





၂၀၂၂ ကမ္ဘာ့ဖလားအိမ်ရှင် ကာတာအသင်းဟာ အုပ်စုနောက်ဆုံးပွဲမှာ
နယ်သာလန်ကို (၂-ဝ)ဂိုးနဲ့ ရှုံးနိမ့်ပြီးတဲ့နောက် စံချိန်မှတ်တမ်းဆိုးတွေနဲ့





ကမ္ဘာ့ဖလားပြိုင်ပွဲကို လက်ပြနှုတ်ဆက်လိုက်ရပြီဖြစ်ပါတယ်။
ကာတာအသင်းဟာ အခု ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အဆင့်တစ်ခု
ရောက်နိုင်ဖို့အတွက် လွန်ခဲ့တဲ့ (၄)နှစ်လောက်ကတည်းက





လူငယ်ကစားသမားတွေကို စနစ်တကျ မွေးမြူခဲ့သလို ဘာစီလိုနာ
လူငယ်အသင်းနည်းပြဟောင်းဖြစ်သူ စပိန်လူမျိုးဖိလစ်ဆန်းချက်ဇ်ကို





ကာတာယူ-၁၉၊ ယူ-၂၃ အသင်းတွေအတွက် နည်းပြအဖြစ်ခန့်အပ်ခဲ့ပြီး
၂၀၁၇ ခုနှစ်မှာ လက်ရွေးစင်အသင်းကြီးနည်းပြရာထူးပေးအပ်ခဲ့ပါတယ်။
လက်ရှိ ကာတာအသင်းရဲ့ စီနီယာကစားသမားအများစုဟာ





ဖိလစ်ဆန်းချက်ဇ်နဲ့ လူငယ်အသင်းတွေမှာ လက်တွဲခဲ့ကြတာဖြစ်ပြီး
ဒီလိုမျိုး အချိန်ယူပြင်ဆင်ခဲ့တဲ့ ကာတာအသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ





အုပ်စုလောက်တော့ ကျော်ဖြတ်နိုင်မယ်လို့ ပရိသတ်တွေက
မျှော်လင့်ချက်ထားခဲ့ကြပါတယ်။ ဒါပေမဲ့လည်း ကာတာအသင်းဟာ
အုပ်စုအဖွင့်ပွဲမှာ အီကွေဒေါအသင်းကို (၂-ဝ)ဂိုးနဲ့ ရှုံးနိမ့်ခဲ့တာကြောင့်





ကမ္ဘာ့ဖလားပြိုင်ပွဲသမိုင်းတစ်လျှောက် အုပ်စုအဖွင့်ပွဲ ရှုံးနိမ့်တဲ့
ပထမဆုံးအိမ်ရှင်အသင်းအဖြစ် မှတ်တမ်းဆိုး စတင်ပိုင်ဆိုင်ခဲ့ရပါတယ်။





အုပ်စုဒုတိယပွဲဖြစ်တဲ့ ဆီနီဂေါနဲ့ပွဲမှာ (၃-၁)ဂိုးနဲ့ ထပ်ပြီး ရှုံးနိမ့်ခဲ့တာကြောင့်
(၂)ပွဲကစားအပြီးမှာ အုပ်စုကနေ စောစောစီးစီး ထွက်လိုက်ရတဲ့
ပထမဆုံးအိမ်ရှင်အဖြစ် မှတ်တမ်းဝင်ခဲ့သလို နောက်ဆုံးပွဲမှာလည်း





နယ်သာလန်ကို (၂-ဝ)ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့အတွက် ပွဲတိုင်းရှုံးပြီးတော့
အုပ်စုအဆင့်ကို မကျော်ဖြတ်နိုင်တဲ့ အိမ်ရှင်အဖြစ် စံချိန်ဆိုး





ပိုင်ဆိုင်ခဲ့ရပြန်ပါတယ်။ ကာတာမတိုင်ခင် ကမ္ဘာ့ဖလားအိမ်ရှင်တွေထဲမှာ
အုပ်စုကနေ လှည့်ပြန်ရတာက ၂၀၁၀ ကမ္ဘာ့ဖလားတုန်းက တောင်အာဖရိက
တစ်သင်းသာရှိခဲ့ပေမယ့် တောင်အာဖရိကအသင်းတောင် ကာတာလောက်





အခြေအနေမဆိုးဘဲ အုပ်စုနောက်ဆုံးပွဲမှာ နာမည်ကြီးပြင်သစ်ကို
အနိုင်ယူခဲ့ပြီး (၁)ပွဲနိုင်၊ (၁)ပွဲသရေ၊ (၁)ပွဲရှုံး၊ (၄)မှတ်နဲ့အုပ်စုကထွက်ခဲ့ရတာဖြစ်ပါတယ်။





zawgyi
စိတ္ပ်က္စရာ စံခ်ိန္မွတ္တမ္းဆိုးေတြနဲ႔ အိမ္ရွင္ကာတာအသင္း ကမာၻ႔ဖလားၿပိဳင္ပြဲကို လက္ျပႏႈတ္ဆက္ခဲ့ရ





