စိတ်ပျက်စရာမှတ်တမ်းဆိုးတွေပိုင်ဆိုင်ခဲ့တဲ့ ယူနိုက်တက်၊ စံချိန်မှတ်တမ်းကောင်းတွေရယူခဲ့တဲ့ လီဗာပူးလ်နဲ့ဆာလာ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မန်ချက်စတာယူနိုက်တက်အသင်းဟာ ပရီးမီးယားလိဂ်ပွဲစဉ်(၉)အဖြစ် လီဗာပူးလ်နဲ့ကစားခဲ့တဲ့ပွဲမှာ (၅-ဝ)ဂိုးဆိုတဲ့ရလဒ်နဲ့ရှုံးနိမ့်ခဲ့ပြီး

စိတ်ပျက်စရာကောင်းတဲ့မှတမ်းဆိုးတွေပိုင်ဆိုင်ခဲ့ပေမယ့် ဟက်ထရစ်နဲ့အတူခြေစွမ်းပြခဲ့တဲ့ဆာလာနဲ့

လီဗာပူးလ်အသင်းတို့ကတော့ စံချိန်မှတ်တမ်းကောင်းတွေပိုင်ဆိုင်ခဲ့ကြပါတယ်။

ယူနိုက်တက်အသင်းဟာ ပထမပိုင်းအပြီးမှာပဲ (၄)ဂိုးပြတ်ရှုံးနိမ့်ခဲ့တာကြောင့် ၁၉၅၁ ခုနှစ်နောက်ပိုင်း နှစ်ပေါင်း(၇၀)အတွင်း

ပထမဆုံးအကြိမ်အဖြစ် ပြိုင်ဘက်အသင်းကို ပထမပိုင်းမှာ(၄)ဂိုးပြတ်နဲ့ရှုံးနိမ့်ခဲ့တာဖြစ်ပြီး

အသင်းရဲ့ပရီးမီးယားလိဂ်သမိုင်းမှာတော့ ဒါက ပထမဆုံးပါပဲ။

ဒါ့အပြင် လီဗာပူးလ်ကို (၅)ဂိုးပြတ်ရှုံးနိမ့်ခဲ့တာက ယူနိုက်တက်အသင်းအတွက် အိုးလ်ထရက်ဖို့ဒ်မှာအကြီးမားဆုံးရှုံးပွဲဖြစ်ခဲ့သလို

၁၉၅၅၊ ဖေဖော်ဝါရီလတုန်းက မန်စီးတီးအသင်းနဲ့အိမ်ကွင်းပွဲမှာ(၅-ဝ)ဂိုးပြတ်ရှုံးနိမ့်ခဲ့ပြီးတဲ့နောက်

(၆၆)နှစ်အကြာမှာ (၅)ဂိုးပြတ်ရှုံးပွဲနဲ့ပြန်လည်ရင်ဆိုင်ခဲ့တာဖြစ်ပါတယ်။

အခုပွဲမှာ အနီကတ်နဲ့အထုတ်ခံခဲ့ရတဲ့ပေ့ါဘာဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲတစ်လျှောက်

ယူနိုက်တက်-လီဗာပူးလ်ပွဲမှာအနီကတ်အပြခံခဲ့ရတဲ့ (၁၇)ယောက်မြောက်ကစားသမားဖြစ်ခဲ့ပြီး

ယူနိုက်တက်-လီဗာပူးလ်ပွဲထက်အနီကတ်အရေအတွက်ပိုများတာက

အဲဗာတန်-လီဗာပူးလ်တို့ရဲ့မာဆေးဆိုက်ဒါဘီ (၂၂ယောက်)ပွဲသာရှိပါတော့တယ်။

ဒီပွဲမှာ ယူနိုက်တက်အသင်းကို ဟက်ထရစ်သွင်းယူခဲ့တဲ့ လီဗာပူးလ်တိုက်စစ်ကစားသမားဆာလာကတော့

