲမှာ ပင်နယ်တီတစ်လုံး လွဲချော်ခဲ့ပြီး ဖရီးကစ်တစ်ဂိုး သွင်းယူနိုင်ခဲ့ပါ။

ဘောလုံးမှာ ပင်နယ်တီနဲ့ ဖရီးကစ် ဂိုးဝင်ဖို့ ဘယ်ဟာ ပိုခက်လဲဆိုတာ အားလုံးသိကြပါတယ်။

ဒါပေမယ့် မက်ဆီက ပြောင်းပြန်ဖြစ်နေပြီး ဒီရာသီမှာ ပင်နယ်တီလွဲတာများပြီး ဖရီးကစ်ကနေ ဂိုး၇တာ ပိုများလာပါတယ်။

ညကပွဲမှာ ဗလင်စီယာဘက်ကို ပင်နယ်တီမဝင်ခဲ့တာဟာ မက်ဆီရဲ့ဒီရာသီ ပင်နယ်တီကန်တဲ့ ၉ ကြိမ်မှာ လွဲချော်မှု ၃ ကြိမ်ထိရှိလာခဲ့ပြီဖြစ်ပြီလည်း ဖြစ်ပါတယ်။

ဒါပေမဲ့ မက်ဆီရဲ့ ဖရီးကစ်တွေကတော့ တိကျနေဆဲဖြစ်ပြီ်း တတိယဂိုးကို ဒီရာသီရဲ့ ၃ ဂိုးမြောက်ဖရီးကစ်ဂိုးအဖြစ် သွင်းယူခဲ့ပါတယ်။

ဒါဟာ မက်ဆီအတွက် ဘာစီလိုနာကစားသမားဘဝ ဖရီးကစ် ဂိုး ၅၀ ပြည့်ခဲ့တာပါ၊

ဘာပဲဖြစ်ဖြစ် သူသွင်းတဲ့ ဖရီးကစ်ဂိုးအရေတွက်နဲ့ ပင်နယ်တီလွဲတဲ့ အရေအတွက်ပါတူနေတဲ့ မက်ဆီအတွက် ပင်နယ်တီတွေပိုဝင်ဖို့ ကြိုးစားရတော့မှာဖြစ်ပြီး

မဟာပြိုင်ဘက် စီရော်နယ်ဒိုက အခုနောက်ပိုင်း ဖရီးကစ်တွေကနေ ဂိုးမရတာ ကြာနေပေမယ့် ပင်နယ်တီတွေ စိတ်ချနေရဆဲဖြစ်တဲ့အတွက်

သူတို့၂ယောက်ရဲ့ တိုက်ဆိုင်မှုတွေကတော့ ပြောင်းပြန်ဖြစ်နေပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

စီေရာ္နယ္ဒိုက ပင္နယ္တီ စိတ္ခ်ရၿပီး မက္ဆီက ပင္နယ္တီဆိုရင္လြဲ ဖရီးကစ္ဆိုရင္ ဂိုးပိုရေနတဲ့ တိုက္ဆိုင္မႈ

စီေရာ္နယ္ဒိုနဲ႔ မက္ဆီဆိုတာ ထာဝရၿပိဳင္ဘက္ေကာင္း ၂ဦးျဖစ္သလို သူတို႔ပါဝင္ကစားေပးေနတဲ့အသင္းေတြကို သြင္းဂိုးေတြနဲ႔ ကယ္တင္ေနၾကတာပါ။ ၉ႀကိမ္ဆက္တိုက္ ရထားတဲ့ ခ်န္ပီယံဆုကို စြန႔္လႊတ္လိုက္ရၿပီး ဂ်ဴဗင္တပ္က ခ်န္ပီယံလိ၈္ဝင္ခြင့္ေတာင္ မေသခ်ာေတာ့တဲ့အေနအထားမွာ အူဒီးနီးစ္နဲ႔ပြဲဟာ ဂ်ဴဗင္တပ္နဲ႔ နည္းျပ ပီယာလိုအတြက္ ေသေရးရွင္ေရးပါပဲ။

ဒီလို အေျခအေနကို အေကာင္းဆုံး ေက်ာ္ျဖတ္ႏိုင္ေအာင္ လုပ္သြားတာကေတာ့ စီေရာ္နယ္ဒိုျဖစ္ၿပီး ပြဲၿပီးခါနီး ေနာက္ဆုံး ၆မိနစ္အတြင္း ေခ်ပဂိုးနဲ႔ အႏိုင္ဂိုးေတြ သြင္းသြားႏိုင္ခဲ့တာပါ။ ဒီအႏိုင္ပြဲေၾကာင့္ ဂ်ဴဗင္တပ္က အဆင့္ ၃အထိ ျပန္တက္ႏိုင္ခဲ့ၿပီး ရႈံးတာနဲ႔ အထုတ္ခံရမယ့္ ပီယာလိုလည္း ဖိအားေလ်ာ့သြားပါတယ္။