၂၀၂၂ ကမာၻ႔ဖလားအိမ္ရွင္ ကာတာအသင္းဟာ အုပ္စုေနာက္ဆုံးပြဲမွာ
နယ္သာလန္ကို (၂-ဝ)ဂိုးနဲ႔ ရႈံးနိမ့္ၿပီးတဲ့ေနာက္ စံခ်ိန္မွတ္တမ္းဆိုးေတြနဲ႔





ကမာၻ႔ဖလားၿပိဳင္ပြဲကို လက္ျပႏႈတ္ဆက္လိုက္ရၿပီျဖစ္ပါတယ္။
ကာတာအသင္းဟာ အခု ကမာၻ႔ဖလားၿပိဳင္ပြဲမွာ အဆင့္တစ္ခု
ေရာက္ႏိုင္ဖို႔အတြက္ လြန္ခဲ့တဲ့ (၄)ႏွစ္ေလာက္ကတည္းက





လူငယ္ကစားသမားေတြကို စနစ္တက် ေမြးျမဴခဲ့သလို ဘာစီလိုနာ
လူငယ္အသင္းနည္းျပေဟာင္းျဖစ္သူ စပိန္လူမ်ိဳးဖိလစ္ဆန္းခ်က္ဇ္ကို





ကာတာယူ-၁၉၊ ယူ-၂၃ အသင္းေတြအတြက္ နည္းျပအျဖစ္ခန႔္အပ္ခဲ့ၿပီး
၂၀၁၇ ခုႏွစ္မွာ လက္ေ႐ြးစင္အသင္းႀကီးနည္းျပရာထူးေပးအပ္ခဲ့ပါတယ္။
လက္ရွိ ကာတာအသင္းရဲ႕ စီနီယာကစားသမားအမ်ားစုဟာ





ဖိလစ္ဆန္းခ်က္ဇ္နဲ႔ လူငယ္အသင္းေတြမွာ လက္တြဲခဲ့ၾကတာျဖစ္ၿပီး
ဒီလိုမ်ိဳး အခ်ိန္ယူျပင္ဆင္ခဲ့တဲ့ ကာတာအသင္းဟာ ကမာၻ႔ဖလားၿပိဳင္ပြဲမွာ





အုပ္စုေလာက္ေတာ့ ေက်ာ္ျဖတ္ႏိုင္မယ္လို႔ ပရိသတ္ေတြက
ေမွ်ာ္လင့္ခ်က္ထားခဲ့ၾကပါတယ္။ ဒါေပမဲ့လည္း ကာတာအသင္းဟာ
အုပ္စုအဖြင့္ပြဲမွာ အီေကြေဒါအသင္းကို (၂-ဝ)ဂိုးနဲ႔ ရႈံးနိမ့္ခဲ့တာေၾကာင့္





ကမာၻ႔ဖလားၿပိဳင္ပြဲသမိုင္းတစ္ေလွ်ာက္ အုပ္စုအဖြင့္ပြဲ ရႈံးနိမ့္တဲ့
ပထမဆုံးအိမ္ရွင္အသင္းအျဖစ္ မွတ္တမ္းဆိုး စတင္ပိုင္ဆိုင္ခဲ့ရပါတယ္။





အုပ္စုဒုတိယပြဲျဖစ္တဲ့ ဆီနီေဂါနဲ႔ပြဲမွာ (၃-၁)ဂိုးနဲ႔ ထပ္ၿပီး ရႈံးနိမ့္ခဲ့တာေၾကာင့္
(၂)ပြဲကစားအၿပီးမွာ အုပ္စုကေန ေစာေစာစီးစီး ထြက္လိုက္ရတဲ့
ပထမဆုံးအိမ္ရွင္အျဖစ္ မွတ္တမ္းဝင္ခဲ့သလို ေနာက္ဆုံးပြဲမွာလည္း





နယ္သာလန္ကို (၂-ဝ)ဂိုးနဲ႔ ရႈံးနိမ့္ခဲ့တဲ့အတြက္ ပြဲတိုင္းရႈံးၿပီးေတာ့
အုပ္စုအဆင့္ကို မေက်ာ္ျဖတ္ႏိုင္တဲ့ အိမ္ရွင္အျဖစ္ စံခ်ိန္ဆိုး





ပိုင္ဆိုင္ခဲ့ရျပန္ပါတယ္။ ကာတာမတိုင္ခင္ ကမာၻ႔ဖလားအိမ္ရွင္ေတြထဲမွာ
အုပ္စုကေန လွည့္ျပန္ရတာက ၂၀၁၀ ကမာၻ႔ဖလားတုန္းက ေတာင္အာဖရိက
တစ္သင္းသာရွိခဲ့ေပမယ့္ ေတာင္အာဖရိကအသင္းေတာင္ ကာတာေလာက္





အေျခအေနမဆိုးဘဲ အုပ္စုေနာက္ဆုံးပြဲမွာ နာမည္ႀကီးျပင္သစ္ကို
အႏိုင္ယူခဲ့ၿပီး (၁)ပြဲႏိုင္၊ (၁)ပြဲသေရ၊ (၁)ပြဲရႈံး၊ (၄)မွတ္နဲ႔အုပ္စုကထြက္ခဲ့ရတာျဖစ္ပါတယ္။