

မန်ယူအသင်းကွင်းလယ်လူ ပေါ့ဂ်ဘာဟာလာမယ့်နွေရာသီမှာအသင်းကနေထွက်မယ်လို့ ထင်ကြေးပေးခံထားရပေမယ့် လက်ရှိတိုးတက်မှုရလဒ်ကြောင့် အသင်းနဲ့စာချုပ်သစ်ချုပ်ဖို့ ပြင်ဆင်ထားတယ်လို့ Daily Mail သတင်းစာကြီးကဖော်ပြသွားပါတယ်။
မန်ယူနဲ့စာချုပ်သက်တမ်း ၂ နှစ်နီးပါးကျန်ရှိနေသေးတဲ့ ပေါ့ဂ်ဘာဟာဒဏ်ရာပြဿနာတွေနဲ့အတူ အဆင်မပြေဖြစ်ပြီး ရာသီကုန်ရင်လမ်းခွဲလိမ့်မယ်လို့ သတင်းထွက်နေသူပါ။ သူ့ကိုစပိန်ထိပ်သီးတွေဖြစ်တဲ့ ဘာစီလိုနာနဲ့ ရီးရဲလ်မက်ဒရစ်တို့ကခေါ်ယူဖို့ စိတ်ဝင်စားနေတာပါ။ ရီးရဲလ်နည်းပြ ဇီဒန်းဆိုရင် ပေါ့ဂ်ဘာကိုခေါ်ယူလိုတဲ့ဆန္ဒကို ထုတ်ပြောခဲ့ဘူးပါတယ်။

ဒါပေမယ့်လည်း လက်ရှိမှာဖာနန်ဒက်စ်ကြောင့်မန်ယူရဲ့ကစားပုံတိုးတက်လာမှုနဲ့အတူ ရလဒ်တွေပြန်ကောင်းလာတာကို ပေါ့ဂ်ဘာကကျေနပ်နေပြီး သူနဲ့ဖာနန်ဒက်စ်တို့ကွင်းလယ်မှာအတူတွဲကစားကာ မန်ယူနဲ့အတူခေတ်သစ်တည်ထောင်ဖို့ ရည်မှန်းထားတာကြောင့် ဆက်နေဖို့ဆန္ဒရှိနေတဲ့အပြင် စာချုပ်သစ် လက်မှတ်ထိုးဖို့လည်းပြင်ဆင်ထားတာဖြစ်တယ်လို့ အဲဒီသတင်းစာကြီးက ဆက်လက်ဖော်ပြသွားပါတယ်။

ဒီရာသီကုန်ချိန်မှာ မန်ယူသာ ချန်ပီယံလိဂ်ဝင်ခွင့်ရခဲ့ရင် သူဆက်နေဖို့သေချာတယ်လို့လည်းဆိုပါတယ်။ ဖာနန်ဒက်စ်ရောက်လာပေမယ့်လည်း မန်ယူမှာသူဟာဦးဆောင်သူအခန်ကဏ္ဍ ကနေပါဝင်နိုင်သေးတယ်ဆိုတာကိုပြသဖို့လည်း ပေါ့ဂ်ဘာကရည်ရွယ်ထားပါတယ်။ သူဟာပြီးခဲ့တဲနွေရာသီတုန်းကတော့ မန်ယူနဲ့လမ်းခွဲလိုတဲ့သဘောထားကို လူသိရှင်ကြားပြောခဲ့သေးသူပါ။

လက်ရှိမှာတစ်ပတ်လစာပေါင် ၃၀၀၀၀၀ နီးပါးရနေတဲ့ပေါ့ဂ်ဘာဟာ စာချုပ်သစ်ချုပ်ရင် တစ်ပတ်ကိုပေါင် ၄၀၀၀၀၀ အထိရယူလိုနေသူဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဖာနန်ဒက်စ်ကြောင့် ပေါ့ဂ်ဘာကိုအနာဂတ်အတွက် ဆိုးလ်ရှားကဆက်လက်စဉ်းစားမလားဆိုတာကိုတော့ မသိရသေးဘူးလို့လည်း အဲဒီသတင်းစာကြီးကဖော်ပြသွားခဲ့ပါတယ်။

