စီရော်နယ်ဒိုကြောင့် ပေါင် ၅၁ သန်းအပိုဝင်ငွေရပြီး ပရိသတ်သန်း ၄၀ လည်း ထပ်တိုးလာတဲ့ ဂျူဗင်တပ်

photo-gettyimages

photo-gettyimages

စီရော်နယ်ဒိုဟာ ဂျူဗင်တပ်ကို ကမ္ဘာ့ဘောလုံးလောကရဲ့အအောင်မြင်ဆုံးအမှတ်တံဆိပ်တွေထဲက တစ်ခုဖြစ်လာအောင် ပြောင်းလဲပေးနိုင်ခဲေ့ကြာင်း နာမည်ကြီးအီတလီအားကစားသတင်းစာတစ်စောင်ဖြစ်တဲ့ ဂဇက်တာဒယ်လိုစပေါ့က ဖော်ပြလိုက်ပါတယ်။ အဲဒီပေါ်တူဂီကြယ်ပွင့်ဟာ ကမ္ဘာပေါ်မှာ ပရိသတ်အားပေးမှုအရဆုံးကစားသမားတွေထဲက တစ်ယောက်ဖြစ်ပြီး ဈေးကွက်ပိုင်းထိပ်သီးအဖြစ်လည်း သူ့ကိုယ်သူတည်ထောင်နိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ဘောလုံးရာသီမှာ စီရော်နယ်ဒိုကြောင့် ဂျူဗင်တပ် အပိုဝင်ငွေ ပေါင် ၅၁ သန်းရခဲ့တဲ့အကြောင်းကို ဂဇက်တာက အသေးစိတ်ရှင်းပြဖော်ပြထားတာပါ။

photo-jeep

ဒါ့အပြင် ရီးရဲလ်ကနေ စီရော်နယ်ဒိုရောက်လာပြီးကတည်းက ဂျူဗင်တပ်ရဲ့ကမ္ဘာလုံးဆိုင်ရာပရိသတ်အရေအတွက်ဟာ သန်း ၄၀ တိုးလာတယ်လို့ ယုံကြည်ရပါတယ်။ စီရော်နယ်ဒိုမှာ သူ့ကစားသမားဘ၀ သွားလေရာအသင်းတိုင်းကို လိုက်လံအားပေးတဲ့ သစ္စာရှိပရိသတ်ထုကြီးတစ်ခုရှိပါတယ်။ အဲဒါဟာ သူ စီးရီးအေကိုပြောင်းသွားတော့လည်း ပြောင်းလဲသွားခြင်းမရှိပါဘူး။ ဥပမာဆိုရင် ဂျူဗင်တပ်ရဲ့Instagram စာမျက်နှာဟာ စီရော်နယ်ဒိုရောက်လာပြီးကတည်းက follower ၃၂ သန်းအထိ ထိုးတက်သွားပါတယ်။

photo-social media

ဒါကြောင့်လည်း ဂျူဗင်တပ်ဟာ ဆိုရှယ်မီဒီယာထက်မှာ အရင်ကတည်းက ပရိသတ်အင်နဲ့အားနဲ့ရှိထားတဲ့ ရီးရဲလ်၊ဘာစီလိုနာ၊မန်ယူတို့နဲ့ ကွာခြားမှုကို လျေ့ချနိုင်ခဲ့ပါတယ်။ စီရော်နယ်ဒိုရှိနေတာကြောင့်လည်း ဂျူဗင်တပ်ဟာ ဝတ်စုံစပွန်ဆာ Jeep လို အဓိကစပွန်ဆာတွေနဲ့ စာချုပ်သက်တမ်းတိုဆွေးနွေးမှုမှာ အကူအညီဖြစ်စေရာရောက်ပါတယ်။ အခုဆိုရင် ကားကုပ္မဏီ Jeep ဟာ အရင်က စပွန်ဆာကြေးထက် ၃ ဆပိုများမယ့် စာချုပ်သစ်အတွက် ဂျူဗင်တပ်နဲ့ သဘောတူညီခဲ့ပါတယ်။ ဒါတွေအားလုံးဟာ စီရော်နယ်ဒိုသက်ရောက်မှုပါပဲ။

[Zawgyi]

