
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
ဘဏ္ဍာရေးအခက်အခဲတွေနဲ့ ရင်ဆိုင်နေရတဲ့ ဘာစီလိုနာအသင်းဟာ အသင်းရဲ့စီနီယာကစားသမားတချို့ကို လစာငွေလျှော့ယူဖို့ စည်းရုံးတောင်းဆိုသွားဖို့ရှိနေပြီး တကယ်လို့အဆင်ပြေခဲ့ရင် ကျန်တဲ့ကစားသမားတွေကိုပါ လစာငွေလျှော့ယူဖို့အတွက် တိုက်တွန်းပေးဖို့ တောင်းဆိုထားတယ်လို့ သတင်းထွက်နေပါတယ်။
ဘာစီလိုနာအသင်း အားကစားဒါရိုက်တာဖြစ်သူမက်တေးယူအလီမာနီဟာ စီနီယာကစားသမား(၄)ဦးဖြစ်တဲ့ ဆာဂျီရော်ဘတ်တို၊ ဘူးစကွက်စ်၊ ပီကေးနဲ့ ယော်ဒီအယ်ဘာတို့ရဲ့အေးဂျင့်တွေနဲ့ တွေ့ဆုံပြီး ဒီကိစ္စကို ဆွေးနွေးခဲ့တဲ့အနေအထားရှိပါတယ်။
ဘာစီလိုနာအသင်းဟာ ကမ္ဘာတစ်ဝန်းလုံးက ကလပ်အသင်းတွေထဲမှာ ကစားသမားတွေကို လစာငွေပေးချေမှုအများဆုံးအဖြစ် သတ်မှတ်ခံထားရတာဖြစ်ပြီး
လစာငွေမြင့်မားနေမှုကို လျှော့ချနိုင်ဖို့၊ လာလီဂါအဖွဲ့ချုပ်က သတ်မှတ်ထားတဲ့ လစာငွေစည်းမျဉ်းနဲ့ကိုက်ညီအောင်လို့ ကစားသမားတွေက သူတို့နဲ့အတူ ဝိုင်းဝန်းကူညီကြမယ်လို့ မျှော်လင့်နေတာပါ။
အခုအနေအထားအရ ဘာစီလိုနာအသင်းဟာ ကစားသမားတွေကို ပေးချေနေရတဲ့လစာငွေပမာဏထဲက ပေါင်(၁၅၆)သန်းအထိလျှော့ချဖို့ လိုအပ်နေပြီး
လာလီဂါအဖွဲ့ချုပ်က ပြီးခဲ့တဲ့ရာသီမှာ ဘာစီလိုနာအသင်းရဲ့လစာငွေပမာဏကို ပေါင်(၂၉၆)သန်းသုံးစွဲခွင့်ပြုခဲ့တာကနေ ဒီရာသီမှာတော့ ပေါင်(၁၃၆)သန်းသာ သုံးစွဲခွင့်ပြုခဲ့တာဖြစ်ပါတယ်။
အဲဒါကြောင့် ဘာစီလိုနာအသင်းဟာ သူတို့ရဲ့ကစားသမားတစ်ယောက်ချင်းစီကို အသင်းရဲ့ဘဏ္ဍာရေးအခြေအနေနဲ့ပတ်သက်ပြီး
အသေးစိတ်ဖော်ပြထားတဲ့ စာတစ်စောင်စီ ပေးခဲ့ပြီး အသင်းဘဏ္ဍာရေးအခြေအနေကို ကစားသမားတွေသိရှိမယ်ဆိုရင် လစာငွေလျှော့ယူပေးဖို့ သဘောတူညီမယ်လို့ ဘာစီလိုနာအသင်းက မျှော်လင့်နေတာပါ။
