စိတ်ကြီးဝင်နေတဲ့ လင်ဂတ်နဲ့ ယူနိုက်တက်အပြောင်းအရွှေ့အခြေအနေများ
M Cash 24 အကွောငျးသိလိုပါက M Cash 24 ကို နှိပျပါ။
ယူနိုက်တက်အပြောင်းအရွှေ့အရေးမှာ ပေါ့ဘာပြီးရင် နာမည်ကြီးတဲ့ကစားသမားကတော့ လင်ဂတ်ဖြစ်ပါတယ်။ လင်ဂတ်ဟာ ကွင်းတွင်း၊ကွင်းပြင် ပြဿနာပေါင်းသောင်းခြောက်ထောင်ကြောင့် ပရိသတ်တွေက ငြိုငြင်လာတဲ့ ကစားသမားဖြစ်ပါတယ်။ လင်ဂတ်ဟာပြီးခဲ့တဲ့နှစ်ကစပြီးတော့ ယူနိုက်တက်မှာပုံမှန်ခြေစွမ်းပြနိုင်ဖို့အတွက် ရုန်းကန်နေရတာပဲဖြစ်ပါတယ်။
photo internet
အင်္ဂလန်သားကြီးလင်ဂတ်ဟာအရင်က ကမ္ဘာ့အကောင်းဆုံး ကစားသမား တွေထဲက တစ်ယောက်အဖြစ်သက်မှတ်ခံထားခဲ့ရတဲ့သူပဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့ (၂၀၁၈) ခုနှစ်ကမ္ဘာ့ဖလားပြိုင်ပွဲပြီးကတည်းက လင်ဂတ်တစ်ယောက်ပုံမှန်ခြေစွမ်းတွေပျောက်ဆုံးခဲ့တာဖြစ်ပြီးတော့ လွန်ခဲ့တဲ့ (၁၃)လအတွင်းကစားခဲ့တဲ့ ပြိုင်ပွဲစုံမှာ သွင်းဂိုး(၂)ဂိုးသာသွင်းယူနိုင်ခဲ့တဲ့ အထိခြေစွမ်းတွေဆိုးရွားခဲ့တာပါ။ ဒီရာသီမှာလည်း လင်ဂတ်ဟာ ဆိုးလ်ရှားရဲ့ ယုံကြည်မှုတွေနဲ့ ပုံမှန်ခြေစွမ်းမပြနိုင်သော်လည်း ပုံမှန်ပွဲထွက်ခွင့်ရနေခဲ့ပေမဲ့ နောက်ပိုင်းမှာတော့ အသင်းရဲ့ အရန်စာရင်းမှာတောင် ပါဝင်လာခြင်းမရှိတော့ပါဘူး။ အခုဆိုရင် ယူနိုက်တက်ကစားခဲ့တဲ့ နောက်ဆုံး(၈)ပွဲမှာလင်ဂတ်တစ်ယောက် (၂၅)မိနစ်သာဝင်ရောက်ကစားခွင့်ရခဲ့တာပဲဖြစ်ပါတယ်။ တစ်ဖက်မှာလည်း ယူနိုက်တက်အသင်းဟာသူတို့ရဲ့ကွင်းလယ်တိုက်စစ်ကစားသမားဂျက်စီလင်ဂတ်ကို ရောင်းချဖို့ အဆင်သင့်ဖြစ်နေခဲ့ပြီဆိုပြီး သတင်းတွေကြားရပါတယ်။ လင်ဂတ်ကလည်း အခြားအသင်းကိုပြောင်းပြီး ခြေစွမ်းကောင်းအောင်ပြန်လည်လုပ်ဆောင်ချင်နေတဲ့အခြေအနေတွေရှိပါတယ်။
photo internet
ယူနိုက်တက်မှာဘယ်လိုပဲဝေဖန်ခံနေရပါစေ လင်ဂတ်ကတော့ သူ့ခြေစွမ်းကိုကျေနပ်နေတဲ့ အနေအထားလည်းရှိပါတယ်။ ဒါကတော့ လင်ဂတ်ဟာ သူ့ကိုယ်သူ ဥရောပရဲ့ အကောင်းဆုံး ကွင်းလယ်တိုက်စစ်ကစားသမားတွေထဲက တစ်ယောက်အဖြစ်ယုံကြည်နေဆဲဖြစ်တယ်ဆိုတဲ့သတင်း ထွက်ပေါ်လာလို့ဖြစ်ပါတယ်။ အသက် ၂၇ နှစ်အရွယ်ရှိပြီဖြစ်တဲ့ လင်ဂတ်ဟာ ယူနိုက်တက်အသင်းရဲ့ ငယ်မွေးခြံပေါက်ကစားသမားတစ်ဦးဖြစ်ပြီး အသင်းအတွက် ပွဲပေါင်း ၂၀၀ ကျော်ပါဝင်ကစားကာ ၃၁ ဂိုးသွင်းယူပေးထားသူလည်းဖြစ်ပါတယ်။ ဒါ့အပြင် လင်ဂတ်ဟာ အခြားသောကလပ်အသင်းတွေမှာ အငှါးကစားသမားအဖြစ် ပွဲပေါင်း၅၀ကျော်ကစားထားသလို အင်္ဂလန်လက်ရွေးစင်အသင်းအတွက်လည်း ၂၄ ပွဲပါဝင်ကစားထားသူဖြစ်ပါတယ်။ လင်ဂတ်ကိုခေါ်ယူဖို့အတွက် ရိုးမားအသင်းနဲ့ အက်တလက်တီကို မက်ဒရစ်အသင်းတွေက စိတ်ဝင်စားလျက်ရှိနေတယ်လို့လည်း သတင်းတွေကြားရပါတယ်။
