စီရော်နယ်ဒိုကိုကျော်တက်ပြီး ထိပ်တန်းလိဂ် ၅ ရပ်ထဲ ဂိုးအများဆုံးသွင်းသူဖြစ်လာတဲ့ မက်ဆီ

photo-gettyimages

photo-gettyimages

ဘာစီလိုနာတိုက်စစ်မှုးမက်ဆီဟာ စနေည ဆိုစီဒက်နဲ့ပွဲက တစ်လုံးတည်းသော ပင်နယ်တီအနိုင်ဂိုးကြောင့် ဥရောပထိပ်တန်းလိဂ် ၅ ရပ်ထဲမှာ သမိုင်းတစ်လျှောက် ဂိုးအများဆုံးသွင်းသူဖြစ်လာပါတယ်။ အဲဒီပွဲက ၈၁ မိနစ် ပင်နယ်တီဂိုးကြောင့် မက်ဆီဟာ သူ့ရဲ့လာလီဂါ ၄၇၄ ပွဲမှာ ၄၃၈ ဂိုးမြောက်ကိုရရှိခဲ့တာပါ။ ဒီအတွက် မက်ဆီဟာ မန်ယူ၊ရီးရဲလ်မက်ဒရစ်နဲ့ဂျူဗင်တပ်တို့အတွက် ပွဲ ၅၄၀ မှာ ၄၃၇ ဂိုးသွင်းနိုင်ခဲ့တဲ့ သူ့ရဲ့အဓိကပြိုင်ဘက်စီရော်နယ်ဒိုကို ကျော်တက်နိုင်ခဲ့ပါတယ်။

photo-gettyimages

ဥရောပထိပ်တန်းလိဂ် ၅ ရပ်အဖြစ် အင်္ဂလန်ရဲ့ပရီးမီးယားလိဂ်၊ စပိန်ရဲ့လာလီဂါ၊ ဂျာမနီရဲ့ဘွန်ဒက်စ်လီဂါ၊ အီတလီရဲ့စီးရီးအေနဲ့ ပြင်သစ်ရဲ့လီဂူး ၁ ပြိုင်ပွဲတို့ကို သတ်မှတ်ထားတာပါ။ သမိုင်းတစ်လျှောက် ဥရောပထိပ်တန်းလိဂ် ၅ ရပ်ရဲ့ဂိုးအများဆုံးသွင်းသူစာရင်းမှာ မက်ဆီနဲ့စီရော်နယ်ဒိုတို့ဟာ ဘယ်သူထက်မဆိုကို ပြတ်ပြတ်သားသားဦးဆောင်နိုင်နေကြတာပါ။ အဲဒီစာရင်းရဲ့တတိယနေရာက စပါး၊ချဲလ်ဆီးနဲ့ အေစီတို့ရဲ့ကစားသမားဟောင်းဖြစ်တဲ့ ဂျင်မီဂရီဗက်စ်ဆိုရင် ၃၆၆ ဂိုးသာ ရှိတာပါ။

photo-gettyimages

ဘယ်သူက ဂိုးပိုသွင်းပြီး ကစားသမားဘဝအဆုံးသတ်နိုင်မလဲဆိုတာကိုတော့ ဆက်လက်စောင့်ကြည့်ရဦးမှာပါ။ အဲဒီနေရာမှာတော့ မက်ဆီက ပိုပြီးအားသာချက်ရှိနေပါတယ်။ ဘာကြောင့်လဲဆိုတော့ စီရော်နယ်ဒိုက ၃ နှစ်ပိုကြီးပြီး မက်ဆီထက်အရင် ကစားသမားဘဝပိုစောနားရနိုင်လို့ပါ။

[Zawgyi]

စီေရာ္နယ္ဒိုကိုေက်ာ္တက္ၿပီး ထိပ္တန္းလိဂ္ ၅ ရပ္ထဲ ဂိုးအမ်ားဆုံးသြင္းသူျဖစ္လာတဲ့ မက္ဆီ

ဘာစီလိုနာတိုက္စစ္မႈးမက္ဆီဟာ စေနည ဆိုစီဒက္နဲ႔ပြဲက တစ္လုံးတည္းေသာ ပင္နယ္တီအႏိုင္ဂိုးေၾကာင့္ ဥေရာပထိပ္တန္းလိဂ္ ၅ ရပ္ထဲမွာ သမိုင္းတစ္ေလွ်ာက္ ဂိုးအမ်ားဆုံးသြင္းသူျဖစ္လာပါတယ္။ အဲဒီပြဲက ၈၁ မိနစ္ ပင္နယ္တီဂိုးေၾကာင့္ မက္ဆီဟာ သူ႔ရဲ႕လာလီဂါ ၄၇၄ ပြဲမွာ ၄၃၈ ဂိုးေျမာက္ကိုရရွိခဲ့တာပါ။ ဒီအတြက္ မက္ဆီဟာ မန္ယူ၊ရီးရဲလ္မက္ဒရစ္နဲ႔ဂ်ဴဗင္တပ္တို႔အတြက္ ပြဲ ၅၄၀ မွာ ၄၃၇ ဂိုးသြင္းႏိုင္ခဲ့တဲ့ သူ႔ရဲ႕အဓိကၿပိဳင္ဘက္စီေရာ္နယ္ဒိုကို ေက်ာ္တက္ႏိုင္ခဲ့ပါတယ္။

ဥေရာပထိပ္တန္းလိဂ္ ၅ ရပ္အျဖစ္ အဂၤလန္ရဲ႕ပရီးမီးယားလိဂ္၊ စပိန္ရဲ႕လာလီဂါ၊ ဂ်ာမနီရဲ႕ဘြန္ဒက္စ္လီဂါ၊ အီတလီရဲ႕စီးရီးေအနဲ႔ ျပင္သစ္ရဲ႕လီဂူး ၁ ၿပိဳင္ပြဲတို႔ကို သတ္မွတ္ထားတာပါ။ သမိုင္းတစ္ေလွ်ာက္ ဥေရာပထိပ္တန္းလိဂ္ ၅ ရပ္ရဲ႕ဂိုးအမ်ားဆုံးသြငး္သူစာရင္းမွာ မက္ဆီနဲ႔စီေရာ္နယ္ဒိုတို႔ဟာ ဘယ္သူထက္မဆုိကို ျပတ္ျပတ္သားသားဦးေဆာင္ႏိုင္ေနၾကတာပါ။ အဲဒီစာရင္းရဲ႕တတိယေနရာက စပါး၊ခ်ဲလ္ဆီးနဲ႔ ေအစီတို႔ရဲ႕ကစားသမားေဟာင္းျဖစ္တဲ့ ဂ်င္မီဂရီဗက္စ္ဆိုရင္ ၃၆၆ ဂိုးသာ ရွိတာပါ။

ဘယ္သူက ဂိုးပိုသြင္းၿပီး ကစားသမားဘ၀အဆုံးသတ္ႏိုင္မလဲဆိုတာကိုေတာ့ ဆက္လက္ေစာင့္ၾကည့္ရဦးမွာပါ။ အဲဒီေနရာမွာေတာ့ မက္ဆီက ပိုၿပီးအားသာခ်က္ရွိေနပါတယ္။ ဘာေၾကာင့္လဲဆုိေတာ့ စီေရာ္နယ္ဒိုက ၃ ႏွစ္ပိုႀကီးၿပီး မက္ဆီထက္အရင္ ကစားသမားဘ၀ပိုေစာနားရႏိုင္လို႔ပါ။