ဒါပေမဲ့ အရင်တစ်ခေါက်တုန်းက ဘာစီလိုနာအသင်း ကစားသမားတွေကို လစာငွေလျှော့ယူဖို့ တောင်းဆိုမှုက အဆင်မပြေခဲ့ဘဲ လစာငွေပမာဏ (၄၀%)လျှော့ယူဖို့ တောင်းဆိုခဲ့ပေမယ့် ကစားသမားအများစုက လက်မခံခဲ့ပါဘူး။
အဲဒီတောင်းဆိုမှုကို ပီကေး၊ ဒီယွန်း၊ တာစတီဂန်၊ လန်ဂလက်တို့က သဘောတူညီခဲ့ပေမယ့် ကျန်တဲ့ကစားသမားတွေက ငြင်းဆန်ခဲ့တာကြောင့် ဘာစီလိုနာအသင်းဟာ သူတို့ကစားသမားတွေကို အရင်လစာအတိုင်းပဲ စာချုပ်သက်တမ်းတိုးခဲ့ရတာဖြစ်ပါတယ်။
ဘာစီလိုနာအသင်းဟာ အခုအချိန်မှာ အဓိက,ကစားသမားမက်ဆီကို စာချုပ်သစ်ပြန်ချုပ်ဖို့ ပြင်ဆင်နေပြီး လာလီဂါက သတ်မှတ်ထားတဲ့ လစာစည်းမျဉ်းနဲ့ကိုက်မှ ကစားသမားသစ်တွေ စာရင်းသွင်းခွင့်ရမှာဖြစ်လို့ အဲဒီပြဿနာကို ဖြေရှင်းနိုင်အောင် အသည်းအသန်ကြိုးပမ်းနေရတာလည်းဖြစ်ပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
Zawgyi
စီနီယာကစားသမား(၄)ဦးကို လစာေငြေလွ်ာ့ယူဖို႔ ေတာင္းဆိုသြားမယ့္ ဘာစီလိုနာ
ဘ႑ာေရးအခက္အခဲေတြနဲ႔ ရင္ဆိုင္ေနရတဲ့ ဘာစီလိုနာအသင္းဟာ အသင္းရဲ႕စီနီယာကစားသမားတခ်ိဳ႕ကို လစာေငြေလွ်ာ့ယူဖို႔ စည္း႐ုံးေတာင္းဆိုသြားဖို႔ရွိေနၿပီး တကယ္လို႔အဆင္ေျပခဲ့ရင္ က်န္တဲ့ကစားသမားေတြကိုပါ လစာေငြေလွ်ာ့ယူဖို႔အတြက္ တိုက္တြန္းေပးဖို႔ ေတာင္းဆိုထားတယ္လို႔ သတင္းထြက္ေနပါတယ္။ ဘာစီလိုနာအသင္း အားကစားဒါ႐ိုက္တာျဖစ္သူမက္ေတးယူအလီမာနီဟာ စီနီယာကစားသမား(၄)ဦးျဖစ္တဲ့ ဆာဂ်ီေရာ္ဘတ္တို၊ ဘူးစကြက္စ္၊ ပီေကးနဲ႔ ေယာ္ဒီအယ္ဘာတို႔ရဲ႕ေအးဂ်င့္ေတြနဲ႔ ေတြ႕ဆုံၿပီး ဒီကိစၥကို ေဆြးေႏြးခဲ့တဲ့အေနအထားရွိပါတယ္။
