စာချုပ်သစ်ချုပ်ဆိုတာနဲ့ ယူနိုက်တက်မှာ အစ်ဂ်ဟာလိုကို ဇန်နဝါရီအထိ ဆက်ကစားခွင့်ပြုဖွယ်ရှိနေတဲ့ ရှန်ဟိုင်းရှင်ဟွာ

Photo Credit

Photo Credit

သတင်းတွေရဲ့ဖော်ပြချက်အရ တရုတ်စူပါလိဂ်ကလပ် ရှန်ဟိုင်းရှင်ဟွာအသင်းဟာ တိုက်စစ်မှူး အစ်ဂ်ဟာလို အသင်းနဲ့ ၂နှစ်စာချုပ်သစ်ချုပ်ဆိုလိုက်တာနဲ့ ယူနိုက်တက်မှာ ဇန်နဝါရီလအထိ ဆက်လက်အငှားချထားဖွယ်ရှိနေတယ်လို့ သိရပါတယ်။

Photo Credit

အစ်ဂ်ဟာလိုဟာ ဇန်နဝါရီလက ၅ လစာချုပ်နဲ့ ယူနိုက်တက်ကို ရောက်လာပြီးနောက် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ယခုရာသီမပြီးဆုံးသေးပေမယ့် သူ့ရဲ့စာချုပ်သက်တမ်းကတော့ တနင်္ဂနွေနေ့မှာ ကုန်ဆုံးတော့မှာဖြစ်ပါတယ်။ သူ့ကို အငှားဆက်ချထားရေးအတွက် ဆွေးနွေးမှုတွေပြုလုပ်နေပေမယ့် စကိုင်းစပို့တ်သတင်းဌာနရဲ့ဖော်ပြချက်အရ မိခင်ကလပ်ဘက်က အဖြေတစ်ခု ရှာတွေ့ထားတယ်လို့ သိရပါတယ်။

Photo Credit

သတင်းတွေရဲ့ဖော်ပြချက်အရ ရှန်ဟိုင်းရှင်ဟွာအသင်းဟာ အစ်ဂ်ဟာလိုကို ယူနိုက်တက်မှာ ဇန်နဝါရီလအထိ ဆက်လက်အငှားချထားလိုပေမယ့် အဲဒါကလည်း အသင်းနဲ့ တစ်ပတ်လုပ်ခ ပေါင် ၄သိန်းတန် ၂၀၂၄ အထိ ရှိမယ့်စာချုပ်သစ်ချုပ်ဆိုမှသာ အဲဒီလိုခွင့်ပြုမှာဖြစ်တယ်လို့ သိရပါတယ်။

Photo Credit

အစ်ဂ်ဟာလိုရဲ့လက်ရှိစာချုပ်သက်တမ်းက ၂၀၂၂ ရောက်မှ ကုန်ဆုံးမှာဖြစ်ပေမယ့် ရှန်ဟိုင်းရှင်ဟွာကတော့ နောက်ထပ် ၂နှစ်သက်တမ်းတိုးချင်နေတာဖြစ်ပါတယ်။ အစ်ဂ်ဟာလိုဟာ ယူနိုက်တက်အတွက် ဦးစားပေးကစားသမားအဖြစ် ၃ပွဲ၊ အရန်အဖြစ် ၅ပွဲသာကစားခွင့်ရရှိထားပေမယ့် ၄ဂိုးသွင်းယူကာ ခြေစွမ်းပြနိုင်ခဲ့ပါတယ်။

Photo Credit

တရုတ်နိုင်ငံမှာလည်း ခရီးသွားကန့်သတ်မှုတွေရှိနေလု့ိ အစ်ဂ်ဟာလိုအနေနဲ့ အောက်တိုဘာလအထိ အင်္ဂလန်ကနေ တရုတ်ကို ပြန်လို့မရနိုင်ဘူးလို့ သတင်းတွေထွက်ပေါ်နေပြီး တရုတ်စူပါလိဂ်ရာသီသစ်က ဇွန်လအတွင်း ပြန်လည်စတင်တော့မှာဖြစ်ပေမယ့် တရုတ်စူပါလိဂ်ကစားသမားအများစုက ပြည်ပရောက်နေပါတယ်။

Photo Credit

ရှန်ဟိုင်းရှင်ဟွာကလည်း လက်ရှိအခြေအနေကြောင့် ရာသီသစ်အတွက် အစ်ဂ်ဟာလိုရဲ့နေရာမှာ ရေတိုအစားထိုးမှုပြုလုပ်ဖွယ်ရှိနေပြီး ဒီလိုဆိုရင် ယူနိုက်တက်အတွက်လည်း သတင်းကောင်းဖြစ်လာနိုင်ပါတယ်။

