စိတ္လႈပ္ရွားစရာအေကာင္းဆုံးနဲ႔အတူ သြင္းဂိုးေတြနဲ႔ေဖ်ာ္ေျဖႏိုင္ခဲ့တဲ့ပြဲ (အာဆင္နယ္ ၂-၂ စပါး ပြဲၿပီးျမင္ကြင္းက်ယ္)

Photo Credit

Photo Credit

စူပါဆန္းေဒးရဲ႕လန္ဒန္ေျမာက္ပိုင္းဒါဘီပြဲက တကယ့္ကိုအႀကိတ္အနယ္ရွိခဲ့ၿပီး အာဆင္နယ္က ေနာက္တန္းအမွားေတြေၾကာင့္ ၂ဂိုးျပတ္ဦးေဆာင္ခံခဲ့ရေပမယ့္ စိတ္ဓာတ္မက်ဘဲ ေတာက္ေလွ်ာက္တုိက္စစ္ဆင္ဖိအားေပးႏိုင္ခဲ့လုိ႔ ၂-၂ ဂိုးသေရကစားႏိုင္ခဲ့ပါတယ္။ ပြဲက တကယ့္ကိုစိတ္လႈပ္ရွားစရာေကာင္းခဲ့ၿပီး စပါးဂိုးသမား လုိရစ္ကလည္း ကမၻာ့အဆင့္လက္စြမ္းေတြနဲ႔အတူ အာဆင္နယ္အသင္းကို ႏိုင္ပြဲနဲ႔ကင္းေ၀းေစခဲ့ပါတယ္။

Photo Credit

အာဆင္နယ္ရဲ႕ခံစစ္က လူေျပာမ်ားေနဆဲျဖစ္ၿပီး ေပးလုိက္ရတဲ့ ၂ဂုိးစလုံးက တစ္ဦးခ်င္းအမွားေတြကေန ေပးလုိက္ရတာပါ။ အဲရစ္ဆင္ရဲ႕ဦးေဆာင္ဂိုးမွာ အဓိကအျပစ္မကင္းသူက အာဆင္နယ္ဂိုးသမား လီႏိုျဖစ္ၿပီး လာမယ္လာရဲ႕ကန္ခ်က္ ေပ်ာ့ေပမယ့္ အမိမဖမ္းႏိုင္ခဲ့ဘဲ ျပန္ထြက္လာတာကို အသင့္ရွိေနတဲ့အဲရစ္ဆင္က ဂိုးသမားမရွိေတာ့တဲ့ဂိုးေပါက္ထဲ အသာကန္သြင္းခဲ့တာပါ။

Photo Credit

အဲဒီဂိုးမွာ ေနာက္တစ္ေယာက္လည္း အျပစ္မကင္းပါဘူး။ အာဆင္နယ္ေနာက္ခံလူ ဆုိကရာတစ္ပါ။ ကြင္းတစ္၀က္ေလာက္မွာ အျမင့္ေဘာက်လာတာကို ကိုယ္က ေနရာအသင့္ယူေနရမယ့္အစား ၿပိဳင္ဘက္နဲ႔ လိုက္ခုန္ဖုိ႔ ႀကိဳးစားခဲ့တာပါ။ ဘယ္သူမွမရွိလုိ႔ ကိုယ္က တက္ေထာက္ရတာဆုိရင္ နည္းနည္းခံသာေသးေပမယ့္ အခုေတာ့ ရွာခါက ၿပိဳင္ဘက္နဲ႔ ေခါင္းခ်င္းယွဥ္တုိက္ေနၿပီးသားပါ။ ဒီလုိဆုိကရာတစ္ တက္လာေတာ့ သူ႕ေနရာက ေပါက္သြားရာကေန စပါးရဲ႕ဂိုးက Build-up ျဖစ္လာရတာပါ။

