စိတ်တိုင်းမကျလို့ ရက်20 ကျော်နဲ့ နည်းပြရာထူးပြန်အပ်တဲ့ ဒေါသအိုးကြီး ဂတ်တူဆို

ဖီအိုရင်တီးနားအသင်းရဲ့ နည်းပြသစ် ဂတ်တူဆိုဟာ အသင်းကို ရောက်ရှိတာ

၂၃ရက်သာ ရှိသေးပေမယ့် အသင်းနဲ့ လမ်းခွဲသွားခဲ့ကြောင်း ဖီအိုရင်တီးနားအသင်းက

ထုတ်ပြန် ကြေညာသွားပါတယ်။

နာပိုလီ အသင်းနည်းပြဟောင်း ဂတ်တူဆို ဟာ မေလ (၂၅)ရက်ကမှ ဖီအိုရင်တီးနား

အသင်းနည်းပြသစ်အဖြစ် (၂)နှစ်စာချုပ်ချုပ်ဆိုကာ ခန့်အပ်ခံခဲ့ရတာဖြစ်ပါတယ်။

အီတလီကစားသမားဟောင်းဟာ ဖီအိုရင်တီးနား နည်းပြရာထူးကို ဇူလိုင်လ(၁)ရက်နေ့မှ

တရားဝင်ကိုင်တွယ်ရမှာလည်းဖြစ်ပါတယ်။

အခုတော့ ဂတ်တူဆို ဟာ ဖီအိုရင်တီးနား အသင်းနည်းပြသစ်အဖြစ် ခန့်အပ်ခံရပြီး

(၂၃)ရက်လောက် အကြာမှာပဲ အသင်းနဲ့ လမ်းခွဲခဲ့တာပါ။ဂတ်တူဆိုဟာ အပြောင်းအရွှေ့ကိစ္စတွေနဲ့

ပတ်သက်ပြီး ဖီအိုရင်တီးနားအသင်းရဲ့ ဥက္ကဌတွေနဲ့ သဘောထားခြင်း မတိုက်ဆိုင်တာကြောင့်

အသင်းကနေ ထွက်ခွာခဲ့တာ ဖြစ်ပါတယ်။

ပေါ်တို ကွင်းလယ်လူ ဆာဂျီယို အိုလီဗီရာနဲ့ ဗလင်စီယာ အသင်း တောင်ပံကစားသမား

ဂွီဒတ်စ် တို့နဲ့ ဆွေးနွေးညှိနှိုင်းမှုပြုလုပ်ခဲ့တာဟာ အဓိကအချက်ဖြစ်တယ်လို့လည်း

သတင်းအချို့က ဖော်ပြကြပါတယ်။

ဂတ်တူဆို ဟာ အီတလီလက်ရွေးစင် အသင်းနဲ့အတူ

(၂၀၀၆) ကမ္ဘာ့ဖလားရရှိခဲ့ပြီး အေစီမီလန် အသင်းနဲ့ ချန်ပီယံလိဂ်ဖလား(၂)ကြိမ်ရယူနိုင်ခဲ့တာဖြစ်ပါတယ်။

ဂတ်တူဆို ဟာ (၂၀၁၉) က အန်ဆယ်လော့တီ ရဲ့နေရာမှာ နာပိုလီ အသင်းနည်းပြရာထူး ရယူခဲ့တာဖြစ်ပြီး

