စီရော်နယ်ဒိုကို မန်ယူရဲ့အမြဲတမ်းကပ္ပတိန်လက်ပတ်မပေးခဲ့တာ ဘာကြောင့်ဆိုတာ နဗီးလ်ဖွင့်ဟ

photo-sport bilble

photo-gettyimages

အိုးလ်ထရက်ဖို့ဒ်မှာ သူ့ရဲ့မန်ယူအသင်းဖော်ဟောင်းစီရော်နယ်ဒိုကို အမြဲတမ်းကပ္ပတိန်လက်ပတ်မပေးခဲ့တာဟာ ဘာကြောင့်ဆိုတာကို ဂယ်ရီနဗီးလ်က ဖွင့်ဟလိုက်ပါတယ်။ စီရော်နယ်ဒိုဟာ ရီးရဲလ်ကို အဲဒီအချိန်က ကမ္ဘာ့စံချိန်တင်ကြေးနဲ့ မပြောင်းခင် မန်ယူမှာ ၂၀၀၃ ကနေ ၂၀၀၉ အထိ ၆ နှစ်ကြာကစားခဲ့တာပါ။

photo-gettyimages

သူ့ရဲ့မန်ယူကစားသမားဘဝမှာ စီရော်နယ်ဒိုဟာ ကမ္ဘာလုံးဆိုင်ရာ စူပါစတားတစ်ယောက်အဖြစ် တည်ထောင်နိုင်ခဲ့ပေမယ်လည်း ကလပ်ရဲ့အမြဲတမ်းအသင်းခေါင်းဆောင်ဖြစ်ဖို့ ဘယ်တုန်းကမှ အခွင့်အရေးမရခဲ့ပါဘူး။ အဲဒါဟာ နောက်ပိုင်းမှာ မန်ယူအသင်းခေါင်းဆောင်ဖြစ်လာတဲ့ ရွန်နီကြောင့်လို့ ဂယ်ရီနဗီးလ်က ဖွင့်ဟခဲ့တာ ဖြစ်ပါတယ်။

photo-sky sports

”ရာသီကြိုကာလတစ်ခုမှာ ဖာဂူဆန်ဆီ ကျွန်တော်သွားတွေ့ခဲ့တာကို အမှတ်ရမိပါတယ်။ ကပ္ပတိန်အနေနဲ့ ကျွန်တော့်ရဲ့တတိယမြောက်ရာသီမှာ စဉ်းစားမိသွားတာက အသင်းဟာ ကျွန်တော်မယှဉ်ပြိုင်နိုင်တော့တဲ့အဆင့်တစ်ခုကို ရောက်သွားတာဖြစ်လို့ အသင်းခေါင်းဆောင်လက်ပတ်နဲ့မထိုက်တန်တော့ဘူးလို့ ခံစားမိလာတာပါ။ ကျွန်တော်တို့မှာ စီရော်နယ်ဒို၊ ရွန်နီ၊ တေဗက်ဇ်၊ဂစ်၊ စခိုးလ်၊ ကာရစ်၊ ဖာဒီနန်၊ ဗီဒစ်၊ အီဗရာ၊ ဗန်ဒါဆားတို့လို နာမည်ကြီးကစားသမားတွေနဲ့ အံ့သြစရာအသင်းတစ်သင်းရှိနေတာဖြစ်လို့ အဲဒါဟာ ထင်ရှားပါတယ်။ ဆာအဲလက်စ်(ဖာဂူဆန်)ကတော့ ကပ္ပတိန်လက်ပတ်ကို မင်းပဲဆက်ယူထားလိုက်ပါ သား လို့ပြောပါတယ်။ ကျွန်တော်နဲ့ဂစ်က တစ်ယောက်တစ်လှည့်စီ အသင်းခေါင်းဆောင်လုပ်လို့ သူက ပြောတာပါ။ ဘာကြောင့်လဲဆိုတော့ အဲဒီလက်ပတ်ကို သူက စီရော်နယ်ဒိုကိုပေးလိုက်ရင် ရွန်နီက ဒေါသထွက်မှာပါ။ ဗီဒစ်ကိုပေးပြန်ရင်လည်း ဖာနီဒန်က ပျော်မှာမဟုတ်ဘူး။ ဒါကြောင့် ကျွန်တော်တို့ဟာ အဝတ်စားလဲခန်းထဲက ရဲဘော်ရဲဘက်စိတ်အတွက် အဲဒီတာဝန်ကို ၃၊ ၄ နှစ်လောက် ဆက်ယူလိုက်ပါတယ်”လို့ ဂစ်က ပြောခဲ့တာပါ။

[Zawgyi]