Photo Credit

ဒုတိယဂိုးကေတာ့ ဘယ္သူ႕အမွားလည္းဆိုတာ သိသာပါတယ္။ အသင္းေခါင္းေဆာင္ ရွာခါရဲ႕ေပါ့ဆလြန္းတဲ့ဖ်က္ထုတ္မႈေၾကာင့္ ေပးလုိက္ရတဲ့ပင္နယ္တီကေန ဟယ္ရီကိန္းက စပါးအတြက္ ဒုတိယေျမာက္ဦးေဆာင္ဂုိးသြင္းသြားတာပါ။ တကယ္ဆုိ ဆြန္ေဟာင္မင္ ေဘာလုံးေပးလုိက္ခ်ိန္မွာ ကုိယ္က မမီႏိုင္ေတာ့မွန္းသိေပမယ့္ ေျခေထာက္ကို ျပန္မ႐ုတ္ဘဲ ဒီအတုိင္းထားလုိက္ေတာ့ ရွာခါလည္း အဲဒီကိုရီးယားသားကို ေလွ်ာထိုးဖ်က္လုိက္မိသားျဖစ္သြားပါတယ္။

Photo Credit

အာဆင္နယ္ခံစစ္အမွားေတြရွိခဲ့သလုိ စပါးလည္း ခံစစ္လုိအပ္ခ်က္ရွိခဲ့တာပါပဲ။ ဒါေပမဲ့ တစ္ခုခံသာတာက အသင္းေခါင္းေဆာင္ဂိုးသမား လုိရစ္ေၾကာင့္ အမ္းမရိတ္စ္ကေန သေရတစ္မွတ္နဲ႔အိမ္ျပန္ခဲ့တာလုိ႔ေတာင္ ဆုိႏိုင္တယ္။ ေတာ္ရဲရားရဲ႕အနီးကပ္ကန္သြင္းခ်က္၊ ဆီဘယ္ေလာ့စ္ရဲ႕အေ၀းကန္ခ်က္ေတြ အေတာ္ေလးေကာင္းေပမယ့္ လုိရစ္ရဲ႕ပုတ္ထုတ္ကာကြယ္မႈေတြက အားလုံးကို အံ့အားသင့္ေစခဲ့ပါတယ္။

Photo Credit

ၿပီးေတာ့ အလြဲေတြလည္းရွိပါေသးတယ္။ အထူးသျဖင့္ ကိုလာစီနက္ရဲ႕လြဲေခ်ာ္မႈက အာဆင္နယ္ပရိသတ္ေတြကို လုံး၀မခ်င့္မရဲျဖစ္သြားေစပါတယ္။ ဂုိးေပါက္နဲ႔ ဘာမွမေ၀းေတာ့တဲ့အေနအထားမွာ ဂိုးသမားမရွိေတာ့တဲ့ဂိုးေပါက္ထဲ ပိတ္သြင္းဖို႔ ႀကိဳးစားေပမယ့္ ေခ်ာ္သြားတာက အေတာ္ေလးဆိုးပါတယ္။


လာကာဇက္ရဲ႕ေခ်ပဂိုးက သူ႕ရဲ႕ႀကိဳးစားအားထုတ္မႈနဲ႔ ကစ္ပါ၀ါတုိ႔ကို အသိအမွတ္ျပဳရမွာျဖစ္သလုိ အူဘာမီယန္းရဲ႕ဒုတိယေျမာက္ေခ်ပဂုိးကလည္း ေျပာစရာရွိပါတယ္။ စပါးကြင္းတစ္၀က္ေလာက္ကေန ဂြမ္ဒိုဇီ အသာခုတ္တင္ေပးလုိက္တာကို အူဘာမီယန္းက ခ်ိန္သားကိုက္ ေျပးထြက္ကာ ဂိုးသမားလုိရစ္ ဘယ္လုိမွမကာကြယ္ႏိုင္ေအာင္ အသာေလးလမ္းေၾကာင္းေျပာင္းေပးလုိက္တာပါ။

Photo Credit

ဒီလုိဂိုးမ်ိဳးကေတာ့ ဂိုးသမားေတြ ကာကြယ္ႏိုင္ဖို႔ အေတာ္ေလးခက္ပါတယ္။ လာကာဇက္ ဒဏ္ရာရသြားလုိ႔ သူ႕ေနရာမွာ မစ္ခီတာယန္လူစား၀င္လာေတာ့ အာဆင္နယ္တုိက္စစ္က ဘယ္ေတာင္ပံမွာအားနည္းသြားပါတယ္။ မစ္ခီတာယန္ရဲ႕ေျခစြမ္းက မယုံႏိုင္စရာေကာင္းေလာက္ေအာင္ က်သြားၿပီး ဒီပြဲမွာလည္း ယုံၾကည္မႈေပ်ာက္ဆံုးေနတဲ့ပုံစံမ်ိဳး ျမင္ေတြ႕ခဲ့ရပါတယ္။

