စိတ်ဓါတ်မာကြောတဲ့ ဝိန်းရူနီနဲ့နိုင်ပွဲပြန်ရတဲ့ ဒါဘီကောင်တီ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

သူရဲနီကစားသမားဟောင်းဖြစ်တဲ့ ဝိန်းရူနီနည်းပြနေတဲ့ ဒါဘီကောင်တီအသင်းဟာ မနေ့ညက ဘုန်းမောက်ကို ၃-၂ နဲ့အနိုင်ရခဲ့ပြီးသူတို့ရဲ့ -၃ မှတ်ကိုချေဖျက်နိုင်လိုက်တယ်လို့သိရပါတယ်။

ဒါဘီဟာ ဘဏ္ဍာရေးပြဿနာတွေကြောင့် ပထမတစ်ကြိမ်မှာ ၁၂ မှတ်၊ ဒုတိယအကြိမ်မှာ ၉ မှတ်လျှော့ခံလိုက်ရပြီး စုစုပေါင်း ၂၁ မှတ်အနုတ်ခံရလို့-၃ မှတ်ဖြစ်သွားခဲ့တာပါ။

ဒါပေမယ့်ဒါဘီနည်းပြ ရူနီကသူရဲနီသားကောင်းပီသစွာ စိတ်ဓါတ်ပြင်းထန်ပြီးအလျှော့မပေးဘူးဆိုတဲ့ ခံယူချက်နဲ့ရှေ့ဆက်ဖို့ဆုံးဖြတ်ခဲ့တဲ့အတွက် ဒါဘီဟာ ချန်ပီယံရှစ်နောက်ဆုံး ၈ ပွဲမှာပထမဆုံးနိုင်ပွဲကိုပြန်လည် ရယူနိုင်ပြီး ၀ မှတ်ဖြစ်သွားခဲ့တာပါ။

ဒီပွဲအနိုင်ရခဲ့ပေမယ့် ဒါဘီအတွက်ခက်ခဲတဲ့ပွဲဖြစ်ခဲ့ပြီး အဝေးကွင်းနောက်ဆုံး ၈ ပွဲမှာတစ်ဂိုးသာပေးထားရတဲ့ ဘုန်းမောက်က ပထမပိုင်းအပြီးမှာ ၂-၁ နဲ့နိုင်နေတာပါ။

ဒုတိယပိုင်းရောက်မှ ချေပဂိုနဲ့အနိုင်ဂိုးတွေပြန်သွင်းခဲ့ရပြီး အဖိုးတန် ၃ မှတ်ရခဲ့တာဖြစ်ပါတယ်။

နိုင်ပွဲပြန်ရခဲ့တယ်ဆိုပေမယ့် ဒါဘီဟာအမှတ်ပေးဇယားအောက်ဆုံးမှာဆက်ရှိနေဆဲဖြစ်လို့ ၁၉၈၆ နောက်ပိုင်းပထမဆုံးအကြိမ်အဖြစ် တတိယတန်း(လိဂ်-၁ ) ကိုတန်းမဆင်းရဖို့အတွက်ခက်ခဲစွာရုန်းကန်ရဦးမှာဖြစ်ပါတယ်။

ဒီပွဲအပြီးမှာ ရူနီက” ကျွန်တော်တို့အတွက်အခွင့်အရေးက ခပ်ပါးပါးဘဲရှိတယ်ဆိုတာ အရှိတရားဖြစ်လို့ဒါကိုလက်ခံရပါမယ်။

ဒါပေမယ့် အခွင့်အရေးရှိနေသမျှကာလပတ်လုံး အစွမ်းကုန်ကြိုးစားသွားမှာပါ။

ကျွန်တော်တို့ဟာ လက်ရှိအခက်အခဲကနေရုန်းထွက်နိုင်ဖို့အတွက် လေ့ကျင့်ခန်းတွေအပြင်းအထန်လုပ်နေရုံသာမက ကွင်းထဲမှာဘဲအမှတ်တွေတတ်နိုင်သလောက်ရယူဖို့လည်း ရည်ရွယ်ထားပါတယ်။

မဖြစ်နိုင်တာကိုလုပ်ပြနိုင်ဖို့အတွက် အခွင့်အရေးရှိနေလို့ ကျွန်တော်တို့တန်းမဆင်းရဘူးလို့ ယုံကြည်နေဆဲပါဘဲ။

ကစားသမားတွေရဲ့ ခံယူချက်နဲ့ စိတ်ပိုင်းဆိုင်ရာကိုလည်း သံသယလုံးဝမရှိပါဘူး။

ဒါကြောင့်လည်းဘယ်ပြိုင်ဘက်နဲ့မဆို ယှဥ်နိုင်စွမ်းရှိတယ်လို့လည်းထင်ပါတယ်” လို့ပြောသွားပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