၂၀၀၃၊ ဧပြီလတုန်းက ချန်ပီယံလိဂ်ပွဲမှာ ရီးယဲလ်နာမည်ကျော်တိုက်စစ်မှူးဟောင်းရော်နယ်လ်ဒိုနောက်ပိုင်း

(၁၈)နှစ်အတွင်း အိုးလ်ထရက်ဖို့ဒ်ကွင်းမှာ ဟက်ထရစ်သွင်းယူနိုင်ခဲ့တဲ့ ပထမဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါပြီ။

ဒါ့အပြင် ဆာလာဟာ အခုဟက်ထရစ်ကြောင့် သူ့ရဲ့ပရီးမီးယားလိဂ်သွင်းဂိုးအရေအတွက်က (၁၀၆)ဂိုးအထိရှိလာပြီး

ချယ်လ်ဆီးဂန္ထဝင်တိုက်စစ်မှူးဒရော့ဘာ(၁၀၄ဂိုး)ကို ကျော်ဖြတ်ပြီးတော့

ပရီးမီးယားလိဂ်မှာသွင်းဂိုးအများဆုံးအာဖရိက,ကစားသမားအဖြစ် စံချိန်တင်နိုင်ခဲ့ပြီဖြစ်ပါတယ်။

အခုဆိုရင် လီဗာပူးလ်အသင်းအတွက် ဆာလာ ပြိုင်ပွဲစုံ(၁၀)ပွဲဆက်တိုက်ဂိုးသွင်းနိုင်ခဲ့ပြီဖြစ်သလို

ယူနိုက်တက်အသင်းနဲ့ကစားခဲ့တဲ့အိုးလ်ထရက်ဖို့ဒ်နောက်ဆုံး(၃)ပွဲဆက်ဂိုးသွင်းယူခဲ့တဲ့

ပထမဆုံးလီဗာပူးလ်ကစားသမား၊ တိုက်စစ်မှူးဟောင်းစတာရစ်ချ်(၈ပွဲ-၂၀၁၃ နိုဝင်ဘာမှ ၂၀၁၄ ဖေဖော်ဝါရီ)ပြီးရင်

ပရီးမီးယားလိဂ်မှာ(၇)ပွဲဆက်တိုက်ဂိုးသွင်းယူခဲ့သူအဖြစ်လည်း ရပ်တည်နိုင်ခဲ့ပါတယ်။

လီဗာပူးလ်အသင်းဟာ ဝက်ဖို့ဒ်၊ ယူနိုက်တက်တို့ကို (၅-ဝ)ဂိုးပြတ်တွေနဲ့ဆက်တိုက်အနိုင်ရခဲ့တဲ့အတွက်

အင်္ဂလန်အမှတ်ပေးပြိုင်ပွဲသမိုင်းတစ်လျှောက် ယူနိုက်တက်အသင်း(၁၉၆၀၊ ဖေဖော်ဝါရီ/မတ်)နောက်ပိုင်း

အမှတ်ပေးပြိုင်ပွဲအဝေးကွင်းနှစ်ပွဲဆက်(၅)ဂိုးနဲ့အထက်သွင်းယူခဲ့တဲ့ ဒုတိယယမြောက်အသင်းဖြစ်လာပြီး

သူတို့အသင်းသမိုင်းမှာတော့ ၁၉၃၅၊ ဧပြီလတုန်းက စတုတ်စီးတီး(၅-ဝဂိုး)၊ ချယ်လ်ဆီး(၆-ဝဂိုး)တို့ကို ဂိုးပြတ်အနိုင်ရခဲ့အပြီး

(၈၆)နှစ်အတွင်း ဒုတိယအကြိမ်မြောက် အဝေးကွင်းနှစ်ပွဲဆက်(၅)ဂိုးနဲ့အထက်နိုင်ပွဲရယူခဲ့တာဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

စိတ္ပ်က္စရာမွတ္တမ္းဆိုးေတြပိုင္ဆိုင္ခဲ့တဲ့ ယူႏိုက္တက္၊ စံခ်ိန္မွတ္တမ္းေကာင္းေတြရယူခဲ့တဲ့ လီဗာပူးလ္နဲ႔ဆာလာ

မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ ပရီးမီးယားလိဂ္ပြဲစဥ္(၉)အျဖစ္ လီဗာပူးလ္နဲ႔ကစားခဲ့တဲ့ပြဲမွာ (၅-၀)ဂိုးဆိုတဲ့ရလဒ္နဲ႔ရႈံးနိမ့္ခဲ့ၿပီး စိတ္ပ်က္စရာေကာင္းတဲ့မွတမ္းဆိုးေတြပိုင္ဆိုင္ခဲ့ေပမယ့္ ဟက္ထရစ္နဲ႔အတူေျခစြမ္းျပခဲ့တဲ့ဆာလာနဲ႔ လီဗာပူးလ္အသင္းတို႔ကေတာ့ စံခ်ိန္မွတ္တမ္းေကာင္းေတြပိုင္ဆိုင္ခဲ့ၾကပါတယ္။

ယူႏိုက္တက္အသင္းဟာ ပထမပိုင္းအၿပီးမွာပဲ (၄)ဂိုးျပတ္ရႈံးနိမ့္ခဲ့တာေၾကာင့္ ၁၉၅၁ ခုႏွစ္ေနာက္ပိုင္း ႏွစ္ေပါင္း(၇၀)အတြင္းပထမဆုံးအႀကိမ္အျဖစ္ ၿပိဳင္ဘက္အသင္းကို ပထမပိုင္းမွာ(၄)ဂိုးျပတ္နဲ႔ရႈံးနိမ့္ခဲ့တာျဖစ္ၿပီး အသင္းရဲ႕ပရီးမီးယားလိဂ္သမိုင္းမွာေတာ့ ဒါက ပထမဆုံးပါပဲ။

ဒါ့အျပင္ လီဗာပူးလ္ကို (၅)ဂိုးျပတ္ရႈံးနိမ့္ခဲ့တာက ယူႏိုက္တက္အသင္းအတြက္ အိုးလ္ထရက္ဖို႔ဒ္မွာအႀကီးမားဆုံးရႈံးပြဲျဖစ္ခဲ့သလို ၁၉၅၅၊ ေဖေဖာ္ဝါရီလတုန္းက မန္စီးတီးအသင္းနဲ႔အိမ္ကြင္းပြဲမွာ(၅-၀)ဂိုးျပတ္ရႈံးနိမ့္ခဲ့ၿပီးတဲ့ေနာက္ (၆၆)ႏွစ္အၾကာမွာ (၅)ဂိုးျပတ္ရႈံးပြဲနဲ႔ျပန္လည္ရင္ဆိုင္ခဲ့တာျဖစ္ပါတယ္။

အခုပြဲမွာ အနီကတ္နဲ႔အထုတ္ခံခဲ့ရတဲ့ေပ့ါဘာဟာ ပရီးမီးယားလိဂ္ၿပိဳင္ပြဲတစ္ေလွ်ာက္ ယူႏိုက္တက္-လီဗာပူးလ္ပြဲမွာအနီကတ္အျပခံခဲ့ရတဲ့ (၁၇)ေယာက္ေျမာက္ကစားသမားျဖစ္ခဲ့ၿပီး ယူႏိုက္တက္-လီဗာပူးလ္ပြဲထက္အနီကတ္အေရအတြက္ပိုမ်ားတာက အဲဗာတန္-လီဗာပူးလ္တို႔ရဲ႕မာေဆးဆိုက္ဒါဘီ (၂၂ေယာက္)ပြဲသာရွိပါေတာ့တယ္။