Photo Credit

Unicode

စိတ်လှုပ်ရှားစရာအကောင်းဆုံးနဲ့အတူ သွင်းဂိုးတွေနဲ့ဖျော်ဖြေနိုင်ခဲ့တဲ့ပွဲ (အာဆင်နယ် ၂-၂ စပါး ပွဲပြီးမြင်ကွင်းကျယ်)

စူပါဆန်းဒေးရဲ့လန်ဒန်မြောက်ပိုင်းဒါဘီပွဲက တကယ့်ကိုအကြိတ်အနယ်ရှိခဲ့ပြီး အာဆင်နယ်က နောက်တန်းအမှားတွေကြောင့် ၂ဂိုးပြတ်ဦးဆောင်ခံခဲ့ရပေမယ့် စိတ်ဓာတ်မကျဘဲ တောက်လျှောက်တိုက်စစ်ဆင်ဖိအားပေးနိုင်ခဲ့လို့ ၂-၂ ဂိုးသရေကစားနိုင်ခဲ့ပါတယ်။ ပွဲက တကယ့်ကိုစိတ်လှုပ်ရှားစရာကောင်းခဲ့ပြီး စပါးဂိုးသမား လိုရစ်ကလည်း ကမ္ဘာ့အဆင့်လက်စွမ်းတွေနဲ့အတူ အာဆင်နယ်အသင်းကို နိုင်ပွဲနဲ့ကင်းဝေးစေခဲ့ပါတယ်။
အာဆင်နယ်ရဲ့ခံစစ်က လူပြောများနေဆဲဖြစ်ပြီး ပေးလိုက်ရတဲ့ ၂ဂိုးစလုံးက တစ်ဦးချင်းအမှားတွေကနေ ပေးလိုက်ရတာပါ။ အဲရစ်ဆင်ရဲ့ဦးဆောင်ဂိုးမှာ အဓိကအပြစ်မကင်းသူက အာဆင်နယ်ဂိုးသမား လီနိုဖြစ်ပြီး လာမယ်လာရဲ့ကန်ချက် ပျော့ပေမယ့် အမိမဖမ်းနိုင်ခဲ့ဘဲ ပြန်ထွက်လာတာကို အသင့်ရှိနေတဲ့အဲရစ်ဆင်က ဂိုးသမားမရှိတော့တဲ့ဂိုးပေါက်ထဲ အသာကန်သွင်းခဲ့တာပါ။
အဲဒီဂိုးမှာ နောက်တစ်ယောက်လည်း အပြစ်မကင်းပါဘူး။ အာဆင်နယ်နောက်ခံလူ ဆိုကရာတစ်ပါ။ ကွင်းတစ်ဝက်လောက်မှာ အမြင့်ဘောကျလာတာကို ကိုယ်က နေရာအသင့်ယူနေရမယ့်အစား ပြိုင်ဘက်နဲ့ လိုက်ခုန်ဖို့ ကြိုးစားခဲ့တာပါ။ ဘယ်သူမှမရှိလို့ ကိုယ်က တက်ထောက်ရတာဆိုရင် နည်းနည်းခံသာသေးပေမယ့် အခုတော့ ရှာခါက ပြိုင်ဘက်နဲ့ ခေါင်းချင်းယှဉ်တိုက်နေပြီးသားပါ။ ဒီလိုဆိုကရာတစ် တက်လာတော့ သူ့နေရာက ပေါက်သွားရာကနေ စပါးရဲ့ဂိုးက Build-up ဖြစ်လာရတာပါ။
