စိုးရိမ်စရာကောင်းလာတဲ့ အင်္ဂလန်လူစာရင်းကနေ ဂရင်းဝုဒ် ချန်လှပ်ခံခဲ့ရတဲ့အကြောင်းရင်း

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ယူနိုက်တက်အသင်းတိုက်စစ်မှူး မေဆင်ဂရင်းဝုဒ်ဟာ နည်းပြဆိုးလ်ရှားရဲ့တောင်းဆိုမှုကြောင့် အင်္ဂလန်အသင်းမှာ ရွေးချယ်မခံခဲ့ရတာကြောင့်ဖြစ်ကြောင်း သိရပါတယ်။

ဂရင်းဝုဒ်ဟာ ပြီးခဲ့တဲ့ရာသီက ယူနိုက်တက်အသင်းမှာ ပါဝင်ခွင့်ရခဲ့ပြီးနောက် အဓိကကစားသမားတစ်ဦးအဖြစ် ခြေစွမ်းပြနိုင်ခဲ့ပေမယ့် ဒီရာသီမှာတော့ ကွင်းပြင်ပပြဿနာတွေကြောင့် ပုံမှန်ပွဲထွက်ခွင့်ဆုံးရှုံးနေရပါတယ်။

The Athletic သတင်းဌာနရဲ့ ဖော်ပြချက်အရ ဆိုးလ်ရှားဟာ ဂရင်းဝုဒ်နဲ့ပတ်သက်လို့ အင်္ဂလန်အသင်းနည်းပြ ဆောက်ဂိတ်နဲ့ ဆွေးနွေးခဲ့ပြီး အသက် ၁၉ နှစ်အရွယ်ရှိ ဂရင်းဝုဒ်အနေနဲ့ နိုင်ငံတကာရက်သတ္တပတ်ကာလအတွင်း အသင်းရဲ့လေ့ကျင့်ရေးကွင်း ကာရင်တန်မှာ ထရိန်နင်ဆင်းဖို့ ပြန်လည်အာရုံစိုက်ရမှာဖြစ်တယ်လို့ ဆောက်ဂိတ်ကို အသိပေးခဲ့ကြောင်း သိရပါတယ်။

ဂရင်းဝုဒ်ဟာ စနေနေ့က အဲဗာတန်ကို ၁-၃ ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲမှာ ပါဝင်ခွင့်ဆုံးရှုံးခဲ့ရပြီး သူမပါဝင်နိုင်တာက နေမကောင်းဖြစ်နေတာကြောင့်လို့ သိရပါတယ်။

ဒါပေမဲ့ ဂရင်းဝုဒ်ဟာ သောကြာနေ့က ပြုလုပ်တဲ့ထရိန်နင်အစီအစဉ်မှာ လုပ်ချင်ကိုင်ချင်စိတ်မရှိ၊ နုံးနေတဲ့ပုံစံဖြစ်ခဲ့ပြီး အသင်းတာဝန်ရှိသူတွေက အိပ်ရေး၀၀မအိပ်တာကြောင့် အခုလိုဖြစ်နေရတာလို့ ယူဆနေပါတယ်။

နောက်ပြီး ယူနိုက်တက်အသင်းတာဝန်ရှိသူတွေဟာ အင်္ဂလန်အသင်းမှာ သူနောက်ဆုံးပါဝင်ကစားခဲ့တုန်းက ဖြစ်ရပ်မျိုး ပြန်ဖြစ်လာမှာကို စိုးရိမ်နေပြီး အဲဒီတုန်းက သူနဲ့ဖီးလ်ဖိုဒန်တို့ဟာ ကိုရိုနာဗိုင်းရပ်စ်စည်းမျဉ်းတွေကို ချိုးဖောက်ကာ ဟိုတယ်အခန်းထဲ မိန်းကလေးတွေ ခေါ်သွင်းခဲ့လို့ အိုက်စလန်ကနေ အိမ်ပြန်ပို့ခြင်းခံခဲ့ရပါတယ်။

ယူနိုက်တက်ကတော့ ဂရင်းဝုဒ်နဲ့ပတ်သက်လို့ မျှော်လင့်ချက်ကို မစွန့်လွှတ်ဘဲ သူ့အနေနဲ့ ကမ္ဘာ့အဆင့်ကစားသမားဖြစ်လာလိမ့်မယ်လို့ ယုံကြည်နေပါတယ်။

သူဟာ ပြီးခဲ့တဲ့ရာသီက ပြိုင်ပွဲစုံ ၁၇ ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီး ယူနိုက်တက်လည်း ပရီးမီးယားလိဂ်မှာ တတိယနေရာရရှိခဲ့သလို ဖလားပြိုင်ပွဲ ၃ခုမှာလည်း ဆီမီးဖိုင်နယ်အထိ တက်ရောက်နိုင်ခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

