စီနီယာအသင်းမှာ ပထမဆုံးအကြိမ် ကစားခွင့်ရခဲ့တဲ့ ရှောတိုင်ယာ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

နယူးကာဆယ် အသင်းကို အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်မှာ မန်ချက်စတာ ယူနိုက်တက် စီနီယာ အသင်းကြီးနဲ့အတူ ပထမဆုံးအကြိမ် စတင် ကစားခွင့်ရခဲ့တဲ့ ဆိုလာ ရှောတိုင်ယာအပေါ် အိုလေ ဂန်းနား ဆိုးရှားက ယုံကြည်မှု တိုးမြှင့်စေမယ့် သတင်းစကားပါးလိုက်ပါတယ်။ ရှောတိုင်ယာအနေနဲ့ ပထမဆုံး ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ( ၃ – ၁ ) အနိုင်ရခဲ့တဲ့ ပွဲစဉ် ၊ ပွဲကစားချိန် ( ၈၉ ) မိနစ်မှာ လူစားဝင်ကစားသမား အနေနဲ့ ပါဝင်ခဲ့ပါတယ်။

အသက် ( ၁၇ ) နှစ်အရွယ် ကစားသမားဟာ သရဲနီတို့ရဲ့ သဘောကျနှစ်သက်မှုကို ရရှိထားပြီး အသက် ( ၁၄ ) နှစ်အရွယ် ( ၂၀၁၈ ) မှာ UEFA Youth League ရဲ့ အသက်အငယ်ဆုံး ကစားသမားအနေနဲ့ ပါဝင်ခွင့်ရခဲ့ပါတယ်။ သူဟာ အသင်းကြီးနဲ့ ပရော်ဖက်ရှင်နယ် စာချုပ်ချုပ်ဆိုခြင်းမပြုမီ ဖေဖော်ဝါရီလ အစောပိုင်းက ဘလက်ဘန်းအသင်းကို အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ ယူနိုက်တက် ယူ – ၂၃ အသင်းအတွက် ဟက်ထရစ် သွင်းယူပေးခဲ့ပါတယ်။

အဲ့ဒီ‌နောက် လူငယ်ကစားသမားဟာ ပထမအသင်းကြီးမှာ ရွေးချယ်ခံခဲ့ရပြီး ဆိုးရှားရဲ့ စီနီယာ အသင်းကြီးနဲ့အတူ ပုံမှန်လေ့ကျင့်လျက်ရှိပါတယ်။ ရှောတိုင်ယာဟာ ရီးရဲဆိုစီဒက်စ်အသင်းနဲ့ ယူရိုပါလိဂ် ပွဲစဉ်အတွက် တူရင်မြို့ကို လိုက်ပါသွားခဲ့ပေမယ့် ပထမဆုံးအကြိမ် ပွဲကစားခွင့်ရဖို့ တနင်္ဂနွေနေ့ထိစောင့်ဆိုင်းခဲ့ရပါတယ်။ အဆိုပါ ပွဲစဉ်အပြီးမှာ နည်းပြက ရှောတိုင်ယာအပေါ် မှတ်ချက်ပြုပြောဆိုခဲ့ပါတယ်။

“ သူသာ လက်ရှိပုံစံကို ဆက်ထိန်းထားမယ်ဆိုရင် ကျွန်တော်တို့အတွက် ပွဲစဉ်တွေများစွာ ကစားခွင့်ရပါလိမ့်မယ်။ သူက အကောင်းဆုံးလေ့ကျင့်နေပါတယ်။ ကောင်းမွန်တဲ့ ဘောလုံးသမားဘဝ ပိုင်ဆိုင်မယ်လို့ မျှော်လင့်ပါတယ်။” “ သူက ကျွန်တော်တို့ ယုံကြည်တဲ့သူပါ။ သူ့ကို အခွင့်အရေးပေးချင်ပါတယ်။ ပွဲက ( ၆ ) မိနစ် ( ၇ ) မိနစ်‌လောက်ပဲ ကျန်ရှိပေမယ့် သူက ကျွန်တော်တို့ ယုံကြည်ရတဲ့ လူငယ်ကစားသမားပါ။”