စီေရာ္နယ္ဒိုအတြက္ေတာ့ စီးရီးေအသြင္းဂိုး ၂၇ ဂိုးအထိ ရရွိသြားခဲ့လို႔ စီးရီးေအေ႐ႊဖိနပ္ဆုအတြက္ ဒုတိယေနရာက လူကာကူကို ၆ ဂိုးအထိ အသာစီးရရွိခဲ့ၿပီး ဂ်ဴဗင္တပ္ ခ်န္ပီယံမျဖစ္ေပမယ့္ သူ႔အတြက္ ပထမဆုံးအႀကိမ္အျဖစ္ စီးရီးေအေ႐ႊဖိနပ္ဆုကို ရယူႏိုင္ဖို႔ ေသခ်ာသေလာက္ရွိသြားခဲ့ပါၿပီ။ မွတ္တမ္းေတြအရ ေရာ္နယ္ဒိုဟာ ၉၅ မိနစ္ကစားၿပီးတိုင္းမွာ သြင္းဂိုးတစ္ဂိုးရရွိထားၿပီး ကန္သြင္းခ်က္ ၁၁၂ ႀကိမ္မွာ ၂၇ ဂိုးအထိ ရရွိထားတာလည္းျဖစ္ပါတယ္။

စီေရ္ာနယ္ဒိုက အသင္းအတြက္ ဂိုးေတြ သြင္းေပးေနတဲ့အခ်ိန္မွာ မက္ဆီကလည္း ဘာစီလိုနာအတြက္ ဂိုးေတြသြင္းရင္း ခ်န္ပီယံျဖစ္ေအာင္ ႀကိဳးစားေပးေနပါတယ္။ မက္ဒရစ္ၿမိဳ႕ခံ ၂သင္းျဖစ္တဲံ ရီးရဲလ္နဲ႔ အက္သလက္တီကိုက စေနညမွာ ႏိုင္ထားေတာ့ ဘာစီလိုနာအေနနဲ႔ ဗလင္စီယာကို လုံးဝအႏိုင္ရမွ ျဖစ္မွာပါ။ ဒါေၾကာင့္လည္း တစ္သင္းလုံးႀကိဳးစားခဲ့ၾကၿပီး မက္ဆီလည္း ၂ဂိုးသြင္းႏိုင္ခဲ့ပါတယ္။

ဒါေပမယ့္ ထူျခားတာက မက္ဆီဟာ အဲ့ပြဲမွာ ပင္နယ္တီတစ္လုံး လြဲေခ်ာ္ခဲ့ၿပီး ဖရီးကစ္တစ္ဂိုး သြင္းယူႏိုင္ခဲ့ပါ။ ေဘာလုံးမွာ ပင္နယ္တီနဲ႔ ဖရီးကစ္ ဂိုးဝင္ဖို႔ ဘယ္ဟာ ပိုခက္လဲဆိုတာ အားလုံးသိၾကပါတယ္။ ဒါေပမယ့္ မက္ဆီက ေျပာင္းျပန္ျဖစ္ေနၿပီး ဒီရာသီမွာ ပင္နယ္တီလြဲတာမ်ားၿပီး ဖရီးကစ္ကေန ဂိုး၇တာ ပိုမ်ားလာပါတယ္။

ညကပြဲမွာ ဗလင္စီယာဘက္ကို ပင္နယ္တီမဝင္ခဲ့တာဟာ မက္ဆီရဲ႕ဒီရာသီ ပင္နယ္တီကန္တဲ့ ၉ ႀကိမ္မွာ လြဲေခ်ာ္မႈ ၃ ႀကိမ္ထိရွိလာခဲ့ၿပီျဖစ္ၿပီလည္း ျဖစ္ပါတယ္။ ဒါေပမဲ့ မက္ဆီရဲ႕ ဖရီးကစ္ေတြကေတာ့ တိက်ေနဆဲျဖစ္ၿပီ္း တတိယဂိုးကို ဒီရာသီရဲ႕ ၃ ဂိုးေျမာက္ဖရီးကစ္ဂိုးအျဖစ္ သြင္းယူခဲ့ပါတယ္။ ဒါဟာ မက္ဆီအတြက္ ဘာစီလိုနာကစားသမားဘဝ ဖရီးကစ္ ဂိုး ၅၀ ျပည့္ခဲ့တာပါ၊

ဘာပဲျဖစ္ျဖစ္ သူသြင္းတဲ့ ဖရီးကစ္ဂိုးအေရတြက္နဲ႔ ပင္နယ္တီလြဲတဲ့ အေရအတြက္ပါတူေနတဲ့ မက္ဆီအတြက္ ပင္နယ္တီေတြပိုဝင္ဖို႔ ႀကိဳးစားရေတာ့မွာျဖစ္ၿပီး မဟာၿပိဳင္ဘက္ စီေရာ္နယ္ဒိုက အခုေနာက္ပိုင္း ဖရီးကစ္ေတြကေန ဂိုးမရတာ ၾကာေနေပမယ့္ ပင္နယ္တီေတြ စိတ္ခ်ေနရဆဲျဖစ္တဲ့အတြက္ သူတို႔၂ေယာက္ရဲ႕ တိုက္ဆိုင္မႈေတြကေတာ့ ေျပာင္းျပန္ျဖစ္ေနပါတယ္။