စိတ္ဓါတ္မာေၾကာတဲ့ ဝိန္း႐ူနီနဲ႔ႏိုင္ပြဲျပန္ရတဲ့ ဒါဘီေကာင္တီ

သူရဲနီကစားသမားေဟာင္းျဖစ္တဲ့ ဝိန္း႐ူနီနည္းျပေနတဲ့ ဒါဘီေကာင္တီအသင္းဟာ မေန႔ညက ဘုန္းေမာက္ကို ၃-၂ နဲ႔အႏိုင္ရခဲ့ၿပီးသူတို႔ရဲ႕ -၃ မွတ္ကိုေခ်ဖ်က္ႏိုင္လိုက္တယ္လို႔သိရပါတယ္။ ဒါဘီဟာ ဘ႑ာေရးျပႆနာေတြေၾကာင့္ ပထမတစ္ႀကိမ္မွာ ၁၂ မွတ္၊ ဒုတိယအႀကိမ္မွာ ၉ မွတ္ေလွ်ာ့ခံလိုက္ရၿပီး စုစုေပါင္း ၂၁ မွတ္အႏုတ္ခံရလို႔ -၃ မွတ္ျဖစ္သြားခဲ့တာပါ။

ဒါေပမယ့္ဒါဘီနည္းျပ ႐ူနီကသူရဲနီသားေကာင္းပီသစြာ စိတ္ဓါတ္ျပင္းထန္ၿပီးအေလွ်ာ့မေပးဘူးဆိုတဲ့ ခံယူခ်က္နဲ႔ေရွ႕ဆက္ဖို႔ဆုံးျဖတ္ခဲ့တဲ့အတြက္ ဒါဘီဟာ ခ်န္ပီယံရွစ္ေနာက္ဆုံး ၈ ပြဲမွာပထမဆုံးႏိုင္ပြဲကိုျပန္လည္ ရယူႏိုင္ၿပီး ၀ မွတ္ျဖစ္သြားခဲ့တာပါ။

ဒီပြဲအႏိုင္ရခဲ့ေပမယ့္ ဒါဘီအတြက္ခက္ခဲတဲ့ပြဲျဖစ္ခဲ့ၿပီး အေဝးကြင္းေနာက္ဆုံး ၈ ပြဲမွာတစ္ဂိုးသာေပးထားရတဲ့ ဘုန္းေမာက္က ပထမပိုင္းအၿပီးမွာ ၂-၁ နဲ႔ႏိုင္ေနတာပါ။ ဒုတိယပိုင္းေရာက္မွ ေခ်ပဂိုနဲ႔အႏိုင္ဂိုးေတြျပန္သြင္းခဲ့ရၿပီး အဖိုးတန္ ၃ မွတ္ရခဲ့တာျဖစ္ပါတယ္။

ႏိုင္ပြဲျပန္ရခဲ့တယ္ဆိုေပမယ့္ ဒါဘီဟာအမွတ္ေပးဇယားေအာက္ဆုံးမွာဆက္ရွိေနဆဲျဖစ္လို႔ ၁၉၈၆ ေနာက္ပိုင္းပထမဆုံးအႀကိမ္အျဖစ္ တတိယတန္း(လိဂ္-၁ ) ကိုတန္းမဆင္းရဖို႔အတြက္ခက္ခဲစြာ႐ုန္းကန္ရဦးမွာျဖစ္ပါတယ္။ ဒီပြဲအၿပီးမွာ ႐ူနီက” ကြၽန္ေတာ္တို႔အတြက္အခြင့္အေရးက ခပ္ပါးပါးဘဲရွိတယ္ဆိုတာ အရွိတရားျဖစ္လို႔ဒါကိုလက္ခံရပါမယ္။

ဒါေပမယ့္ အခြင့္အေရးရွိေနသမွ်ကာလပတ္လုံး အစြမ္းကုန္ႀကိဳးစားသြားမွာပါ။ ကြၽန္ေတာ္တို႔ဟာ လက္ရွိအခက္အခဲကေန႐ုန္းထြက္ႏိုင္ဖို႔အတြက္ ေလ့က်င့္ခန္းေတြအျပင္းအထန္လုပ္ေန႐ုံသာမက ကြင္းထဲမွာဘဲအမွတ္ေတြတတ္ႏိုင္သေလာက္ရယူဖို႔လည္း ရည္႐ြယ္ထားပါတယ္။

မျဖစ္ႏိုင္တာကိုလုပ္ျပႏိုင္ဖို႔အတြက္ အခြင့္အေရးရွိေနလို႔ ကြၽန္ေတာ္တို႔တန္းမဆင္းရဘူးလို႔ ယုံၾကည္ေနဆဲပါဘဲ။ ကစားသမားေတြရဲ႕ ခံယူခ်က္နဲ႔ စိတ္ပိုင္းဆိုင္ရာကိုလည္း သံသယလုံးဝမရွိပါဘူး။ ဒါေၾကာင့္လည္းဘယ္ၿပိဳင္ဘက္နဲ႔မဆို ယွဥ္ႏိုင္စြမ္းရွိတယ္လို႔လည္းထင္ပါတယ္” လို႔ေျပာသြားပါတယ္။