ဒီပြဲမွာ ယူႏိုက္တက္အသင္းကို ဟက္ထရစ္သြင္းယူခဲ့တဲ့ လီဗာပူးလ္တိုက္စစ္ကစားသမားဆာလာကေတာ့ ၂၀၀၃၊ ဧၿပီလတုန္းက ခ်န္ပီယံလိဂ္ပြဲမွာ ရီးယဲလ္နာမည္ေက်ာ္တိုက္စစ္မႉးေဟာင္းေရာ္နယ္လ္ဒိုေနာက္ပိုင္း (၁၈)ႏွစ္အတြင္း အိုးလ္ထရက္ဖို႔ဒ္ကြင္းမွာ ဟက္ထရစ္သြင္းယူႏိုင္ခဲ့တဲ့ ပထမဆုံးကစားသမားအျဖစ္ မွတ္တမ္းဝင္ခဲ့ပါၿပီ။

ဒါ့အျပင္ ဆာလာဟာ အခုဟက္ထရစ္ေၾကာင့္ သူ႔ရဲ႕ပရီးမီးယားလိဂ္သြင္းဂိုးအေရအတြက္က (၁၀၆)ဂိုးအထိရွိလာၿပီး ခ်ယ္လ္ဆီးဂႏၴဝင္တိုက္စစ္မႉးဒေရာ့ဘာ(၁၀၄ဂိုး)ကို ေက်ာ္ျဖတ္ၿပီးေတာ့ ပရီးမီးယားလိဂ္မွာသြင္းဂိုးအမ်ားဆုံးအာဖရိက,ကစားသမားအျဖစ္ စံခ်ိန္တင္ႏိုင္ခဲ့ၿပီျဖစ္ပါတယ္။

အခုဆိုရင္ လီဗာပူးလ္အသင္းအတြက္ ဆာလာ ၿပိဳင္ပြဲစုံ(၁၀)ပြဲဆက္တိုက္ဂိုးသြင္းႏိုင္ခဲ့ၿပီျဖစ္သလို ယူႏိုက္တက္အသင္းနဲ႔ကစားခဲ့တဲ့အိုးလ္ထရက္ဖို႔ဒ္ေနာက္ဆုံး(၃)ပြဲဆက္ဂိုးသြင္းယူခဲ့တဲ့ ပထမဆုံးလီဗာပူးလ္ကစားသမား၊ တိုက္စစ္မႉးေဟာင္းစတာရစ္ခ်္(၈ပြဲ-၂၀၁၃ ႏိုဝင္ဘာမွ ၂၀၁၄ ေဖေဖာ္ဝါရီ)ၿပီးရင္ ပရီးမီးယားလိဂ္မွာ(၇)ပြဲဆက္တိုက္ဂိုးသြင္းယူခဲ့သူအျဖစ္လည္း ရပ္တည္ႏိုင္ခဲ့ပါတယ္။

လီဗာပူးလ္အသင္းဟာ ဝက္ဖို႔ဒ္၊ ယူႏိုက္တက္တို႔ကို (၅-၀)ဂိုးျပတ္ေတြနဲ႔ဆက္တိုက္အႏိုင္ရခဲ့တဲ့အတြက္ အဂၤလန္အမွတ္ေပးၿပိဳင္ပြဲသမိုင္းတစ္ေလွ်ာက္ ယူႏိုက္တက္အသင္း(၁၉၆၀၊ ေဖေဖာ္ဝါရီ/မတ္)ေနာက္ပိုင္း အမွတ္ေပးၿပိဳင္ပြဲအေဝးကြင္းႏွစ္ပြဲဆက္(၅)ဂိုးနဲ႔အထက္သြင္းယူခဲ့တဲ့ ဒုတိယယေျမာက္အသင္းျဖစ္လာၿပီး သူတို႔အသင္းသမိုင္းမွာေတာ့ ၁၉၃၅၊ ဧၿပီလတုန္းက စတုတ္စီးတီး(၅-ဝဂိုး)၊ ခ်ယ္လ္ဆီး(၆-ဝဂိုး)တို႔ကို ဂိုးျပတ္အႏိုင္ရခဲ့အၿပီး (၈၆)ႏွစ္အတြင္း ဒုတိယအႀကိမ္ေျမာက္ အေဝးကြင္းႏွစ္ပြဲဆက္(၅)ဂိုးနဲ႔အထက္ႏိုင္ပြဲရယူခဲ့တာျဖစ္ပါတယ္။