သူ့ရဲ့နည်းပြဘဝ ပထမဆုံးဆုဖလားအဖြစ် ကိုပါအီတာလီယာဖလားကို ရယူနိုင်ခဲ့ပါတယ်။

ဖီအိုရင်တီးနား အသင်းဟာ ပြီးခဲ့တဲ့ရာသီက အမှတ်ပေးဇယား အဆင့်(၁၃)နေရာမှာ

ရပ်တည်ခဲ့ပါတယ်။အဲဒါကြောင့် နည်းပြ အိုင်ယာချီနီ ဟာ ရာထူးက‌နေ နှုတ်ထွက်ခဲ့ပါတယ်။

Zawgyi Version

စိတ္တိုင္းမက်လို႔ ရက္20 ေက်ာ္နဲ႔ နည္းျပရာထူးျပန္အပ္တဲ့ ေဒါသအိုးႀကီး ဂတ္တူဆို

ဖီအိုရင္တီးနားအသင္းရဲ့ နည္းျပသစ္ ဂတ္တူဆိုဟာ အသင္းကို

ေရာက္ရွိတာ ၂၃ရက္သာ ရွိေသးေပမယ့္ အသင္းနဲ႔ လမ္းခြဲသြားခဲ့ေၾကာင္း

ဖီအိုရင္တီးနားအသင္းက ထုတ္ျပန္ ေၾကညာသြားပါတယ္။

နာပိုလီ အသင္းနည္းျပေဟာင္း ဂတ္တူဆို ဟာ ေမလ (၂၅)ရက္ကမွ ဖီအိုရင္တီးနား

အသင္းနည္းျပသစ္အျဖစ္ (၂)ႏွစ္စာခ်ဳပ္ခ်ဳပ္ဆိုကာ ခန႔္အပ္ခံခဲ့ရတာျဖစ္ပါတယ္။

အီတလီကစားသမားေဟာင္းဟာ ဖီအိုရင္တီးနား နည္းျပရာထူးကို ဇူလိုင္လ(၁)ရက္ေန႔မွ

တရားဝင္ကိုင္တြယ္ရမွာလည္းျဖစ္ပါတယ္။

အခုေတာ့ ဂတ္တူဆို ဟာ ဖီအိုရင္တီးနား အသင္းနည္းျပသစ္အျဖစ္ ခန႔္အပ္ခံရၿပီး (၂၃)ရက္ေလာက္

အၾကာမွာပဲ အသင္းနဲ႔ လမ္းခြဲခဲ့တာပါ။ဂတ္တူဆိုဟာ အေျပာင္းအေရႊ႕ကိစၥေတြနဲ႔ ပတ္သက္ၿပီး

ဖီအိုရင္တီးနားအသင္းရဲ့ ဥကၠဌေတြနဲ႔ သေဘာထားျခင္း မတိုက္ဆိုင္တာေၾကာင့္ အသင္းကေန ထြက္ခြာခဲ့တာ

ျဖစ္ပါတယ္။

ေပၚတို ကြင္းလယ္လူ ဆာဂ်ီယို အိုလီဗီရာနဲ႔ ဗလင္စီယာ အသင္း ေတာင္ပံကစားသမား

ဂြီဒတ္စ္ တို့နဲ႔ ေဆြးေႏြးညႇိႏွိုင္းမွုျပဳလုပ္ခဲ့တာဟာ

အဓိကအခ်က္ျဖစ္တယ္လို့လည္း သတင္းအခ်ိဳ႕က ေဖာ္ျပၾကပါတယ္။

ဂတ္တူဆို ဟာ အီတလီလက္ေရြးစင္ အသင္းနဲ႔အတူ (၂၀၀၆) ကမၻာ့ဖလားရရွိခဲ့ၿပီး

ေအစီမီလန္ အသင္းနဲ႔ ခ်န္ပီယံလိဂ္ဖလား(၂)ႀကိမ္ရယူနိုင္ခဲ့တာျဖစ္ပါတယ္။ဂတ္တူဆို ဟာ (၂၀၁၉)

က အန္ဆယ္ေလာ့တီ ရဲ့ေနရာမွာ နာပိုလီ အသင္းနည္းျပရာထူး ရယူခဲ့တာျဖစ္ၿပီး

သူ႔ရဲ့နည္းျပဘဝ ပထမဆုံးဆုဖလားအျဖစ္ ကိုပါအီတာလီယာဖလားကို ရယူနိုင္ခဲ့ပါတယ္။

ဖီအိုရင္တီးနား အသင္းဟာ ၿပီးခဲ့တဲ့ရာသီက အမွတ္ေပးဇယား အဆင့္(၁၃)ေနရာမွာ

ရပ္တည္ခဲ့ပါတယ္။အဲဒါေၾကာင့္ နည္းျပ အိုင္ယာခ်ီနီ ဟာ ရာထူးက‌ေန ႏွဳတ္ထြက္ခဲ့ပါတယ္။