စိုးရိမ္စရာေကာင္းလာတဲ့ အဂၤလန္လူစာရင္းကေန ဂရင္း၀ုဒ္ ခ်န္လွပ္ခံခဲ့ရတ့ဲအေၾကာင္းရင္း

ယူႏုိက္တက္အသင္းတုိက္စစ္မွဴး ေမဆင္ဂရင္း၀ုဒ္ဟာ နည္းျပဆုိးလ္ရွားရဲ႕ေတာင္းဆိုမႈေၾကာင့္ အဂၤလန္အသင္းမွာ ေရြးခ်ယ္မခံခဲ့ရတာေၾကာင့္ျဖစ္ေၾကာင္း သိရပါတယ္။

ဂရင္း၀ုဒ္ဟာ ၿပီးခဲ့တဲ့ရာသီက ယူႏုိက္တက္အသင္းမွာ ပါ၀င္ခြင့္ရခဲ့ၿပီးေနာက္ အဓိကကစားသမားတစ္ဦးအျဖစ္ ေျခစြမ္းျပနိုင္ခဲ့ေပမယ့္ ဒီရာသီမွာေတာ့ ကြင္းျပင္ပျပႆနာေတြေၾကာင့္ ပုံမွန္ပြဲထြက္ခြင့္ဆုံး႐ံႈးေနရပါတယ္။

The Athletic သတင္းဌာနရဲ႕ ေဖာ္ျပခ်က္အရ ဆုိးလ္ရွားဟာ ဂရင္း၀ုဒ္နဲ႔ပတ္သက္လုိ႔ အဂၤလန္အသင္းနည္းျပ ေဆာက္ဂိတ္နဲ႔ ေဆြးေႏြးခဲ့ၿပီး အသက္ ၁၉ ႏွစ္အရြယ္ရွိ ဂရင္း၀ုဒ္အေနနဲ႔ ႏိုင္ငံတကာရက္သတၱပတ္ကာလအတြင္း အသင္းရဲ႕ေလ့က်င့္ေရးကြင္း ကာရင္တန္မွာ ထရိန္နင္ဆင္းဖို႔ ျပန္လည္အာ႐ုံစုိက္ရမွာျဖစ္တယ္လုိ႔ ေဆာက္ဂိတ္ကို အသိေပးခဲ့ေၾကာင္း သိရပါတယ္။

ဂရင္း၀ုဒ္ဟာ စေနေန႔က အဲဗာတန္ကို ၁-၃ ဂိုးနဲ႔အႏိုင္ရခဲ့တဲ့ပြဲမွာ ပါ၀င္ခြင့္ဆုံး႐ံႈးခဲ့ရၿပီး သူမပါ၀င္ႏိုင္တာက ေနမေကာင္းျဖစ္ေနတာေၾကာင့္လုိ႔ သိရပါတယ္။

ဒါေပမဲ့ ဂရင္း၀ုဒ္ဟာ ေသာၾကာေန႔က ျပဳလုပ္တ့ဲထရိန္နင္အစီအစဥ္မွာ လုပ္ခ်င္ကိုင္ခ်င္စိတ္မရွိ၊ ႏုံးေနတဲ့ပုံစံျဖစ္ခဲ့ၿပီး အသင္းတာ၀န္ရွိသူေတြက အိပ္ေရး၀၀မအိပ္တာေၾကာင့္ အခုလိုျဖစ္ေနရတာလုိ႔ ယူဆေနပါတယ္။

ေနာက္ၿပီး ယူႏုိက္တက္အသင္းတာ၀န္ရွိသူေတြဟာ အဂၤလန္အသင္းမွာ သူေနာက္ဆုံးပါ၀င္ကစားခဲ့တုန္းက ျဖစ္ရပ္မ်ိဳး ျပန္ျဖစ္လာမွာကို စိုးရိမ္ေနၿပီး အဲဒီတုန္းက သူနဲ႔ဖီးလ္ဖိုဒန္တုိ႔ဟာ ကို႐ိုနာဗိုင္းရပ္စ္စည္းမ်ဥ္းေတြကို ခ်ိဳးေဖာက္ကာ ဟုိတယ္အခန္းထဲ မိန္းကေလးေတြ ေခၚသြင္းခဲ့လုိ႔ အုိက္စလန္ကေန အိမ္ျပန္ပို႔ျခင္းခံခဲ့ရပါတယ္။

ယူႏုိက္တက္ကေတာ့ ဂရင္း၀ုဒ္နဲ႔ပတ္သက္လုိ႔ ေမွ်ာ္လင့္ခ်က္ကုိ မစြန္႔လႊတ္ဘဲ သူ႕အေနနဲ႔ ကမၻာ့အဆင့္ကစားသမားျဖစ္လာလိမ့္မယ္လုိ႔ ယုံၾကည္ေနပါတယ္။

သူဟာ ၿပီးခဲ့တဲ့ရာသီက ၿပိဳင္ပြဲစုံ ၁၇ ဂိုးအထိ သြင္းယူႏုိင္ခဲ့ၿပီး ယူႏုိက္တက္လည္း ပရီးမီးယားလိဂ္မွာ တတိယေနရာရရွိခဲ့သလို ဖလားၿပိဳင္ပဲြ ၃ခုမွာလည္း ဆီမီးဖို္င္နယ္အထိ တက္ေရာက္ႏိုင္ခဲ့ပါတယ္။