Zawgyi
စာခ်ဳပ္သစ္ခ်ဳပ္ၿပီး ဖာနန္ဒက္စ္နဲ႔အတူ မန္ယူရဲ႕ေခတ္သစ္တည္ေထာင္လိုေနတဲ႔ေပါ့ဂ္ဘာ
မန္ယူအသင္းကြင္းလယ္လူ ေပါ့ဂ္ဘာဟာလာမယ္႔ေႏြရာသီမွာအသင္းကေနထြက္မယ္လို႔ ထင္ေၾကးေပးခံထားရေပမယ္႔ လက္ရွိတိုးတက္မႈရလဒ္ေၾကာင့္ အသင္းနဲ႔စာခ်ဳပ္သစ္ခ်ဳပ္ဖို႔ ျပင္ဆင္ထားတယ္လို႔ Daily Mail သတင္းစာႀကီးကေဖာ္ျပသြားပါတယ္။
မန္ယူနဲ႔စာခ်ဳပ္သက္တမ္း ၂ ႏွစ္နီးပါးက်န္ရွိေနေသးတဲ႔ ေပါ့ဂ္ဘာဟာဒဏ္ရာျပႆနာေတြနဲ႔အတူ အဆင္မေျပျဖစ္ၿပီး ရာသီကုန္ရင္လမ္းခြဲလိမ့္မယ္လို႔ သတင္းထြက္ေနသူပါ။ သူ႔ကိုစပိန္ထိပ္သီးေတြျဖစ္တဲ႔ ဘာစီလိုနာနဲ႔ ရီးရဲလ္မက္ဒရစ္တို႔ကေခၚယူဖို႔ စိတ္၀င္စားေနတာပါ။ ရီးရဲလ္နည္းျပ ဇီဒန္းဆိုရင္ ေပါ့ဂ္ဘာကိုေခၚယူလိုတဲ႔ဆႏၵကို ထုတ္ေျပာခဲ့ဘူးပါတယ္။
ဒါေပမယ္႔လည္း လက္ရွိမွာဖာနန္ဒက္စ္ေၾကာင့္မန္ယူရဲ႕ကစားပုံတိုးတက္လာမႈနဲ႔အတူ ရလဒ္ေတြျပန္ေကာင္းလာတာကို ေပါ့ဂ္ဘာကေက်နပ္ေနၿပီး သူနဲ႔ဖာနန္ဒက္စ္တို႔ကြင္းလယ္မွာအတူတြဲကစားကာ မန္ယူနဲ႔အတူေခတ္သစ္တည္ေထာင္ဖို႔ ရည္မွန္းထားတာေၾကာင့္ ဆက္ေနဖို႔ဆႏၵရွိေနတဲ႔အျပင္ စာခ်ဳပ္သစ္ လက္မွတ္ထိုးဖို႔လည္းျပင္ဆင္ထားတာျဖစ္တယ္လို႔ အဲဒီသတင္းစာႀကီးက ဆက္လက္ေဖာ္ျပသြားပါတယ္။
ဒီရာသီကုန္ခ်ိန္မွာ မန္ယူသာ ခ်န္ပီယံလိဂ္၀င္ခြင့္ရခဲ့ရင္ သူဆက္ေနဖို႔ေသခ်ာတယ္လို႔လည္းဆိုပါတယ္။ ဖာနန္ဒက္စ္ေရာက္လာေပမယ္႔လည္း မန္ယူမွာသူဟာဦးေဆာင္သူအခန္က႑ ကေနပါ၀င္ႏိုင္ေသးတယ္ဆိုတာကိုျပသဖို႔လည္း ေပါ့ဂ္ဘာကရည္ရြယ္ထားပါတယ္။ သူဟာၿပီးခဲ့တဲေႏြရာသီတုန္းကေတာ႔ မန္ယူနဲ႔လမ္းခြဲလိုတဲ႔သေဘာထားကို လူသိရွင္ၾကားေျပာခဲ့ေသးသူပါ။
လက္ရွိမွာတစ္ပတ္လစာေပါင္ ၃၀၀၀၀၀ နီးပါးရေနတဲ႔ေပါ့ဂ္ဘာဟာ စာခ်ဳပ္သစ္ခ်ဳပ္ရင္ တစ္ပတ္ကိုေပါင္ ၄၀၀၀၀၀ အထိရယူလိုေနသူျဖစ္ပါတယ္။ ဒါေပမယ္႔လည္း ဖာနန္ဒက္စ္ေၾကာင့္ ေပါ့ဂ္ဘာကိုအနာဂတ္အတြက္ ဆိုးလ္ရွားကဆက္လက္စဥ္းစားမလားဆိုတာကိုေတာ႔ မသိရေသးဘူးလုိ႔လည္း အဲဒီသတင္းစာႀကီးကေဖာ္ျပသြားခဲ့ပါတယ္။