Photo Credit

Zawgyi

စာခ်ဳပ္သစ္ခ်ဳပ္ဆိုတာနဲ႔ ယူႏိုက္တက္မွာ အစ္ဂ္ဟာလုိကို ဇန္န၀ါရီအထိ ဆက္ကစားခြင့္ျပဳဖြယ္ရွိေနတဲ့ ရွန္ဟုိင္းရွင္ဟြာ

သတင္းေတြရဲဲ႕ေဖာ္ျပခ်က္အရ တ႐ုတ္စူပါလိဂ္ကလပ္ ရွန္ဟိုင္းရွင္ဟြာအသင္းဟာ တုိက္စစ္မွဴး အစ္ဂ္ဟာလုိ အသင္းနဲ႔ ၂ႏွစ္စာခ်ဳပ္သစ္ခ်ဳပ္ဆိုလုိက္တာနဲ႔ ယူႏုိက္တက္မွာ ဇန္န၀ါရီလအထိ ဆက္လက္အငွားခ်ထားဖြယ္ရွိေနတယ္လုိ႔ သိရပါတယ္။
အစ္ဂ္ဟာလုိဟာ ဇန္န၀ါရီလက ၅ လစာခ်ဳပ္နဲ႔ ယူႏုိက္တက္ကို ေရာက္လာၿပီးေနာက္ ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ယခုရာသီမၿပီးဆုံးေသးေပမယ့္ သူ႕ရဲ႕စာခ်ဳပ္သက္တမ္းကေတာ့ တနဂၤေႏြေန႔မွာ ကုန္ဆုံးေတာ့မွာျဖစ္ပါတယ္။ သူ႕ကို အငွားဆက္ခ်ထားေရးအတြက္ ေဆြးေႏြးမႈေတြျပဳလုပ္ေနေပမယ့္ စကိုင္းစပုိ႔တ္သတင္းဌာနရဲ႕ေဖာ္ျပခ်က္အရ မိခင္ကလပ္ဘက္က အေျဖတစ္ခု ရွာေတြ႕ထားတယ္လုိ႔ သိရပါတယ္။
သတင္းေတြရဲ႕ေဖာ္ျပခ်က္အရ ရွန္ဟိုင္းရွင္ဟြာအသင္းဟာ အစ္ဂ္ဟာလုိကုိ ယူႏုိက္တက္မွာ ဇန္န၀ါရီလအထိ ဆက္လက္အငွားခ်ထားလုိေပမယ့္ အဲဒါကလည္း အသင္းနဲ႔ တစ္ပတ္လုပ္ခ ေပါင္ ၄သိန္းတန္ ၂၀၂၄ အထိ ရွိမယ့္စာခ်ဳပ္သစ္ခ်ဳပ္ဆုိမွသာ အဲဒီလုိခြင့္ျပဳမွာျဖစ္တယ္လုိ႔ သိရပါတယ္။
အစ္ဂ္ဟာလုိရဲ႕လက္ရွိစာခ်ဳပ္သက္တမ္းက ၂၀၂၂ ေရာက္မွ ကုန္ဆုံးမွာျဖစ္ေပမယ့္ ရွန္ဟုိင္းရွင္ဟြာကေတာ့ ေနာက္ထပ္ ၂ႏွစ္သက္တမ္းတုိးခ်င္ေနတာျဖစ္ပါတယ္။ အစ္ဂ္ဟာလုိဟာ ယူႏုိက္တက္အတြက္ ဦးစားေပးကစားသမားအျဖစ္ ၃ပဲြ၊ အရန္အျဖစ္ ၅ပဲြသာကစားခြင့္ရရွိထားေပမယ့္ ၄ဂိုးသြင္းယူကာ ေျခစြမ္းျပႏိုင္ခဲ့ပါတယ္။
တ႐ုတ္ႏိုင္ငံမွာလည္း ခရီးသြားကန္႔သတ္မႈေတြရွိေနလု႔ိ အစ္ဂ္ဟာလုိအေနနဲ႔ ေအာက္တုိဘာလအထိ အဂၤလန္ကေန တ႐ုတ္ကို ျပန္လုိ႔မရႏိုင္ဘူးလုိ႔ သတင္းေတြထြက္ေပၚေနၿပီး တ႐ုတ္စူပါလိဂ္ရာသီသစ္က ဇြန္လအတြင္း ျပန္လည္စတင္ေတာ့မွာျဖစ္ေပမယ့္ တ႐ုတ္စူပါလိဂ္ကစားသမားအမ်ားစုက ျပည္ပေရာက္ေနပါတယ္။
ရွန္ဟိုင္းရွင္ဟြာကလည္း လက္ရွိအေျခအေနေၾကာင့္ ရာသီသစ္အတြက္ အစ္ဂ္ဟာလုိရဲ႕ေနရာမွာ ေရတုိအစားထိုးမႈျပဳလုပ္ဖြယ္ရွိေနၿပီး ဒီလုိဆုိရင္ ယူႏိုက္တက္အတြက္လည္း သတင္းေကာင္းျဖစ္လာႏိုင္ပါတယ္။