စီေရာ္နယ္ဒိုကို မန္ယူရဲ႕အၿမဲတမ္းကပၸတိန္လက္ပတ္မေပးခဲ့တာ ဘာေၾကာင့္ဆိုတာ နဗီးလ္ဖြင့္ဟ

အုိးလ္ထရက္ဖို႔ဒ္မွာ သူ႔ရဲ႕မန္ယူအသင္းေဖာ္ေဟာင္းစီေရာ္နယ္ဒိုကို အၿမဲတမ္းကပၸတိန္လက္ပတ္မေပးခဲ့တာဟာ ဘာေၾကာင့္ဆိုတာကို ဂယ္ရီနဗီးလ္က ဖြင့္ဟလုိက္ပါတယ္။ စီေရာ္နယ္ဒိုဟာ ရီးရဲလ္ကို အဲဒီအခ်ိန္က ကမာၻ႔စံခ်ိန္တင္ေၾကးနဲ႔ မေျပာင္းခင္ မန္ယူမွာ ၂၀၀၃ ကေန ၂၀၀၉ အထိ ၆ ႏွစ္ၾကာကစားခဲ့တာပါ။

သူ႔ရဲ႕မန္ယူကစားသမားဘ၀မွာ စီေရာ္နယ္ဒိုဟာ ကမာၻလုံးဆုိင္ရာ စူပါစတားတစ္ေယာက္အျဖစ္ တည္ေထာင္ႏိုင္ခဲ့ေပမယ္လည္း ကလပ္ရဲ႕အၿမဲတမ္းအသင္းေခါငး္ေဆာင္ျဖစ္ဖို႔ ဘယ္တုန္းကမွ အခြင့္အေရးမရခဲ့ပါဘူး။ အဲဒါဟာ ေနာက္ပိုင္းမွာ မန္ယူအသင္းေခါင္းေဆာင္ျဖစ္လာတဲ့ ရြန္နီေၾကာင့္လုိ႔ ဂယ္ရီနဗီးလ္က ဖြင့္ဟခဲ့တာ ျဖစ္ပါတယ္။

”ရာသီႀကိဳကာလတစ္ခုမွာ ဖာဂူဆန္ဆီ ကၽြန္ေတာ္သြားေတြ႕ခဲ့တာကို အမွတ္ရမိပါတယ္။ ကပၸတိန္အေနနဲ႔ ကၽြန္ေတာ့္ရဲ႕တတိယေျမာက္ရာသီမွာ စဥ္းစားမိသြားတာက အသင္းဟာ ကၽြန္ေတာ္မယွဥ္ၿပိဳင္ႏိုင္ေတာ့တဲ့အဆင့္တစ္ခုကို ေရာက္သြားတာျဖစ္လုိ႔ အသင္းေခါင္းေဆာင္လက္ပတ္နဲ႔မထိုက္တန္ေတာ့ဘူးလုိ႔ ခံစားမိလာတာပါ။ ကၽြန္ေတာ္တို႔မွာ စီေရာ္နယ္ဒို၊ ရြန္နီ၊ ေတဗက္ဇ္၊ဂစ္၊ စခိုးလ္၊ ကာရစ္၊ ဖာဒီနန္၊ ဗီဒစ္၊ အီဗရာ၊ ဗန္ဒါဆားတို႔လုိ နာမည္ႀကီးကစားသမားေတြနဲ႔ အံ့ၾသစရာအသင္းတစ္သင္းရွိေနတာျဖစ္လုိ႔ အဲဒါဟာ ထင္ရွားပါတယ္။ ဆာအဲလက္စ္(ဖာဂူဆန္)ကေတာ့ ကပၸတိန္လက္ပတ္ကို မင္းပဲဆက္ယူထားလုိက္ပါ သား လုိ႔ေျပာပါတယ္။ ကၽြန္ေတာ္နဲ႔ဂစ္က တစ္ေယာက္တစ္လွည့္စီ အသင္းေခါင္းေဆာင္လုပ္လုိ႔ သူက ေျပာတာပါ။ ဘာေၾကာင့္လဲဆုိေတာ့ အဲဒီလက္ပတ္ကို သူက စီေရာ္နယ္ဒိုကိုေပးလုိက္ရင္ ရြန္နီက ေဒါသထြက္မွာပါ။ ဗီဒစ္ကိုေပးျပန္ရင္လညး္ ဖာနီဒန္က ေပ်ာ္မွာမဟုတ္ဘူး။ ဒါေၾကာင့္ ကၽြန္ေတာ္တို႔ဟာ အ၀တ္စားလဲခန္းထဲက ရဲေဘာ္ရဲဘက္စိတ္အတြက္ အဲဒီတာ၀န္ကို ၃၊ ၄ ႏွစ္ေလာက္ ဆက္ယူလုိက္ပါတယ္”လုိ႔ ဂစ္က ေျပာခဲ့တာပါ။