စာချုပ်သက်တမ်း မတိုးချင်တဲ့ ဘတ်ပီ ရောင်းထုတ်ခံရတော့မယ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

အသင်းကြီးတွေက ခေါ်ယူဖို့ ပစ်မှတ်ထားနေတဲ့ ပီအက်စ်ဂျီ အသင်းတိုက်စစ်မှူး ဘတ်ပီ က‌တော့ အသင်းနဲ့ သက်တမ်းတိုးစာချုပ်ချုပ်ဆိုဖို့ အစီအစဉ်မရှိတော့ဘူးလို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

ဘတ်ပီဟာ အသင်းမှာ စာချုပ် တစ်နှစ်သက်တမ်းသာ ကျန်ရှိနေတော့ပေမယ့် အသင်းနဲ့ သက်တမ်းတိုးဖို့ကို ပယ်ချထားခဲ့ပြီး စာချုပ်သက်တမ်း ကုန်ဆုံးချိန်မှသာ အသင်းကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ပဲ ထွက်ခွာသွားဖို့ ဆန္ဒရှိနေတာကြောင့်

အသင်းဘက်ကနေ ဘတ်ပီလို ကစားသမားမျိုးကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ လက်မလွတ်နိုင်တဲ့အတွက် အခု နွေဈေးကွက်အတွင်းမှာပဲ မဖြစ်မနေ ရောင်းချသွားဖွယ် ရှိနေပါတယ်။

ပီအက်စ်ဂျီ အသင်း ဥက္ကဌ အယ်လ်ခီလိုင်ဖီ ကတော့ ဘတ်ပီ ဟာ အသင်းက ထွက်ခွာမှာမဟုတ်ဘူးလို့ အကြိမ်ကြိမ်ပြောဆိုထားတာဖြစ်ပါတယ်။

ဒါပေမယ့် ဘတ်ပီ ဟာ ပီအက်စ်ဂျီ အသင်းရဲ့အဖွဲ့အစည်းဝင်တွေကို အသင်းက ထွက်ခွာမယ့်ရည်ရွယ်ချက်ကို အသိပေးခဲ့တယ်လို့ သိရပါတယ်။

အသက်(၂၂)နှစ်အရွယ်ရှိ ပြင်သစ်လက်ရွေးစင် တိုက်စစ်ကစားသမား ဘတ်ပီဟာ ၂၀၁၇-၂၀၁၈ ဘောလုံးရာသီမှာပဲ မိုနာကိုအသင်းကနေ ပီအက်စ်ဂျီအသင်းဆီ အငှားနဲ့ ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။

အငှားစာချုပ်အပြီးမှာတော့ ပြောင်းရွှေ့ကြေး ယူရို(၁၄၅)သန်း+အပိုဆုကြေး ယူရို(၃၅)သန်း (၅)နှစ်စာချုပ်နဲ့ ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။

ဘတ်ပီဟာ ပီအက်စ်ဂျီအသင်းနဲ့ ပြင်သစ်ပြည်တွင်းဆုဖလားအားလုံးကို ရယူနိုင်ခဲ့ပြီး ချန်ပီယံလိဂ်ပြိုင်ပွဲမှာလည်း ဒုတိယနေရာကို ရယူနိုင်ခဲ့သလို ပြင်သစ်အသင်းနဲ့လည်း ၂၀၁၈ခုနှစ် ကမ္ဘာ့ဖလားချန်ပီယံဆုကိုပါ ပိုင်ဆိုင်နိုင်ခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် ဘတ်ပီဟာ လီဂူးဂိုးသွင်းအများဆုံးဆု လီဂူးအကောင်းဆုံးဆုတို့လို တစ်ဦးချင်းအောင်မြင်မှုတွေကိုပါ ရယူနိုင်ခဲ့ပါသေးတယ်။

ဘတ်ပီ ကို ခေါ်ယူဖို့အတွက် လီဗာပူး နဲ့ ရီးရဲလ် အသင်းတို့က စိတ်ဝင် စားနေကြတာဖြစ်ပါတယ်။

ဘတ်ပီကတော့ သူငယ်စဉ်ကတည်းက အားပေးလာခဲ့ရတဲ့ ရီးရဲလ်မက်ဒရစ်အသင်းဆီကိုပဲ ပြောင်းရွှေ့ချင်နေပြီး သူနဲ့တစ်နိုင်ငံတည်းသား ကာရန်ဘန်ဇီမာနဲ့ တွဲဖက်ကစားချင်နေတယ်လို့ သိရှိရပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

