ပြင်ပလူနေမှုဘဝရဲ့ ပတ်သက်ဆက်နွှယ်မှုတွေကြောင့် စိတ်ထိခိုက်
ကြေကွဲ ခဲ့ရတဲ့ နည်းပြကွန်တီကို စိတ်ဓာတ်ကျမသွားအောင်
စပါးအသင်းသားတွေ အားလုံးက ဝိုင်းဝန်းဖေးမခဲ့ကြပြီး
အီတလီသားနည်းပြအနေနဲ့ စိတ်ထိခိုက်မှု တွေရှိခဲ့ပေမဲ့လည်း
အသင်းအတွက် အကောင်းဆုံး ပေးဆပ်ခဲ့တယ်လို့ တိုက်စစ်မှူး
ဟယ်ရီကိန်းက ဖူလ်ဟမ်ကို ၁-၀ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်အပြီးမှာ
ပြောဆိုခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၄ လအတွင်းမှာ ဂျူဗင်တပ်နည်းပြဟောင်းရဲ့
အရင်းနှီး ဆုံးမိတ်ဆွေနှစ်ယောက်ဟာ ဘဝတစ်ပါးကို ပြောင်းသွား
ခဲ့ကြတဲ့အတွက် ကွန်တီတစ်ယောက် ဝမ်းနည်းပူဆွေးခဲ့ရပါတယ်။
ဒါကြောင့် ကွန်တီရဲ့ ပြင်ပ လူနေမှုဘဝမှာ အခက်အခဲတွေ
အများကြီးရှိခဲ့ပြီး အသင်းက အကောင်းဆုံး ကူညီပေးနိုင်အောင်
ကြိုးစားခဲ့ကြတယ်လို့ စပါးနဲ့ ပွဲစဉ်အပြီးမှာ ဟယ်ရီကိန်း က
Sky Sport သတင်းဌာနကို ပြောဆိုခဲ့တာပါ။ ‘’သူ့ရဲ့ ကိုယ်ရေးကိုယ်တာနဲ့
ပတ်သက်ပြီး ပြင်ပလူနေမှုဘဝမှာ ခက်ခဲတဲ့ အချိန်တွေကို
ဖြတ်ကျော်ခဲ့ရတာ ပါ။ အသင်းတစ်သင်းရဲ့ အစိတ်အပိုင်းဖြစ်တယ်ဆိုတာက
ကစားသမားတွေ ချည်းသက်သက် မဟုတ်ပါဘူး။ နည်းပြတွေရော၊
ဝန်ထမ်းတွေရော ပါဝင်ပြီး တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန်
ရှိကြပါတယ်။ ကျွန်တော်တို့ သူ့ အတွက် ပွဲတိုင်းကို အနိုင်ရယူချင်ပါတယ်။
သူကလည်း လေ့ကျင့်ရေး အစီ အစဉ်တိုင်းမှာ ပြင်းပြတဲ့ ရမ္မက်ဇောနဲ့
ထည့်ပြီး အလုပ်လုပ်တာပါ။ သူ့ကို ကျွန် တော်တို့ နိုင်ပွဲတွေနဲ့အတူ
ပြန်ပြီး ပေးချင်တယ်။ ပြီးခဲ့တဲ့ သီတင်းပတ်တွေ မှာတော့
ကျွန်တော်တို့ကြားမှာ အဆင်ချောတဲ့ စကားပြောဆိုမှုတွေရှိပြီး
ပုံမှန် ပြန်ဖြစ်လာပါတယ်။ နည်းပြလိုပဲ ကျွန်တော်တို့လည်း
တိုက်ပွဲဝင်နေတာပါ။ သူက ဆန္ဒထက်သန်တဲ့ နည်းပြတစ်ယောက်ဖြစ်ပြီး
သူ့အတွက် ကျွန်တော်တို့ ဆက်ပြီး အလုပ်တွေ ကြိုးစားရမယ်’’ လို့
အင်္ဂလန်လက်ရွေးစင်တိုက်စစ်မှူးက ဖူလ်ဟမ်နဲ့ပွဲအပြီးမှာ
ပြောဆိုခဲ့တာပါ။ ၂၀၂၂ ခုနှစ်ရဲ့ နှစ်ကုန်ပိုင်းမှာ နည်းပြ ကွန်တီရဲ့
အရင်းနှီးဆုံး မိတ်ဆွေနှစ်ယောက်ဖြစ်တဲ့ စပါးကြံ့ခိုင်ရေးနည်းပြ
ဂျီယန်ပီရိုဗန်ထရိုနီနဲ့ အသင်းဖော်ဟောင်း ဗီယာလီတို့ဟာ ရှေ့ဆင့်
နောက် ဆင့်ဆိုသလို ကွယ်လွန်သွားခဲ့ကြတာဖြစ်ပါတယ်။
ဗီထရိုနီဟာ ပြီးခဲ့တဲ့ အောက်တိုဘာလမှာ သွေးကင်ဆာရောဂါကြောင့်
ကွယ်လွန်ခဲ့တာဖြစ်ပြီး ချဲလ်ဆီးနည်းပြဟောင်းဖြစ်တဲ့ ဗီယာလီကတော့
ပန်ကရိယကင်ဆာနဲ့ ကွယ် လွန်ခဲ့တာဖြစ်ပါတယ်။
zawgyi
စိတ်ခိုက်ခဲ့တဲ့ နည်းပြကွန်တီကို အတတ်နိုင်ဆုံးဖေးမခဲ့ကြတဲ့ စပါးအသင်းသားတွေ