photo internet
ယူနိုက်တက်နည်းပြဆိုးလ်ရှားကတော့ လာမယ့်အပြောင်းအရွှေ့ရာသီမှာ အသုံးစားရိတ် ပေါင်သန်း၂၀၀ ဝန်းကျင်သုံးစွဲပြီး ကစားသမား သုံးယောက်ခန့် ခေါ်ယူချင်နေတယ်လို့ ကြားသိရပါတယ်။ ယူနိုက်တက် နည်းပြ ဟာ ကစားသမားအဟောင်းများစွာကိုရှင်းထုတ်သလို လာမယ့်ရာသီမှာလည်း ဆက်လက်ရှင်းထုတ် ဦးမှာဖြစ်တာကြောင့် ကစားသမား အသစ်တွေကို ပြန်လည်ဖြည့်တင်းလိုနေတာဖြစ်ပါတယ်။ လင်ဂတ်ကလည်း ဒီရာသီအပြောင်းအရွှေ့မှာ သူ့ရဲ့အေးဂျင့် ရွိုင်အိုလာကို အားကိုးပြီးအသင်းပြောင်းမယ်လို့ သိရပါတယ်။ နည်းပြဆိုးလ်ရှားက ရက်ရှ်ဖို့၊ မာရှယ် တို့ရဲ့ ကြံခိုင်မှု့ကို အားမရတာကြောင့် ဒေါင်ဒေါင်မြည် တိုက်စစ်မှုးတစ်ယောက်ကိုအလိုရှိနေပါတယ်။ ဆိုးလ်ရှားက ဂိုးသွင်းအားကောင်းပြီး ငယ်ရွယ်တဲ့ အတွေ့အကြုံရှိတိုက်စစ်မှုး မျိုးကိုရှာဖွေနေတာကြောင့် ဝါနာ နဲ့ ဒမ်ဘီလီ တို့က ဖြစ်နိုင်ချေအရှိဆုံး တိုက်စစ်မှုးတွေလည်းဖြစ်ပါတယ်။ ဂျေဒန်ဆန်ချိုကိုခေါ်ယူဖို့ ကိစ္စကလည်း တော်တော်ကိုသတင်းကြီးနေ တာဖြစ်ပါတယ်။
photo internet
ဂျေဒန် ကိုယ်တိုင်ကလည်း ပရီးမီးယားလိဂ်ကို ပြန်အချေချလိုနေပြီး ယူနိုက်တက် ဘက်ကလည်း ကျောနံပတ် ၇ ကို ပြန်လည် အသက်သွင်းလိုနေတာကြောင့် ဒီအပြောင်းအရွှေ့ ဖြစ်မြောက်ဖို့ကတော့ ရာခိုင်နှုန်းအတော်များ များကျိန်းသေပါတယ်။ယူနိုက်တက်ဟာပေ့ါဘာရဲ့ နေရာအတွက်လည်းကြိုတင်စဉ်းစားထားပါတယ်။ ပေါ့ဘာတစ်ယောက်ယူနိုက်တက်နဲ့ ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်းဟာ နောက်ဆုံး(၂)နှစ်ထဲကို ရောက်လာခဲ့ပြီဖြစ်ပါတယ်။ ပေါ့ဘာကိုခေါ်ယူဖို့ အတွက်တော့ ဘာစီလိုနာ၊ ရီးရဲလ်နဲ့ ဂျူဗင်တပ်အသင်းတို့က စိတ်ဝင်စားနေကြတာပဲဖြစ်ပါတယ်။ဂျက်ဂရေးလရှ်ကတော့ ပေါလ်ပေ့ါဘာ နေရာကို တိုက်ရိုက်အစားထိုးနိုင်မယ့် ကစားသမားတစ်ယောက်ဖြစ်ပါတယ်။ တကယ်လို့ သူမဟုတ်ခဲ့ဘူးဆိုရင်တော့ ဒီကလန်ရိုက်စ် က အဖြစ်နိုင်ဆုံးပါပဲ။ အက်သလက်တီကို အသင်းရဲ့ ကွင်းလယ်ကစားသမား ဆောနီဂွတ်ကို လည်း ယူနိုက်တက်ကခေါ်ယူဖို့စောင့် ကြည့်နေပါတယ်။ လက်စတာအသင်းရဲ့ ကွင်းလယ် ကစားသမားမတ်ဒီဆင် တစ်ယောက်ကလည်း ယူနိုက်တက်ရဲ့ ပစ်မှတ်အဖြစ်ရှိနေတာပါ။ ပြောင်းရွှေ့ကြေးပေါင်သန်း(၁၀၀)ခန့်ရှိနေပြီး၊ လာမယ့်နွေရာသီယူနိုက်တက်ရဲ့ အဝယ်စာရင်းမှာ ပါဝင်လာမလားဆိုတာစောင့်ကြည့်ရပါမယ်။
photo internet
M Cash 24 အကွောငျးသိလိုပါက M Cash 24 ကို နှိပျပါ။
(Zawgyi Version)