စာခ်ဳပ္သက္တမ္း မတိုးခ်င္တဲ့ ဘတ္ပီ ေရာင္းထုတ္ခံရေတာ့မယ္

အသင္းႀကီးေတြက ေခၚယူဖို႔ ပစ္မွတ္ထားေနတဲ့ ပီအက္စ္ဂ်ီ အသင္းတိုက္စစ္မႉး ဘတ္ပီ က‌ေတာ့ အသင္းနဲ႔ သက္တမ္းတိုးစာခ်ဳပ္ခ်ဳပ္ဆိုဖို႔ အစီအစဥ္မရွိေတာ့ဘူးလို႔ သတင္းေတြမွာ ေဖာ္ျပထားပါတယ္။

ဘတ္ပီဟာ အသင္းမွာ စာခ်ဳပ္ တစ္ႏွစ္သက္တမ္းသာ က်န္ရွိေနေတာ့ေပမယ့္ အသင္းနဲ႔ သက္တမ္းတိုးဖို႔ကို ပယ္ခ်ထားခဲ့ၿပီး စာခ်ဳပ္သက္တမ္း ကုန္ဆုံးခ်ိန္မွသာ အသင္းကေန အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ပဲ ထြက္ခြာသြားဖို႔ ဆႏၵရွိေနတာေၾကာင့္ အသင္းဘက္ကေန ဘတ္ပီလို ကစားသမားမ်ိဳးကို အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ လက္မလြတ္ႏိုင္တဲ့အတြက္ အခု ေႏြေဈးကြက္အတြင္းမွာပဲ မျဖစ္မေန ေရာင္းခ်သြားဖြယ္ ရွိေနပါတယ္။

ပီအက္စ္ဂ်ီ အသင္း ဥကၠဌ အယ္လ္ခီလိုင္ဖီ ကေတာ့ ဘတ္ပီ ဟာ အသင္းက ထြက္ခြာမွာမဟုတ္ဘူးလို႔ အႀကိမ္ႀကိမ္ေျပာဆိုထားတာျဖစ္ပါတယ္။ဒါေပမယ့္ ဘတ္ပီ ဟာ ပီအက္စ္ဂ်ီ အသင္းရဲ႕အဖြဲ႕အစည္းဝင္ေတြကို အသင္းက ထြက္ခြာမယ့္ရည္႐ြယ္ခ်က္ကို အသိေပးခဲ့တယ္လို႔ သိရပါတယ္။

အသက္(၂၂)ႏွစ္အ႐ြယ္ရွိ ျပင္သစ္လက္ေ႐ြးစင္ တိုက္စစ္ကစားသမား ဘတ္ပီဟာ ၂၀၁၇-၂၀၁၈ ေဘာလုံးရာသီမွာပဲ မိုနာကိုအသင္းကေန ပီအက္စ္ဂ်ီအသင္းဆီ အငွားနဲ႔ ေရာက္ရွိလာခဲ့တာျဖစ္ပါတယ္။

အငွားစာခ်ဳပ္အၿပီးမွာေတာ့ ေျပာင္းေ႐ႊ႕ေၾကး ယူ႐ို(၁၄၅)သန္း+အပိုဆုေၾကး ယူ႐ို(၃၅)သန္း (၅)ႏွစ္စာခ်ဳပ္နဲ႔ ေရာက္ရွိလာခဲ့တာျဖစ္ပါတယ္။ ဘတ္ပီဟာ ပီအက္စ္ဂ်ီအသင္းနဲ႔ ျပင္သစ္ျပည္တြင္းဆုဖလားအားလုံးကို ရယူႏိုင္ခဲ့ၿပီး ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာလည္း ဒုတိယေနရာကို ရယူႏိုင္ခဲ့သလို ျပင္သစ္အသင္းနဲ႔လည္း ၂၀၁၈ခုႏွစ္ ကမာၻ႔ဖလားခ်န္ပီယံဆုကိုပါ ပိုင္ဆိုင္ႏိုင္ခဲ့တာျဖစ္ပါတယ္။

ဒါ့အျပင္ ဘတ္ပီဟာ လီဂူးဂိုးသြင္းအမ်ားဆုံးဆု လီဂူးအေကာင္းဆုံးဆုတို႔လို တစ္ဦးခ်င္းေအာင္ျမင္မႈေတြကိုပါ ရယူႏိုင္ခဲ့ပါေသးတယ္။ ဘတ္ပီ ကို ေခၚယူဖို႔အတြက္ လီဗာပူး နဲ႔ ရီးရဲလ္ အသင္းတို႔က စိတ္ဝင္ စားေနၾကတာျဖစ္ပါတယ္။ဘတ္ပီက​ေတာ့ သူငယ္စဥ္ကတည္းက အားေပးလာခဲ့ရတဲ့ ရီးရဲလ္မက္ဒရစ္အသင္းဆီကိုပဲ ေျပာင္းေ႐ႊ႕ခ်င္ေနၿပီး သူနဲ႔တစ္ႏိုင္ငံတည္းသား ကာရန္ဘန္ဇီမာနဲ႔ တြဲဖက္ကစားခ်င္ေနတယ္လို႔ သိရွိရပါတယ္။