စိတ်မကောင်းဖြစ်ရတာတွေကို ခွေးလေးနဲ့ လမ်းလျှောက်ထွက် ဖြေသိမ့်နေတဲ့ လမ်းပတ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

နည်းပြရာထူးကနေ အထုတ်ခံရတာ ဘယ်သူမှတော့ ပျော်မယ်မထင်ပါဘူး။ ကြုံလာတဲ့ ဒုက္ခတွေ၊ စိတ်ညစ်မှုတွေကို တတ်နိုင်သလောက် ရင်ဆိုင်ဖြေရှင်းကြရတာပါပဲ။ မကြာသေးခင်တုန်းကမှ နည်းပြအလုပ်ပြုတ်ခဲ့တဲ့ လမ်းပတ်တစ်ယောက်လည်း လန်ဒန်မြို့ရဲ့လမ်းမထက်မှာ စိတ်ညစ်မှုတွေ စိတ်သောကရှိမှုတွေကို ဖြေဖျောက်နေပါတယ်။

အပြင်ပန်းကကြည့်ရင်တော့ အေးစက်ငြိမ်သက်ဟန်ရှိပေမယ့် ရင်ထဲမှာတော့ လမ်းပတ်တစ်ယောက် ဗလောင်ဆူနေမှာပါ။ ခွေးလေးတစ်ကောင်ကိုကြိုးနဲ့ဆွဲကာ စိတ်အပန်းဖြေနေတဲ့ နည်းပြလမ်းပတ်ရဲ့ ပုံရိပ်ဟာ သူ့ကို ချစ်ခင်သူတွေအတွက်တော့ ဝမ်းနည်းဖွယ် ဖြစ်ကောင်းဖြစ်စေနိုင်ပါတယ်။

လမ်းပတ်ကို မကြိုက်တဲ့သူရှိသလို၊ ကြိုက်တဲ့သူလည်းရှိပါတယ်။ လမ်းပတ်ကို ချယ်လ်ဆီးအသင်းက အလောတကြီး ထုတ်ပယ်လိုက်တယ်ဆိုပြီး ပြီးခဲ့တဲ့ရက်ပိုင်းက ပရိသတ်တချို့ကတော့ အမျက်ထွက်ခဲ့ကြကာ၊ စတန်းဖို့ဘရစ်ချ်မှာ ဆန္ဒပြခဲ့ကြပါတယ်။

ချယ်လ်ဆီးအသင်းဟာ အင်္ဂလန်သားကြီးကို နောက်ဆုံး ပြိုင်ပွဲစုံ ၁၀ ပွဲမှာ နိုင်ပွဲ ၄ ပွဲသာ ရတဲ့နောက် ထုတ်ပယ်ဖြစ်ခဲ့တာ ဖြစ်ပါတယ်။ လမ်းပတ် ဟာ အသင်း ပိုင်ရှင် အေဗရာမိုဗစ်ချ် လက်လွှဲယူပြီး ၁၈ နှစ် အတွင်း ၁၄ ယောက်မြောက် ထုတ်ခံရတဲ့ နည်းပြလည်း ဖြစ်လာပါတယ်။

လမ်းပတ်ကတော့ ရာထူးကနေ စွန့်ခွာခဲ့ရပေမယ့် နောက်တက်လာတဲ့ တူချယ်ကိုတော့ ဂုဏ်ပြုစကားတွေ မပျက်မကွက်ပြောခဲ့ပါတယ်။ လူပီသတဲ့၊ စိတ်သဘောထားကြီးတဲ့ ၊ နေရာတစ်ခုရယူလွဲပြောင်းတဲ့ အကြောင်းကို ကောင်းကောင်းသဘောပေါက်တဲ့ သွင်ပြင်တွေ လမ်းပတ်ဆီမှာရှိပါတယ်။

ကစားသမားဘဝမှာ ချယ်လ်ဆီးအသင်းအတွက် Legendဖြစ်ခဲ့သူ၊ ချယ်လ်ဆီးအသင်းမှာ ကွင်းလယ်လူတစ်ဦးဖြစ်ခဲ့ပေမယ့် အသင်းရဲ့ဂိုးသွင်းအများဆုံးကစားသမားဖြစ်ခဲ့သူ လမ်းပတ် တစ်ယောက် နည်းပြလောကထဲ ပြန်လာမယ့်နေ့ကို သူ့ရဲ့ ပရိသတ်တွေကတော့ စောင့်မျှော်နေပါတယ်။ လမ်းပတ်ပျော်ရွှင်ကံကောင်းပါစေ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