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

စီနီယာအသင္းမွာ ပထမဆုံးအႀကိမ္ ကစားခြင့္ရခဲ့တဲ့ ေရွာတိုင္ယာ

နယူးကာဆယ္ အသင္းကို အႏိုင္ရရွိခဲ့တဲ့ ပြဲစဥ္မွာ မန္ခ်က္စတာ ယူႏိုက္တက္ စီနီယာ အသင္းႀကီးနဲ႔အတူ ပထမဆုံးအႀကိမ္ စတင္ ကစားခြင့္ရခဲ့တဲ့ ဆိုလာ ေရွာတိုင္ယာအေပၚ အိုေလ ဂန္းနား ဆိုးရွားက ယုံၾကည္မႈ တိုးျမႇင့္ေစမယ့္ သတင္းစကားပါးလိုက္ပါတယ္။ေရွာတိုင္ယာအေနနဲ႔ ပထမဆုံး ပရီးမီးယားလိဂ္ ပြဲစဥ္အျဖစ္ ၿပီးခဲ့တဲ့ တနဂၤေႏြေန႔က ( ၃ – ၁ ) အႏိုင္ရခဲ့တဲ့ ပြဲစဥ္ ၊ ပြဲကစားခ်ိန္ ( ၈၉ ) မိနစ္မွာ လူစားဝင္ကစားသမား အေနနဲ႔ ပါဝင္ခဲ့ပါတယ္။

အသက္ ( ၁၇ ) ႏွစ္အ႐ြယ္ ကစားသမားဟာ သရဲနီတို႔ရဲ႕ သေဘာက်ႏွစ္သက္မႈကို ရရွိထားၿပီး အသက္ ( ၁၄ ) ႏွစ္အ႐ြယ္ ( ၂၀၁၈ ) မွာ UEFA Youth League ရဲ႕ အသက္အငယ္ဆုံး ကစားသမားအေနနဲ႔ ပါဝင္ခြင့္ရခဲ့ပါတယ္။ သူဟာ အသင္းႀကီးနဲ႔ ပေရာ္ဖက္ရွင္နယ္ စာခ်ဳပ္ခ်ဳပ္ဆိုျခင္းမျပဳမီ ေဖေဖာ္ဝါရီလ အေစာပိုင္းက ဘလက္ဘန္းအသင္းကို အႏိုင္ရရွိခဲ့တဲ့ပြဲစဥ္မွာ ယူႏိုက္တက္ ယူ – ၂၃ အသင္းအတြက္ ဟက္ထရစ္ သြင္းယူေပးခဲ့ပါတယ္။

အဲ့ဒီ‌ေနာက္ လူငယ္ကစားသမားဟာ ပထမအသင္းႀကီးမွာ ေ႐ြးခ်ယ္ခံခဲ့ရၿပီး ဆိုးရွားရဲ႕ စီနီယာ အသင္းႀကီးနဲ႔အတူ ပုံမွန္ေလ့က်င့္လ်က္ရွိပါတယ္။  ေရွာတိုင္ယာဟာ ရီးရဲဆိုစီဒက္စ္အသင္းနဲ႔ ယူ႐ိုပါလိဂ္ ပြဲစဥ္အတြက္ တူရင္ၿမိဳ႕ကို လိုက္ပါသြားခဲ့ေပမယ့္ ပထမဆုံးအႀကိမ္ ပြဲကစားခြင့္ရဖို႔ တနဂၤေႏြေန႔ထိေစာင့္ဆိုင္းခဲ့ရပါတယ္။ အဆိုပါ ပြဲစဥ္အၿပီးမွာ နည္းျပက ေရွာတိုင္ယာအေပၚ မွတ္ခ်က္ျပဳေျပာဆိုခဲ့ပါတယ္။

“ သူသာ လက္ရွိပုံစံကို ဆက္ထိန္းထားမယ္ဆိုရင္ ကြၽန္ေတာ္တို႔အတြက္ ပြဲစဥ္ေတြမ်ားစြာ ကစားခြင့္ရပါလိမ့္မယ္။ သူက အေကာင္းဆုံးေလ့က်င့္ေနပါတယ္။ ေကာင္းမြန္တဲ့ ေဘာလုံးသမားဘဝ ပိုင္္ဆိုင္မယ္လို႔ ေမွ်ာ္လင့္ပါတယ္။” “ သူက ကြၽန္ေတာ္တို႔ ယုံၾကည္တဲ့သူပါ။ သူ႔ကို အခြင့္အေရးေပးခ်င္ပါတယ္။ ပြဲက ( ၆ ) မိနစ္ ( ၇ ) မိနစ္‌ေလာက္ပဲ က်န္ရွိေပမယ့္ သူက ကြၽန္ေတာ္တို႔ ယုံၾကည္ရတဲ့ လူငယ္ကစားသမားပါ။”