စီရော်နယ်ဒိုကို စံထားပြီး ကြီးပြင်းလာတာဖြစ်ကြောင်း ပါရဲရားဖွင့်ဟ

photo-gettyimages

photo-gettyimages

မန်ယူကွင်းလယ်လူအန်ဒရီးယက်စ်ပါရဲရားက အသင်းတိုက်စစ်ကစားသမားဟောင်းဖြစ်တဲ့ စီရော်နယ်ဒိုကို စံထားပြီး ကြီးပြင်းလာတာဖြစ်ကြောင့် ဖွင့်ဟပြောကြားလိုက်ပါတယ်။ အဲဒါဂျူဗင်တပ်တိုက်စစ်မှုးဟာ ပါရဲရားရဲ့စံနမူနာထားစရာဘောလုံးသမားဖြစ်ခဲ့ပြီး စီရော်နယ်ဒိုရဲ့ကစားပုံအတိုင်း သူဟာ လိုက်တုပကစားချင်ခဲ့တာပါ။ သူ့ရဲ့တည်ကန်ဘောနည်းပညာက အဲဒီမန်ယူဂန္ထဝင်ရဲ့ကန်သွင်းပုံစံပေါ်မှာ အခြေခံတာဖြစ်ကြောင်းလည်း ပါရဲရားက ဆိုခဲ့ပါတယ်။

photo-gettyimages

”ကျွန်တော်က စီရော်နယ်ဒိုကို အမြဲတမ်းအတုယူပါတယ်။ ဘာကြောင့်လဲဆိုတော့ သူဟာ ကျွန်တော်စံနမူနာထားရတဲ့ ဘောလုံးသမားတစ်ယောက်ဖြစ်ခဲ့လု့ိပါ။ မန်ယူမှာတုန်းက သူ့မှာ မယုံနိုင်စရာကန်သွင်းချက်၊ စကေးတွေနဲ့ လျင်မြန်မှုတို့ ရှိခဲ့ပါတယ်။ ဆိုရရင်တော့ သူဟာ ပြည့်စုံတဲ့ကစားသမားပါ။ ကွင်းထဲရောက်ရင် သူ့လိုလုပ်ဖို့ ကျွန်တော် အမြဲကြိုးစားပါတယ်။ သူ့ကြောင့်ပဲ ကန်သွင်းမှုနဲ့ ဖရီးကစ်တို့ကို ကျွန်တော်လေ့ကျင့်ခဲ့ပါတယ်။ သူ့ကစားပုံစတိုင်ကိုကြည့်ပြီး ကစားတာပါ”လို့ ပါရဲရားက ပြောပါတယ်။

photo-social media

ပါရဲရားဟာ ဆိုးလ်ရှားလက်ထက်မန်ယူမှာ ပိုပြီးနေရာရလာပေမယ့် ဒီရာသီမှာတော့ ခြေစွမ်းအရ လင်ဂတ်နဲ့အတူ ပြင်းထန်တဲ့ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ သူဟာ ဘယ်လ်ဂျီယံမှာ မွေးဖွားခဲ့သူဖြစ်ပေမယ့်လည်း ဘရာဇီးလက်ရွေးစင်အသင်းကို ကိုယ်စားပြုခဲ့တာပါ။ ဘရာဇီးမှာ သူလူစားအားကျတဲ့ကစားသမားတွေက ရော်နယ်ဒင်ဟိုနဲ့ကာကာတို့ဖြစ်တယ်လို့လည်း ဆက်လက်ပြောကြားခဲ့ပါတယ်။

[Zawgyi]

စီေရာ္နယ္ဒိုကို စံထားၿပီး ႀကီးျပင္းလာတာျဖစ္ေၾကာင္း ပါရဲရားဖြင့္ဟ

မန္ယူကြငး္လယ္လူအန္ဒရီးယက္စ္ပါရဲရားက အသင္းတိုက္စစ္ကစားသမားေဟာင္းျဖစ္တဲ့ စီေရာ္နယ္ဒိုကို စံထားၿပီး ႀကီးျပင္းလာတာျဖစ္ေၾကာင့္ ဖြင့္ဟေျပာၾကားလုိက္ပါတယ္။ အဲဒါဂ်ဴဗင္တပ္တိုက္စစ္မႈးဟာ ပါရဲရားရဲ႕စံနမူနာထားစရာေဘာလုံးသမားျဖစ္ခဲ့ၿပီး စီေရာ္နယ္ဒိုရဲ႕ကစားပုံအတုိင္း သူဟာ လုိက္တုပကစားခ်င္ခဲ့တာပါ။ သူ႔ရဲ႕တည္ကန္ေဘာနည္းပညာက အဲဒီမန္ယူဂႏၳ၀င္ရဲ႕ကန္သြင္းပုံစံေပၚမွာ အေျခခံတာျဖစ္ေၾကာင္းလည္း ပါရဲရားက ဆုိခဲ့ပါတယ္။

”ကၽြန္ေတာ္က စီေရာ္နယ္ဒိုကို အၿမဲတမ္းအတုယူပါတယ္။ ဘာေၾကာင့္လဲဆုိေတာ့ သူဟာ ကၽြန္ေတာ္စံနမူနာထားရတဲ့ ေဘာလံုးသမားတစ္ေယာက္ျဖစ္ခဲ့လု႔ိပါ။ မန္ယူမွာတုန္းက သူ႔မွာ မယုံႏိုင္စရာကန္သြင္းခ်က္၊ စေကးေတြနဲ႔ လ်င္ျမန္မႈတို႔ ရွိခဲ့ပါတယ္။ ဆုိရရင္ေတာ့ သူဟာ ျပည့္စုံတဲ့ကစားသမားပါ။ ကြင္းထဲေရာက္ရင္ သူ႔လုိလုပ္ဖို႔ ကၽြန္ေတာ္ အၿမဲႀကိဳးစားပါတယ္။ သူ႔ေၾကာင့္ပဲ ကန္သြင္းမႈနဲ႔ ဖရီးကစ္တို႔ကို ကၽြန္ေတာ္ေလ့က်င့္ခဲ့ပါတယ္။ သူ႔ကစားပုံစတိုင္ကိုၾကည့္ၿပီး ကစားတာပါ”လို႔ ပါရဲရားက ေျပာပါတယ္။

ပါရဲရားဟာ ဆုိးလ္ရွားလက္ထက္မန္ယူမွာ ပိုၿပီးေနရာရလာေပမယ့္ ဒီရာသီမွာေတာ့ ေျခစြမ္းအရ လင္ဂတ္နဲ႔အတူ ျပင္းထန္တဲ့ေ၀ဖန္မႈေတြနဲ႔ ရင္ဆိုင္ေနရပါတယ္။ သူဟာ ဘယ္လ္ဂ်ီယံမွာ ေမြးဖြားခဲ့သူျဖစ္ေပမယ့္လည္း ဘရာဇီးလက္ေရြးစင္အသင္းကို ကိုယ္စားျပဳခဲ့တာပါ။ ဘရာဇီးမွာ သူလူစားအားက်တဲ့ကစားသမားေတြက ေရာ္နယ္ဒင္ဟုိနဲ႔ကာကာတို႔ျဖစ္တယ္လို႔လည္း ဆက္လက္ေျပာၾကားခဲ့ပါတယ္။