စိတ္မေကာင္းျဖစ္ရတာေတြကို ေခြးေလးနဲ႔ လမ္းေလွ်ာက္ထြက္ ေျဖသိမ့္ေနတဲ့ လမ္းပတ္

နည္းျပရာထူးကေန အထုတ္ခံရတာ ဘယ္သူမွေတာ့ ေပ်ာ္မယ္မထင္ပါဘူး။ ႀကဳံလာတဲ့ ဒုကၡေတြ၊ စိတ္ညစ္မႈေတြကို တတ္ႏိုင္သေလာက္ ရင္ဆိုင္ေျဖရွင္းၾကရတာပါပဲ။ မၾကာေသးခင္တုန္းကမွ နည္းျပအလုပ္ျပဳတ္ခဲ့တဲ့ လမ္းပတ္တစ္ေယာက္လည္း လန္ဒန္ၿမိဳ႕ရဲ႕လမ္းမထက္မွာ စိတ္ညစ္မႈေတြ စိတ္ေသာကရွိမႈေတြကို ေျဖေဖ်ာက္ေနပါတယ္။

အျပင္ပန္းကၾကည့္ရင္ေတာ့ ေအးစက္ၿငိမ္သက္ဟန္ရွိေပမယ့္ ရင္ထဲမွာေတာ့ လမ္းပတ္တစ္ေယာက္ ဗေလာင္ဆူေနမွာပါ။ ေခြးေလးတစ္ေကာင္ကိုႀကိဳးနဲ႔ဆြဲကာ စိတ္အပန္းေျဖေနတဲ့ နည္းျပလမ္းပတ္ရဲ႕ ပုံရိပ္ဟာ သူ႔ကို ခ်စ္ခင္သူေတြအတြက္ေတာ့ ဝမ္းနည္းဖြယ္ ျဖစ္ေကာင္းျဖစ္ေစႏိုင္ပါတယ္။ လမ္းပတ္ကို မႀကိဳက္တဲ့သူရွိသလို၊ ႀကိဳက္တဲ့သူလည္းရွိပါတယ္။ လမ္းပတ္ကို ခ်ယ္လ္ဆီးအသင္းက အေလာတႀကီး ထုတ္ပယ္လိုက္တယ္ဆိုၿပီး ၿပီးခဲ့တဲ့ရက္ပိုင္းက ပရိသတ္တခ်ိဳ႕ကေတာ့ အမ်က္ထြက္ခဲ့ၾကကာ၊ စတန္းဖို႔ဘရစ္ခ်္မွာ ဆႏၵျပခဲ့ၾကပါတယ္။

ခ်ယ္လ္ဆီးအသင္းဟာ အဂၤလန္သားႀကီးကို ေနာက္ဆုံး ၿပိဳင္ပြဲစုံ ၁၀ ပြဲမွာ ႏိုင္ပြဲ ၄ ပြဲသာ ရတဲ့ေနာက္ ထုတ္ပယ္ျဖစ္ခဲ့တာ ျဖစ္ပါတယ္။ လမ္းပတ္ ဟာ အသင္း ပိုင္ရွင္ ေအဗရာမိုဗစ္ခ်္ လက္လႊဲယူၿပီး ၁၈ ႏွစ္ အတြင္း ၁၄ ေယာက္ေျမာက္ ထုတ္ခံရတဲ့ နည္းျပလည္း ျဖစ္လာပါတယ္။ လမ္းပတ္က​ေတာ့ ရာထူးက​ေန စြန္႔ခြာခဲ့ရ​ေပမယ့္ ​ေနာက္တက္လာတဲ့ တူခ်ယ္ကို​ေတာ့ ဂုဏ္ျပဳစကား​ေတြ မပ်က္မကြက္​ေျပာခဲ့ပါတယ္။ လူပီသတဲ့၊ စိတ္သ​ေဘာထားႀကီးတဲ့ ၊ ​ေနရာတစ္ခုရယူလြဲ​ေျပာင္းတဲ့ အ​ေၾကာင္းကို ​ေကာင္း​ေကာင္းသ​ေဘာ​ေပါက္တဲ့ သြင္ျပင္​ေတြ လမ္းပတ္ဆီမွာရွိပါတယ္။

ကစားသမားဘဝမွာ ခ်ယ္လ္ဆီးအသင္းအတြက္ Legendျဖစ္ခဲ့သူ၊ ခ်ယ္လ္ဆီးအသင္းမွာ ကြင္းလယ္လူတစ္ဦးျဖစ္ခဲ့ေပမယ့္ အသင္းရဲ႕ဂိုးသြင္းအမ်ားဆုံးကစားသမားျဖစ္ခဲ့သူ လမ္းပတ္ တစ္​ေယာက္ နည္းျပ​ေလာကထဲ ျပန္လာမယ့္​ေန႔ကို သူ႔ရဲ႕ ပရိသတ္​ေတြက​ေတာ့ ​​ေစာင့္​​ေမွ်ာ္​ေနပါတယ္။ လမ္းပတ္​ေပ်ာ္႐ႊင္ကံ​ေကာင္းပါ​ေစ။