စီေရာ္နယ္ဒိုေၾကာင့္ ေပါင္ ၅၁ သနး္အပို၀င္ေငြရၿပီး ပရိသတ္သန္း ၄၀ လည္း ထပ္တိုးလာတဲ့ ဂ်ဴဗင္တပ္

စီေရာ္နယ္ဒိုဟာ ဂ်ဴဗင္တပ္ကို ကမာၻ႔ေဘာလုံးေလာကရဲ႕အေအာင္ျမင္ဆုံးအမွတ္တံဆိပ္ေတြထဲက တစ္ခုျဖစ္လာေအာင္ ေျပာင္းလဲေပးႏိုင္ခဲေ့ၾကာင္း နာမည္ႀကီးအီတလီအားကစားသတင္းစာတစ္ေစာင္ျဖစ္တဲ့ ဂဇက္တာဒယ္လိုစေပါ့က ေဖာ္ျပလိုက္ပါတယ္။ အဲဒီေပၚတူဂီၾကယ္ပြင့္ဟာ ကမာၻေပၚမွာ ပရိသတ္အားေပးမႈအရဆုံးကစားသမားေတြထဲက တစ္ေယာက္ျဖစ္ၿပီး ေစ်းကြက္ပိုင္းထိပ္သီးအျဖစ္လည္း သူ႔ကိုယ္သူတည္ေထာင္ႏိုင္ခဲ့ပါတယ္။ ၿပီးခဲ့တဲ့ေဘာလုံးရာသီမွာ စီေရာ္နယ္ဒိုေၾကာင့္ ဂ်ဴဗင္တပ္ အပို၀င္ေငြ ေပါင္ ၅၁ သန္းရခဲ့တဲ့အေၾကာင္းကို ဂဇက္တာက အေသးစိတ္ရွင္းျပေဖာ္ျပထားတာပါ။

ဒါ့အျပင္ ရီးရဲလ္ကေန စီေရာ္နယ္ဒိုေရာက္လာၿပီးကတည္းက ဂ်ဴဗင္တပ္ရဲ႕ကမာၻလုံးဆိုင္ရာပရိသတ္အေရအတြက္ဟာ သန္း ၄၀ တုိးလာတယ္လို႔ ယုံၾကည္ရပါတယ္။ စီေရာ္နယ္ဒိုမွာ သူ႔ကစားသမားဘ၀ သြားေလရာအသင္းတိုင္းကို လုိက္လံအားေပးတဲ့ သစၥာရွိပရိသတ္ထုႀကီးတစ္ခုရွိပါတယ္။ အဲဒါဟာ သူ စီးရီးေအကိုေျပာင္းသြားေတာ့လည္း ေျပာင္းလဲသြားျခင္းမရွိပါဘူး။ ဥပမာဆုိရင္ ဂ်ဴဗင္တပ္ရဲ႕Instagram စာမ်က္ႏွာဟာ စီေရာ္နယ္ဒိုေရာက္လာၿပီးကတည္းက follower ၃၂ သန္းအထိ ထိုးတက္သြားပါတယ္။

ဒါေၾကာင့္လည္း ဂ်ဴဗင္တပ္ဟာ ဆိုရွယ္မီဒီယာထက္မွာ အရင္ကတည္းက ပရိသတ္အင္နဲ႔အားနဲဲ႔ရွိထားတဲ့ ရီးရဲလ္၊ဘာစီလုိနာ၊မန္ယူတို႔နဲ႔ ကြာျခားမႈကို ေလ်႔ခ်ႏိုင္ခဲ့ပါတယ္။ စီေရာ္နယ္ဒုိရွိေနတာေၾကာင့္လည္း ဂ်ဴဗင္တပ္ဟာ ၀တ္စုံစပြန္ဆာ Jeep လို အဓိကစပြန္ဆာေတြနဲ႔ စာခ်ဳပ္သက္တမ္းတိုေဆြးေႏြးမႈမွာ အကူအညီျဖစ္ေစရာေရာက္ပါတယ္။ အခုဆုိရင္ ကားကုပၼဏီ Jeep ဟာ အရင္က စပြန္ဆာေၾကးထက္ ၃ ဆပိုမ်ားမယ့္ စာခ်ဳပ္သစ္အတြက္ ဂ်ဴဗင္တပ္နဲ႔ သေဘာတူညီခဲ့ပါတယ္။ ဒါေတြအားလုံးဟာ စီေရာ္နယ္ဒိုသက္ေရာက္မႈပါပဲ။