ဒုတိယဂိုးကတော့ ဘယ်သူ့အမှားလည်းဆိုတာ သိသာပါတယ်။ အသင်းခေါင်းဆောင် ရှာခါရဲ့ပေါ့ဆလွန်းတဲ့ဖျက်ထုတ်မှုကြောင့် ပေးလိုက်ရတဲ့ပင်နယ်တီကနေ ဟယ်ရီကိန်းက စပါးအတွက် ဒုတိယမြောက်ဦးဆောင်ဂိုးသွင်းသွားတာပါ။ တကယ်ဆို ဆွန်ဟောင်မင် ဘောလုံးပေးလိုက်ချိန်မှာ ကိုယ်က မမီနိုင်တော့မှန်းသိပေမယ့် ခြေထောက်ကို ပြန်မရုတ်ဘဲ ဒီအတိုင်းထားလိုက်တော့ ရှာခါလည်း အဲဒီကိုရီးယားသားကို လျှောထိုးဖျက်လိုက်မိသားဖြစ်သွားပါတယ်။
အာဆင်နယ်ခံစစ်အမှားတွေရှိခဲ့သလို စပါးလည်း ခံစစ်လိုအပ်ချက်ရှိခဲ့တာပါပဲ။ ဒါပေမဲ့ တစ်ခုခံသာတာက အသင်းခေါင်းဆောင်ဂိုးသမား လိုရစ်ကြောင့် အမ်းမရိတ်စ်ကနေ သရေတစ်မှတ်နဲ့အိမ်ပြန်ခဲ့တာလို့တောင် ဆိုနိုင်တယ်။ တော်ရဲရားရဲ့အနီးကပ်ကန်သွင်းချက်၊ ဆီဘယ်လော့စ်ရဲ့အဝေးကန်ချက်တွေ အတော်လေးကောင်းပေမယ့် လိုရစ်ရဲ့ပုတ်ထုတ်ကာကွယ်မှုတွေက အားလုံးကို အံ့အားသင့်စေခဲ့ပါတယ်။
ပြီးတော့ အလွဲတွေလည်းရှိပါသေးတယ်။ အထူးသဖြင့် ကိုလာစီနက်ရဲ့လွဲချော်မှုက အာဆင်နယ်ပရိသတ်တွေကို လုံးဝမချင့်မရဲဖြစ်သွားစေပါတယ်။ ဂိုးပေါက်နဲ့ ဘာမှမဝေးတော့တဲ့အနေအထားမှာ ဂိုးသမားမရှိတော့တဲ့ဂိုးပေါက်ထဲ ပိတ်သွင်းဖို့ ကြိုးစားပေမယ့် ချော်သွားတာက အတော်လေးဆိုးပါတယ်။
လာကာဇက်ရဲ့ချေပဂိုးက သူ့ရဲ့ကြိုးစားအားထုတ်မှုနဲ့ ကစ်ပါဝါတို့ကို အသိအမှတ်ပြုရမှာဖြစ်သလို အူဘာမီယန်းရဲ့ဒုတိယမြောက်ချေပဂိုးကလည်း ပြောစရာရှိပါတယ်။ စပါးကွင်းတစ်ဝက်လောက်ကနေ ဂွမ်ဒိုဇီ အသာခုတ်တင်ပေးလိုက်တာကို အူဘာမီယန်းက ချိန်သားကိုက် ပြေးထွက်ကာ ဂိုးသမားလိုရစ် ဘယ်လိုမှမကာကွယ်နိုင်အောင် အသာလေးလမ်းကြောင်းပြောင်းပေးလိုက်တာပါ။
ဒီလိုဂိုးမျိုးကတော့ ဂိုးသမားတွေ ကာကွယ်နိုင်ဖို့ အတော်လေးခက်ပါတယ်။ လာကာဇက် ဒဏ်ရာရသွားလို့ သူ့နေရာမှာ မစ်ခီတာယန်လူစားဝင်လာတော့ အာဆင်နယ်တိုက်စစ်က ဘယ်တောင်ပံမှာအားနည်းသွားပါတယ်။ မစ်ခီတာယန်ရဲ့ခြေစွမ်းက မယုံနိုင်စရာကောင်းလောက်အောင် ကျသွားပြီး ဒီပွဲမှာလည်း ယုံကြည်မှုပျောက်ဆုံးနေတဲ့ပုံစံမျိုး မြင်တွေ့ခဲ့ရပါတယ်။