ဘာစီလိုနာအသင္းဟာ ကမာၻတစ္ဝန္းလုံးက ကလပ္အသင္းေတြထဲမွာ ကစားသမားေတြကို လစာေငြေပးေခ်မႈအမ်ားဆုံးအျဖစ္ သတ္မွတ္ခံထားရတာျဖစ္ၿပီး လစာေငြျမင့္မားေနမႈကို ေလွ်ာ့ခ်ႏိုင္ဖို႔၊ လာလီဂါအဖြဲ႕ခ်ဳပ္က သတ္မွတ္ထားတဲ့ လစာေငြစည္းမ်ဥ္းနဲ႔ကိုက္ညီေအာင္လို႔ ကစားသမားေတြက သူတို႔နဲ႔အတူ ဝိုင္းဝန္းကူညီၾကမယ္လို႔ ေမွ်ာ္လင့္ေနတာပါ။ အခုအေနအထားအရ ဘာစီလိုနာအသင္းဟာ ကစားသမားေတြကို ေပးေခ်ေနရတဲ့လစာေငြပမာဏထဲက ေပါင္(၁၅၆)သန္းအထိေလွ်ာ့ခ်ဖို႔ လိုအပ္ေနၿပီး လာလီဂါအဖြဲ႕ခ်ဳပ္က ၿပီးခဲ့တဲ့ရာသီမွာ ဘာစီလိုနာအသင္းရဲ႕လစာေငြပမာဏကို ေပါင္(၂၉၆)သန္းသုံးစြဲခြင့္ျပဳခဲ့တာကေန ဒီရာသီမွာေတာ့ ေပါင္(၁၃၆)သန္းသာ သုံးစြဲခြင့္ျပဳခဲ့တာျဖစ္ပါတယ္။
အဲဒါေၾကာင့္ ဘာစီလိုနာအသင္းဟာ သူတို႔ရဲ႕ကစားသမားတစ္ေယာက္ခ်င္းစီကို အသင္းရဲ႕ဘ႑ာေရးအေျခအေနနဲ႔ပတ္သက္ၿပီး အေသးစိတ္ေဖာ္ျပထားတဲ့ စာတစ္ေစာင္စီ ေပးခဲ့ၿပီး အသင္းဘ႑ာေရးအေျခအေနကို ကစားသမားေတြသိရွိမယ္ဆိုရင္ လစာေငြေလွ်ာ့ယူေပးဖို႔ သေဘာတူညီမယ္လို႔ ဘာစီလိုနာအသင္းက ေမွ်ာ္လင့္ေနတာပါ။ ဒါေပမဲ့ အရင္တစ္ေခါက္တုန္းက ဘာစီလိုနာအသင္း ကစားသမားေတြကို လစာေငြေလွ်ာ့ယူဖို႔ ေတာင္းဆိုမႈက အဆင္မေျပခဲ့ဘဲ လစာေငြပမာဏ (၄၀%)ေလွ်ာ့ယူဖို႔ ေတာင္းဆိုခဲ့ေပမယ့္ ကစားသမားအမ်ားစုက လက္မခံခဲ့ပါဘူး။
အဲဒီေတာင္းဆိုမႈကို ပီေကး၊ ဒီယြန္း၊ တာစတီဂန္၊ လန္ဂလက္တို႔က သေဘာတူညီခဲ့ေပမယ့္ က်န္တဲ့ကစားသမားေတြက ျငင္းဆန္ခဲ့တာေၾကာင့္ ဘာစီလိုနာအသင္းဟာ သူတို႔ကစားသမားေတြကို အရင္လစာအတိုင္းပဲ စာခ်ဳပ္သက္တမ္းတိုးခဲ့ရတာျဖစ္ပါတယ္။ ဘာစီလိုနာအသင္းဟာ အခုအခ်ိန္မွာ အဓိက,ကစားသမားမက္ဆီကို စာခ်ဳပ္သစ္ျပန္ခ်ဳပ္ဖို႔ ျပင္ဆင္ေနၿပီး လာလီဂါက သတ္မွတ္ထားတဲ့ လစာစည္းမ်ဥ္းနဲ႔ကိုက္မွ ကစားသမားသစ္ေတြ စာရင္းသြင္းခြင့္ရမွာျဖစ္လို႔ အဲဒီျပႆနာကို ေျဖရွင္းႏိုင္ေအာင္ အသည္းအသန္ႀကိဳးပမ္းေနရတာလည္းျဖစ္ပါတယ္။